DITP ၏အထွေထွေဒါရိုက်တာ Malee Choklumlerd မှ လိင်တူဆက်ဆံသောအမျိုးသမီး (ယောက်ျားလျှာ)၊ ဂေး၊ လိင်တူလိင်ကွဲဆက်ဆံသူ နှင့် လိင်အင်္ဂါပြောင်းထားသူ (LGBT) များ၏ အလား အလာရှိသည့် ဈေးကွက်စီးပွားရေးကို အောက်တိုဘာလ ၇ ရက်နေ့ တွင် မီးမောင်းထိုးပြခဲ့သည်။ လိင်တူ ချင်းဆက်ဆံသူများဆိုင်ရာဈေးကွက်စီးပွားရေး (Pink Dollar) သည် နှစ်စဉ်ခန့် မှန်းခြေအားဖြင့် US ဒေါ်လာ 3 ထြီလျံ (US$3 trillion) မျှရှိကြောင်း ဆိုသည်။

သို့ သော်၊ လူမှုရေးမီဒီယာများ (social media)၊ စမတ်ဖုန်းအက်ပလီကေးရှင်းများ (smartphone applications) နှင့် စပ်လျဉ်း၍ အာရှရှိ တိုင်းနိုင်ငံများသည် ဤကဲ့သို့ သော အဖွဲ့ အသင်းများအတွက် ပွင့်လင်းမြင်သာမှု လုံးလုံးလျားလျားမရှိသေးသောကြောင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မှုများ ပြု လုပ် ဆောင်ရွက်ခြင်းဖြင့် ရောင်းဝယ်မှုလုပ်ငန်းများအား တိုးတက်လာစေနိုင်မည်ဖြစ်ပါသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန၏မူအရ၊ စီးပွားရေးသမားများနှင့် ပို့ ကုန်လုပ်ငန်းဆောင်ရွက်နေသူများအား လိင်တူချင်းဆက်ဆံသူများဆိုင်ရာ ဈေးကွက်အတွက် အဓိကလမ်းကြောင်းဖြစ်သည့် အွန်လိုင်း ဆက်သွယ် ရေး (online communication) အား ၄င်းတို့ ၏စီးပွားရေးနယ်ပယ် အခွင့်အလမ်းများကို ဆက်လက် ချဲ့  ထွင်နိုင်မည့် လက်နက်ကိရိယာတစ်ခုအဖြစ် အသုံးပြုရန် အကြံပြုထားသည်။ ဤသည်မှာ အနာဂတ် ထိုင်းနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်မည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက http://www.ditp.go.th/ အားဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

 

 

369153