ဒုဝန်ကြီးချုပ် စွမ်းကိဒ် ကျတုစရီးဖိထပ်၏ နိုဝင်ဘာလ 25 မှ 28 ရက်အထိ ဂျပန်နိုင်ငံသို့ အစိုးရတရားဝင်အလည်အပတ်ခရီးစဉ်အတွင်း လိုက်ပါသွားသော ထိုင်းအသေးစားနှင့်အလတ်စားလုပ်ငန်းရှင် 40 ဦးပါဝင်သောကိုယ်စားလှယ်အဖွဲ့သည် ဆိုင်ရာ၎င်းတို့၏ဂျပန်မိတ်ဖက် ပါတနာများနှင့်အတူ လုပ်ငန်းစည်းဝေးပွဲသို့ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

”စည်းဝေးပွဲဟာ ထိုင်းအသေးစားနှင့်အလတ်စားလုပ်ငန်းစီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ဆိုင်ရာဂျပန်မိတ်ဖက်ပါတနာ 108 ဦး နှင့်တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အလမ်းကို ဖွင့်ပေးခဲ့ပါတယ်”လို့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းမြှင့်တင်ရေးရုံး(OSMEP) ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်စားလိနီ ၀မ်တန်မှ ပြောကြားပါတယ်။ “ဒါ့အပြင် သူတို့ဟာ ဂျပန်ဈေးကွက်နှင့် ဂျပန်သုံးစွဲသူများမှ ရှာဖွေသုံစွဲ လိုတဲ့ ကုန်ပစ္စည်းများအကြောင်းကိုလည်း ပိုပြီး သိရှိလေ့လာနိုင်ခဲ့ပါတယ်။”

ဒေါ်ဝမ်တန်ရဲ့အဆိုအရ - ဂျပန်စီးပွားရေးလုပ်ငန်းများမှ ရေသန့်စင်မှုပေးစက်အလုံး 40 ကို အော်ဒါမှာကြားဝယ်ယူထားပြီး၊ 2017 ခုနှစ် အတွင်းမှာ အော်ဒါ 200 ထပ်မံပြီးတော့ မှာကြားသွားဖို့ရှိပါတယ်။ ဂျပန်အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်တွေဟာ ထိုင်းလုပ်ငန်းရှင် တွေနှင့်တွဲပြီး အခွင့်အလမ်းတွေ ဖော်ထုတ်နိုင်ဖို့အတွက် 2016 ခုနှစ် နှစ်ဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ရှိတယ်လို့ - သူမက ဆက်လက်ပြီးတော့ ပြောပြပါတယ်။

 

 

368745