ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီး မြှပ်နှံမှုအတွက် မည်သည့် အခက်အခဲအတားအဆီးများကို မဆို ကူညီ ဖြေရှင်းအတွက် ကုန်သွယ်ရေးဝန်ကြီးငှာန (MOC) မှ စူးစမ်းလေ့လာရေးအဖွဲ့ များကို အထူးစီးပွားရေး ဇုံအားလုံးသို့ စေလွှတ်ခဲ့ကြောင်း နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးငှာန၏ လက်ထောက် အထွေထွေ ဒါရိုက်တာ Adul Chotinisakorn မှ 2015 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်နေ့ တွင်ပြောဆိုပါသည်။

Chotinisakorn ၏ပြောကြားချက်အရ၊ MOC သည် မကြာမီကာလအတွင်း နိုင်ငံခြားသံတမန်များ၊ နိုင်ငံခြား ကုန်သည်ကြီးများအသင်းများနှင့် ထိုင်းနိုင်ငံတွင် တွေ့ ဆုံ၍ အထူးစီးပွားရေးဇုံများတွင် စီးပွားရေးလုပ်ငန်း များ တည်ထောင်လုပ်ကိုင်လိုသော နိုင်ငံရပ်ခြားမှ ရင်းနှီးမြှပ်နှံသူများအတွက် ကုန်သွယ်မှု အခွင့် အလမ်း များ နှင့် အကျိုးစီးပွားများ အကြောင်းကို ဆွေးနွေးကြမည်ဖြစ်ပါသည်။

အစိုးရမှ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှပ်နှံမှုအတွက် အလားအလာ အကောင်းမွန်ဆုံးဖြစ်သည့် Songkhla၊ Tak နှင့် Sa Kaeo ခရိုင်ဒေသများအပါအ၀င် နိုင်ငံအနှံရှိ နယ်စပ်ဒေသ 10 ခရိုင်အား အထူးစီးပွားရေး ဇုံ များအဖြစ် သတ်မှတ်ကြေငြာခဲ့သည်။ ယခုနှစ်အတွက် နယ်စပ်ကုန်သွယ်မှု တန်ဖိုးမှာ ခန့် မှန်းခြေအားဖြင့် ထိုင်းဘတ်ငွေ ထြီလျံပေါင်း 1.5 ထြီလျံ ဖြစ်ပါသည်။

 

 

 

368889