ရောမမြို့တော်ရှိ ထိုင်းကုန်သွယ်မှုဗဟိုဌာနသည် အီတလီ၏ အကြီးမားဆုံးစူပါမားကက်ကွင်းဆက်လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ကိုနတ်ဒ် (Consorzio Nazionale Dettaglianti)နှင့်အတူပူးတွဲလျက် ထိုင်းစားကုန်များအတွက် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်  2015 ခုနှစ်မေလထဲ၌ ကိုနတ်ဒ်ရှိထိုင်းစားဖွယ်အရသာများ(Taste of Thailand) ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲတော်အတွင်း လူအများကြိုက်နှစ်သက်မှု အများဆုံးရရှိသည့်ကုန်ပစ္စည်းများတွင် ဆန်၊ ဘီယာနှင့် အေးခဲစားကုန်ပစ္စည်းတို့ ပါဝင်ပါသည်။

 “ထိုင်းစားကုန်ပစ္စည်းအရောင်းမြှင့်တင်ရာ၌ ဥရောပစူပါမားကက်အကြီးစားများနှင့်အတူတူ ပူးတွဲဆောင်ရွက်ခြင်း၏ အရေးပါမှုကို ဒီအိုင်တီပီသည် သိမြင်အလေးထားပါကြောင်းနှင့် အနာဂတ်တွင် ဌာနမှ ကိုနတ်ဒ်စူပါမားကက်နှင့် ထပ်မံ၍လက်တွဲလုပ်ဆောင်သွားရန် စီစဉ်ထားပါကြောင်း” ဒီအိုင်တီပီညွှန်ချုပ်ဖြစ်သူ ဒေါ်မာလီ ချို့ခ်လမ့်လို့ဒ်မှ ဒီဇင်ဘာ 15 ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီကနှစ်ပထမဆယ်လတာကာလတွင်းမှာ ထိုင်းနှင့်အီတလီကြား အပြန်အလှန်ကုန်သွယ်မှုပမာဏဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ 2.7 ဘီလီယံအထိ ရောက်ရှိသွားပါပြီ။ အီတလီနိုင်ငံကနေ ထိုင်းကို မှာကြားတင်သွင်းမှုကတော့ အမေရိကန်ဒေါ်လာ 1.5 ဘီလီယံ တန်ဖိုးရှိပြီး၊ အီတလီကို တင်ပို့မှုကတော့ အမေရိကန်ဒေါ်လာ 1.1 ဘီလီယံ ရှိသွားပါပြီ။ ထိပ်တန်းတင်ပို့ကုန်ပစ္စည်းတွေကတော့ မော်တော်ကားအစိတ်အပိုင်းများ၊ လေအေးပေးစက်များ၊ အေးခဲအစားအစာ၊ လက်ဝတ်ရတနာနှင့် အသုံးအဆောင်ပစ္စည်းတို့ ဖြစ်ပါတယ်။

 

 

368668