ဒီဇင်ဘာလအတွင်း အဆင့်မြင့်ဂျပန်စီးပွားရေးလုပ်ငန်းရှင်နှစ်ယောက် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန ခေါ် ဒီအိုင်တီပီ(DITP)ညွှန်ချုပ်ဖြစ်သူ ဒေါ်မာလီ ချို့ခ်လမ့်လို့ဒ်မှ ပြောပါတယ်။
ဘရော့ဒ်ဘင်တာဝါကုမ္ပဏီလီမိတက်၏ ဒုက္ကဌဖြစ်သူ ဟီရိုကီ အိုဝါဒ နှင့် ဘရော့ဒ်ဘင်ဖက်ရှင် ခေါ် ဘီဘီအက်ဖ်(BBF)ကုမ္ပဏီလီမိတက် ဥက္ကဌဖြစ်သူ ဂျူန် တာမူရတို့သည် ပီအက်စ်ဘီ(PSB)ကုမ္ပဏီလီမိတက်မှကိုယ်စားလှယ်များနှင့်အတူ ကုန်သွယ်မှုအခွင့်အလမ်းနှင့် အီး-ကောမာ့စ်လုပ်ငန်းတို့၌ ပူးပေါင်းဆောင်ရွက်နိုင်မှုအလားအလာများကို ဆွေးနွေးရန်အတွက် ဒီဇင်ဘာလ 4 ရက်နေ့မှ 6 ရက်နေ့အထိ တွေ့ဆုံခဲ့ကြပါတယ်။  
r.
ဘရော့ဒ်ဘင်ဖက်ရှင်ကုမ္ပဏီလီမိတက်မှ ထိုင်းအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(SME)တို့၏ ထုတ်ကုန်ပစ္စည်းများကို ဂျပန်နိုင်ငံတွင်းသို့ အီး-ကောမာ့စ်လမ်းကြောင်းများမှတစ်ဆင့် ဖြန့်ဖြူးရောင်းချသွားရန် သဘောတူလိုက်ပါသည်။ အောင်မြင်မှုရရန် အလားအလာ မြင့်မားသည့် ကုန်ပစ္စည်းများမှာ ထိုင်းဖြစ်ချည်မျှင်များမှရက်လုပ်သည့်အ၀တ်အထည်များ၊ သဘာဝဆေးဖက်ဝင်ဆပ်ပြာ၊ ငွေအထည်လက်ဝတ်ရတနာ၊ လက်မှုပညာပစ္စည်းများ၊ အိမ်သုံးပရိဘောဂအလှဆင်ပစ္စည်းများ၊ စားကုန်အခြောက်များနှင့် ဟင်းခတ် အမွှေးအကြိုင်တို့ ဖြစ်သည်။ ဂျပန်ပြည်တွင်း၌ အီးကောမာ့စ်မှတစ်ဆင့် ရောင်းချသည့် ထိုင်းကုန်ပစ္စည်းများသည် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ(US$) သန်း 40 တန်ဖိုးအထိရှိနိုင်မည်ဟု ဘီဘီအက်ဖ်မှ ယုံကြည်လျက် ရှိပါသည်။

 

 

368724