ဈေးကွက်သစ် လေးနေရာအတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များရှာဖွေနေသည့် ထိုင်းစီးပွားရေး လုပ်ငန်း များအတွက် ရင်းနှီးမြှုပ်မှုဆိုင်ရာဘုတ်အဖွဲ့ (The Board of Investment (BOI)) မှ “နိုင်ဂျီးရီးယား၊ ကာဂျစ်စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် ပါကစ္စတန် နိုင်ငံများတွင် ထိုင်း နိုင်ငံမှ ရင်းနှီးမြှုပ်မှု ပြုနိုင်မည့် အခွင့် အလမ်းများ” ဆိုင်ရာညီလာခံအား အောက်တိုဘာလ ၁၂ ရက်နေ့ တွင် ပြုလုပ်ကျင်းပ ပေးခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘုတ်အဖွဲ့ ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး (Deputy Secretary-General)  တစ်ဦးဖြစ်သည့် Chokedee Kaewsang မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများ သာမက၊ စီးပွားရေး နှင့် နိုင်ငံရေး နောက်ခံအခြေအနေများအပါအ၀င် ဤ တိုင်းနိုင်ငံများ၌  စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်မည့် သတင်း အချက်အလက်များကို ညီလာခံကြီးမှ ရင်းနှီးမြှုပ်နှံသူများအတွက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြောဆိုပါသည်။

ထိုနိုင်ငံများသည် အနာဂတ်ကာလတွင် ထိုင်းရင်းနှီးမြှုပ်မှုအတွက် အဓိကစီးပွားရေးဈေးကွက်ဖြစ်လာ နိုင်သည် သာမက ထုတ်ကုန်နှင့် ၀န်ဆောင်မှုများအတွက်လည်း ကြီးမားသည့်အလားအလာရှိနေကြောင်း ထပ်လောင်းပြောဆိုခဲ့ပါသည်။

 

 

369136