ကုန်သွယ်ရေးဝန်ကြီး Apiradee Tantraporn မှ ထိုင်းနိုင်ငံသည် Trans-Pacific Partnership (TPP) အဖွဲ့  အစည်း သို့  ၀င်ရောက်မည်ဖြစ်ပြီး၊ လိုအပ်သည့်အရာများကိုလည်း ရှုထောင့်စုံမှ  ကြိုတင်ပြင်ဆင် ထား ကြောင်း အောက်တိုဘာလ ၉ ရက်နေ့ ကထုတ်ဖော်ပြောဆိုခဲ့သည်။  

ဝန်ကြီးမှ ဗီယက်နမ်နိုင်ငံ၏ TPP သို့ ဝင်ရောက်မည့် ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်မှု အပေါ် အကျိုးသက်ရောက်မှုရှိနိုင်မည် မဟုတ်ကြောင်း၊ လက်ရှိတွင် TPP ၏ အဖွဲ့ ဝင် နိုင်ငံသုံး နိုင်ငံဖြစ်သည့် အမေရိကန်၊ ကနေဒါ နှင့် မက်ဆီကို နိုင်ငံများ သာလျှင် ထိုင်းနိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူမှု (Free Trade Agreements (FTA)) စာချုပ်အား လက်မှတ်ရေးထိုးထားခြင်း မရှိသေးကြောင်း ဆိုပြောဆိုခဲ့သည်။

ဝန်ကြီး Tantraporn ၏ ပြောဆိုချက်အရ အများပြည်သူ နှင့် ပုဂ္ဂလိက ဆိုင်ရာ လုပ်ငန်း ကဏ္ဍများ နှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းဥပဒေများကို ပြုပြင်မွမ်းမံရန်အတွက် တွေ့ ဆုံဆွေးနွေးပွဲများ ဆောင်ရွက်လျက် ရှိပါသည်။

 

 

369151