ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တော်တွင် 2015 ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နေ့ က ပြုလုပ်ကျင်းပခဲ့သည့် အာရှ-ပစိဖိတ် ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ညီလာခံ  (Asia-Pacific Economic Cooperation (APEC) Summit) တွင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအား
ပိုမိုအားကောင်းခိုင်မာလာစေမည့် ဆောင်ရွက်မှုများလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန ၀န်ကြီး Apiradi Tantraporn မှ ဂျပန် စီးပွားရေး၊ ကုန်သွယ်ရေး နှင့် စက်မှု လုပ်ငန်းဆိုင်ရာ ၀န်ကြီး Motoo Hayashi နှင့် ဂျပန်-ထိုင်းံ စီးပွားရေးဆိုင်ရာ မိတ်ဖက် သဘောတူညီမှု (Japan-Thailand Economic Partnership Agreement (JTEPA)) ဆိုင်ရာ အကြောင်းအရာများနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို ဆွေးနွေးရန် တွေ့ ဆုံခဲ့ကြသည်။

နှစ်ဦးနှစ်ဖက်မှ အပြန်အလှန် ကူးသန်းရောင်းဝယ်ရေးကဏ္ဍကို တိုးမြှင့်ရန် နှင့် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ လမ်းကြောင်းများကို ထပ်မံအကောင်အထည်ဖော်ဆောင်ရန် သဘောတူညီခဲ့ကြပါသည်။ ၄င်းပြင်၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍအပေါ် ပိုမိုစိတ်ဝင်စားမှုရှိလာစေရန်အတွက် ပုဂ္ဂလိက အခန်းကဏ္ဍ နှင့် သတင်းအချက် အလက်များကို ဖလှယ်ရန်အတွက် သဘောတူညီခဲ့ကြပါသည်။

 

 

 

386924