ဒီအိုင်တီပီသည် မဒရစ်မြို့တော်ရှိ ထိုင်းသံရုံးနှင့်အတူပူးတွဲလျက် ဘာစီလိုနာမြို့ရှိ ဂျယ်ရိုနာရုပ်ရှင်ရုံ(Cinemes Gerona)၌ နိုဝင်ဘာ 11 မှ 15 အထိ ကျင်းပသည့် ကာဆာအာရှရုပ်ရှင်အပတ်စဉ်ပွဲတော်(CAFW)တွင်  မှိန်ပျောက်သွားတဲ့အမှတ်(The Vanishing Point) နှင့် အပြာရောင်အချိန်နာရီ(he Blue Hour) ဆိုသည့် ထိုင်းရုပ်ရှင်ဇာတ်လမ်းနှစ်ကားကို ရုံတင်သွားရန် ရှိပါသည်။ ဤလှုပ်ရှားဆောင်ရွက်မှု ရည်ရွယ်ချက်မှာ ကမ္ဘာ့ရုပ်ရှင်ဈေးကွက်၌ ထိုင်းရုပ်ရှင်ကားများနှင့် ထိုင်းရုပ်ရှင်လုပ်ငန်း၏အလားအလာကြီးမားမှုကို မီးမောင်းထိုးပြသ သွားနိုင်ရန်အတွက် ဖြစ်ပါသည်။

 “ထိုင်းရုပ်ရှင်ကားများဟာ ဒီမှာရှိတဲ့လူတွေထံမှ အပေါင်းလက္ခဏာဆောင်တဲ့စိတ်အာရုံဝင်စားမှုကို ဖမ်းစားယူနိုင်ခဲ့ပါတယ်”လို့ မဒရစ်မြို့တော် ထိုင်းကုန်သွယ်မှုစင်တာမှ ဒါရိုက်တာဖြစ်သူ ဦးပရာခန် ကော်ဒမ်ရွန်မှ ပြောပါတယ်။

ဒီအိုင်တီပီသည် ထိုင်းရုပ်ရှင်လုပ်ငန်းများအား ဇာတ်လမ်းကျောရိုး၊ နိုင်ငံတကာ၌ ရုပ်ရှင်ရိုက်ကူးရေးနှင့် ပူးတွဲထုတ်လုပ်ရေးတို့အပြင် မူပိုင်ခွင့်အလုပ်ပစ္စည်းများဆိုင်ရာအပိုင်းတို့၌ ဆက်လက်အားပေးထောက်ပံ့မှု ပြုသွားပါမည်။

 

 

368738