ကုန်သွယ်ရေးဝန်ကြီးငှာန (MOC) ၏ International Trade Promotion and the Business Development ငှာနမှ စီးပွားရေးလုပ်ငန်းသေးလေးများ နှင့် အလယ်အလတ် စီးပွားရေးလုပ်ငန်းများ (SMEs) အွန်လိုင်းကုန်သွယ်ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် စမတ်အွန်လိုင်း SMEs (SOS) အမည်ရသည့် စီမံကိန်းကြီးအား နိုဝင်ဘာလတွင် စတင်ဆောင်ရွက်နိုင်ခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီး ApiradeeTuntraporn မှ “ကုန်သွယ်ရေးဝန်ကြီးငှာနအနေနဲ့ ကတော့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) လေးတွေ ဖွံ့ ဖြိုးတိုးတက်ရေးအတွက်၊ ကမ္ဘာ့ ဈေးကွက်အလယ်မှာ ယှဉ်ပြိုင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကူညီဆောင်ရွက် ပေးနေပါတယ်။ သူတို့ [SMEs] တွေကိုလည်း အွန်လိုင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်ဖို့ အတွက် တိုက်တွန်းအားပေးနေပါတယ်” ဟု 2015 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်နေ့ တွင်ပြောကြားခဲ့သည်။

Tuntraporn ၏ပြောကြားချက်အရ၊ 3,000 SMEs စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းကုန်သွယ်မှု ကဏ္ဍကို အသုံးပြုရန်အတွက် တိုက်တွန်အားပေးသွားမည်ဖြစ်ပြီး၊ ၄င်းတို့ မှ စီးပွားရေးလုပ်ငန်း 1,000 သည် ပို့ ကုန်တင်ပို့ နိုင်မည့် အလားအလာကောင်းများရှိနေကြောင်း သိရှိရပါသည်။
 

ပိုမိုသိရှိလိုပါက http://www.ditp.go.th နှင့် http://www.dbd.go.th အား ဖတ်ရှုလေ့လာနိုင်ပါသည်။

 

 

368916