Issue 68

ဘန်ကောက်၏ ထိပ်တန်းကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီးက ကမ္ဘာအနှံ့ မှဝယ်ယူသူများအတွက် အဆင့်အမြင့်ဆုံး၊ အကောင်းမွန်ဆုံးသော လက်ဝတ်ရတနာပစ္စည်းများကို အမျိုးအစားစုံလင်စွာခင်းကျင်းပြသ သွားမည်ဟုကတိပေးလိုက်ပါသည်။

ထိုင်းနိုင်ငံ၏ မြို့ တော်၌ ယခုလာမည့် စက်တင်ဘာလတွင်ကျင်းပမည့် ပြပွဲကြီးတွင် ထိပ်တန်း ထုတ်လုပ်သူများ၊ (ပစ္စည်း) ပံ့ပိုးပေးသွင်းသူများ နှင့် ဒီဇိုင်နာ ၈၀၀ ကျော်တို့ မှ ၄င်းတို့ ဖန်တီးထုတ်လုပ်ထားသည့် ပစ္စည်းများကို ပြခန်းပေါင်း ၂,၁၀၀ ကျော် ဖွင့်လှစ်ခင်းကျင်းပြသသွားရန် အကြိမ် ၆၀ မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ် ရတနာ ပြပွဲကြီးမှမျှော်လင့်နေပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "အကြိမ် ၆၀ မြောက် ဘန်ကောက်ကျောက်မျက်နဲ့ လက်ဝတ်ရတနာပြပွဲ (BGJF) ပြပွဲကြီးက ကမ္ဘာ့အဆင့်အတန်းမီ ထုတ်ကုန် ပစ္စည်းတွေနဲ့ စီးပွားရေးကွန်ယက်တွေအတွက် သက်ဝင်လှုပ်ရှားနေတဲ့ အပြည်ပြည်ဆိုင်ရာ ပြပွဲစင်မြင့်ကြီးတစ်ခုဖြစ်ပါတယ်။ ပြပွဲကြီးကို ထိုင်း အသေးစားနဲ့ အလတ်စားလုပ်ငန်း (SMEs) တွေနဲ့ ပင်ကိုစွမ်းရည်နဲ့ အရည်အချင်းရှိတဲ့ ဒီဇိုင်နာတွေအတွက် သူတို့ ရဲ့ ဖန်တီးမှုတွေနဲ့  ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို နိုင်ငံတကာကဖောက်သည်တွေကို ခင်းကျင်းပြသတဲ့ စင်မြင့်တစ်ခုအဖြစ်နဲ့ လည်း အသိအမှတ်ပြု ခြင်းခံထား ရပါတယ်" ဟုပြောကြားပါသည်။

၎င်းမှ "အများနဲ့ မတူ၊ တမူထူးတဲ့ လက်ဝတ်ရတနာဒီဇိုင်း ဈေးကွက်သစ်ကလည်း မျက်မှောက်ခေတ် ဖောက်သည် တွေရဲ့ ကွဲပြားတဲ့အကြိုက်နဲ့ လူနေမှုဘ၀ပုံစံတွေကြောင့် ထွက်ပေါ်လာရပါတယ်။ ဒါကြောင့်၊ DITP က ထွက်ပေါ် လာ တဲ့ဈေးကွက်တွေထဲကိုထိုးဖောက်ဝင်ရောက်ဖို့ အတွက်နဲ့  နိုင်ငံတကာမှာခေတ်စားနေတဲ့ အရာတွေကို အမှီလိုက်ဖို့ အတွက် ကျောက်မျက်နဲ့ လက်ဝတ်ရတနာလုပ်ငန်းတွေကို အားပေးတိုက်တွန်းချင်ပါ တယ်" ဟုပြောကြားပါသည်။

ဤ စိတ်ကူးအတွေးအခေါ်အား ပံ့ပိုးကူညီရန်ရည်ရွယ်၍ အကြိမ် ၆၀ မြောက် BGJF ပြပွဲကြီးတွင် လက်ဖြင့် ပြုလုပ်သည့် ခေတ်ပေါ်လက်ဝတ်ရတနာများအတွက် အမွေအနှစ်နှင့် လက်မှုအနုပညာလက်ရာ (heritage and craftsmanship)၊ ယုံကြည် သက်ဝင်မှုနှင့်သက်ဆိုင်သည့် လက်ဝတ်ရတနာများအတွက် စိတ်ဝိညာဉ်အား (spiritual power)၊ metro men သို့ မဟုတ် အမျိုးသား လက်ဝတ်ရတနာနှင့် အထူးပွဲလမ်းသဘင်များ အတွက် the moment for jewelry အစရှိသည်များကဲ့သို့ သော ပေါ်ပေါက်လာသည့်စီးပွားရေးဈေးကွက်များ အရ ခေတ်စားလာမည့် ဒီဇိုင်းလက်ရာ များကို အဓိကပြသသွားမည်ဖြစ်ပါသည်။

ညွှန်ချုပ် Choklumlerd မှ "ဒီတစ်ကြိမ်ပြပွဲကို Beyond Jewelry-Jewelry Crossover ဆိုတဲ့ ခေါင်းစဉ်သစ် နဲ့ 

ကျောက်တွေနဲ့ တန်ဆာဆင်ထားတဲ့ ခေတ်မီကိရိယာပစ္စည်းလေးတွေ၊ အိမ်သုံးပစ္စည်းတွေကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒီအမျိုးအစားရဲ့  အလားအလာက အရမ်းကိုကောင်းမွန်ပါတယ်။ ဘာကြောင့်ဆိုရင် ကိုယ်သုံးတဲ့ ပစ္စည်းအမျိုးအစားတွေကို လိုက်ပြီး ကိုယ့်ကိုကိုယ်ကိုဖော်ပြချင်တဲ့ မျက်မှောက်ဖောက်သည်တွေရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒီဟာတွေက သာမာန်အသုံးအဆောင်ပစ္စည်းလေးတွေ မဟုတ်ပါ ဘူး။ ပစ္စည်းတစ်ခုချင်းစီက လူတစ်ယောက်ချင်းစီရဲ့ လူနေမှုပုံစံနဲ့ ကိုယ်ပိုင်လက္ခဏာကို ထင်ဟပ် ပေါ်လွင် စေမဲ့ သင်္ကေတလေးတွေဖြစ်ပါတယ်" ဟုပြောကြားပါသည်။

ပြပွဲကြီးတွင် အကြိမ် ၆၀ မြောက် BGJF ပြပွဲကြီးကို ဂုဏ်ပြုချီးမြောက်သည့်အနေဖြင့် ထိုင်းနှင့် နိုင်ငံတကာမှ ထုတ်လုပ်သူများ၏ အဆင့်အမြင့်ဆုံး၊ အကောင်းဆုံး ပတ္တမြား ၆၀ ကိုယှဉ်ပြိုင်ပြသမည့် Ruby Contest (ပတ္တမြား ယှဉ်ပြိုင်ပွဲ)၊ ဂုဏ်သတင်းကျော်စောသည့် ကျောက်မျက်ဒေသများမှ ထင်ရှားသည့် SMEs လုပ်ငန်းများကို ဂုဏ်ပြု မည့် SMEs Pavilion နှင့် စုံညီစည်းဝေးပွဲကြီးများလည်း အဓိကပါဝင်မည်ဖြစ်ပါသည်။

၎င်းပြင်၊ သက္ကရာဇ် ၂၀၁၆ ခုနှစ်မှ စတင်သက်ရောက်ခဲ့သည့် အစိုးရ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာ တင်သွင်းခွန် ကင်းလွတ်ခွင့်ကြောင့် ပစ္စည်းထုတ်လုပ်မှုကုန်ကျစရိတ်အားလျော့ချနိုင်ခဲ့သည်။ ထို့ ကြောင့်၊ ၀ယ်ယူသူ နှင့် ပြပွဲသို့ လာရောက်လည်ပတ်ကြည့်ရှုသူများမှ ထိပ်တန်းအရည်အသွေး ကျောက်မျက်နှင့် လက်ဝတ် ရတနာများကို ချိုသာသောနှုန်းထားဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

စီးပွားရေးဝန်ကြီးဌာန၏ပြောကြားချက်အရ၊ ထိုင်းနိုင်ငံသည် ၁၀ ဦးမြောက် ကမ္ဘာ့အကြီးဆုံး ကျောက်မျက်နှင့် လက်ဝတ်ရတနာ တင်ပို့ ရောင်းချသည့် နိုင်ငံဖြစ်ပါသည်။ ယခုနှစ်အတွက် ခန့် မှန်းချက်များအရ၊ ထိုင်းနိုင်ငံ ၏ ရွှေ အပါအ၀င် ကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့ ရောင်းချမှုသည် ၅ ရာခိုင်နှုန်း နှင့် တန်ဖိုးအားဖြင့် ယူအက်စ် ဒေါ်လာ ၇ ဒသမ ၃၂ ဘီလျံ သို့ တိုးတက်လာလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ လုပ်သားပေါင်း ၉၀၀,၀၀၀ ကျော်သည် ကျောက်မျက်နှင့် လက်ဝတ်ရတနာ လုပ်ငန်းကြီးတွင် လုပ်ငန်းခွင်ဝင် လုပ်ကိုင်လျက်ရှိ နေပါသည်။

၅၉ ကြိမ်မြောက် BGJF ပြပွဲကြီးသို့ လာရောက်ကြည့်ရှုခဲ့ကြသည့် နိုင်ငံရပ်ခြားဧည်သည့်များ၏ စံချိန်ကျိုးခဲ့ပြီး

ဧည့်သည်ပေါင်း ၁၇,၀၀၀ ကျော်ရှိခဲ့ပါသည်။ ယခင်နှစ်ထက် ၁၈ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ ပြပွဲကြီး တွင် နိုင်ငံတွင်းကုမ္ပဏီ ၆၂၅ ခုနှင့် နိုင်ငံတကာမှ ကုမ္ပဏီပေါင်း ၁၀၅ ခုအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ exhibitor (ပြပွဲပြသသူ) ပေါင်း ၇၃၀ သည် ပြခန်းပေါင်း ၂,၀၁၁ ခန်းအားဖွင့်လှစ်ပြသခဲ့ကြပါသည်။ လူကြိုက် အများဆုံး လက်ဝတ်ရတနာများမှာ လက်စွပ်၊ ဆွဲကြိုး နှင့် ဆွဲသီး/ဆွဲပြား/လော့ကက်များ ဖြစ်ခဲ့သည်။

အကြိမ် ၆၀ မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီးအား ဘန်ကောက်၊ IMPACT မွမ်ထုံထနီ ၏ Challenger ခန်းမ ၁ မှ ခန်းမ ၃ များတွင် စက်တင်ဘာလ ၆ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါကနှင့်ကြိုတင်စာရင်းသွင်းရန်၊ ကျေးဇူးပြု ၍ www.bkkgems.com အားဝင်ရောက်လေ့လာကြည့်ရှုပါ။

Somhatai Mosika ရေးသားတင်ဆက်သည်။

366820