DITP ၏ အထွေထွေမန်နေဂျာ Malee Choklumlerd မှ ငှာနသည် ဂျပန်နိုင်ငံ၏ The Overseas Human Resources and Industry Development Association (HIDA) နှင့် Japan Fashion Week (JFW) တို့  နှင့် အတူ ပူးပေါင်း၍ ထိုင်းစီးပွားရေးသမားများကို ဂျပန်နိုင်ငံတွင် ဖက်ရှင်လုပ်ငန်းနှင့်ပတ်သက်သည့် စီးပွား ရေးလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့  တက်ရောက်နိုင် ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲကြောင်း 2015 ခုနှစ် အောက်တိုဘာလအတွင်းကပြောကြားခဲ့ပါသည်။

ထိုင်းစီးပွားရေးသမားများသည် အလုပ်ရုံဆွေးနွေးပွဲရှိ ကျွမ်းကျင်သူများထံမှ ဖက်ရှင်၊ ဒီဇိုင်းနှင့် ဈေးကွက် ရေစီးကြောင်းဆိုင်ရာ ဗဟုသုတပညာရပ်များကို လေ့လာသိရှိခွင့်ရခဲ့ကြသည်။

“ဂျပန်လူမျိုး ကာစတန်မာများအနေနဲ့ ကျွန်ုပ်တို့ ရဲ့ ဒီဇိုင်းအပေါ် အလွန်တရာစိတ်ဝင်စားပေမဲ့၊ ထိုင်း ကုမ္ပဏီ တွေအနေနဲ့ က အရမ်းကို ပြိုင်ဘက်ကင်းပြီး တိကျသေသပ်တဲ့ ကာစတန်မာတွေရဲ့  လိုအပ်ချက်ကို ဖြည့် ဆည်း ပေးဖို့ အတွက် ပစ္စည်း အရည်အသွေး နဲ့  ဒီဇိုင်းပိုင်းမှာ ပိုပြီးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် ရဦးမှာဖြစ်ပါတယ်” ဟု Choklumlerd မှပြောဆိုပါသည်။

ယခုနှစ် ပထမကိုးလအတွင်းတွင်၊ ထိုင်းနိုင်ငံသည် အထည်အလိပ်တင်ပို့ ရောင်းချရငွေ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 1.9 ဘီလီယံ အားရရှိခဲ့သည်။ အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်ဂျီယံ၊ ယူကေ နှင့် ဟောင်ကောင်နိုင်ငံများသည် အဓိက အိတ်စ်ပို့ လုပ်ငန်း အဓိကဈေးကွက်များဖြစ်ကြသည်။ အိတ်စ်ပို့  လုပ်ငန်း ၏ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သည့် ဂျပန်နိုင်ငံ တစ်နိုင်ငံတည်းမှ အမေရိကန်ဒေါ်လာငွေ သန်းပေါင်း 290 အားရရှိထားသည်။

ပိုမိုသိရှိလိုပါက http://www.ditp.go.th အား ဖတ်ရှုလေ့လာပါ။

 

 

 

368724