Issue 67

ထိုင်းနိုင်ငံ အား ၄င်း၏လက်ဝတ်ရတနာများထုတ်လုပ်သည့် အခြေစိုက်တိုင်းပြည်အဖြစ် ရွေးချယ်ရ သည့် အကြောင်းရင်းများနှင့် ၄င်း၏အောင်မြင်မှုနောက်ကွယ်မှလျှို့ ဝှက်ချက်များကို ကမ္ဘာ့ထိပ်တန်း လက်ဝတ်ရတနာအမှတ်တံဆိပ်ဖြစ်သည့် Pandora မှဖွင့်ဟပြောဆိုထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ လက်ဝတ်ရတနာထုတ်လုပ်သည့် သမိုင်းကြောင်းမှာရှည်လျားလှသည်။ အထူးသဖြင့်

ဘန်ကောက်၊ ကန်ချနဘူရီ နှင့် ချန်တဘူရီ မြို့ ကြီးများတွင် ရွှေ၊ ငွေ နှင့် ကျောက်မျက်များမှ သည် ပုလဲ စသည်ဖြင့်ပြုလုပ်သည့် ထိုင်းလက်ဝတ်ရတနာ ပစ္စည်းများပြုလုပ်ကြ သည့် လက်မှုအတတ်ပညာကို မျိုးဆက်ပေါင်းများစွာသို့ လက်ဆင့်ကမ်းမျှဝေခဲ့ကြပါသည်။ ယနေ့ ချိန်ခါတွင်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာလုပ်ငန်းကြီးသည် တိုင်းပြည်၏ ထိပ်တန်းလုပ်ငန်းကဏ္ဍသုံးခုတွင် တစ်ခုအပါအ၀င် ဖြစ်နေပြီဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်တွင် ပို့ ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ ရရှိခဲ့သည်။

၎င်း၏ ကမ္ဘာတစ်ဝှမ်းသိ လှပနှစ်လို့ ဖွယ် လက်ဝတ်ရတနာများနှင့် လက်ကောက်များ ထုတ်လုပ်နေ သည့် Pandora သည် ၄င်း၏ ထုတ်လုပ်ရေးအခြေစိုက်အား Gemopolis Industrial Estate တွင် ၂၀၀၅ ခုနှစ်က စတင်တည်ထောင်လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါတွင် ၀န်ထမ်းပေါင်း ၁၁,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

Pandora Production ၏ ထုတ်လုပ်ရေးနှင့် စီမံခန့် ခွဲရေး ဒါရိုက်တာ၊ အကြီးတန်း ဒု ဥက္ကဌဖြစ်သူ မစ္စတာ Nils Helander မှ "ကျွန်တော်တို့ ရဲ့ တည်ထောင်သူ မစ္စတာ Per Enevoldsen နဲ့ သူ့ ဇနီးတို့  က ထိုင်းယဉ်ကျေးမှုနဲ့ သူ့ ရဲ့ အရည်အသွေးမြင့်မားတဲ့လက်ဝတ်ရတနာထုတ်လုပ်ရေးလုပ်ငန်းရဲ့  ရှည်လျား လှတဲ့ အစဉ်အလာကို အရမ်းကိုသဘောကျခဲ့ကြတာပါ။ Pandora က ထိုင်းနိုင်ငံကို သူ့ ရဲ့  ထုတ်လုပ်ရေးအခြေစိုက်အဖြစ်ရွေးချယ်ရတာက ထိုင်းနိုင်ငံက ကျောက်မျက်နဲ့ လက်ဝတ်ရတနာ ထုတ်လုပ်ရေးလုပ်ငန်းအတွက် ကောင်းမွန်တဲ့ အခြေခံအဆောက်အအုံတွေရှိတာကတစ်ကြောင်း၊ ကမ္ဘာ့ အကြီးမားဆုံး လက်ဝတ်ရတနာတွေတင်ပို့ တဲ့ နိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံဖြစ်နေတာကတစ်ကြောင်း နဲ့  ကုန်ကြမ်းတွေကို လွယ်လွယ်ကူကူရရှိနိုင်တာတို့ ကြောင့်ပါ" ဟုဆိုပါသည်။

မစ္စတာ Helander မှ အခြား အဓိကထည့်သွင်းစဉ်းစားခဲ့သည့် အကြောင်းရင်းများတွင် ထိုင်းနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment of Thailand (BOI)) မှကမ်းလှမ်းသည့် အခွန်အကျိုးအမြတ် များနှင့် နိုင်ငံ၏ နည်းဗျူဟာမြောက်သည့် တည်နေရာများလည်း ပါဝင်သည်ဟုပြောကြားပါသည်။

၎င်းမှ "Gemopolis မှာ လက်ဝတ်ရတနာလုပ်ငန်းအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေရှိပြီး၊ ကမ္ဘာတစ်ဝှမ်းက ဖောက်သည်တွေဆီကို ပစ္စည်းတွေပေးပို့ ဖို့ အတွက်၊ နောက်ပြီး ကျွန်တော်တို့ ရဲ့  ဧည့်သည်တွေ ကျွန်တော်တို့ ဆီကိုလာရောက်နိုင်ဖို့ အတွက် ရေလမ်း၊ လေလမ်း နှစ်ခုစလုံးလည်း နီး တဲ့ နေရာဖြစ်ပါတယ်" ဟုဆိုပါသည်။

ကုမ္ပဏီမှ Gemopolis ကိုရွေးချယ်ရသည့် အခြားအကြောင်းရင်းမှာ ထိပ်တန်းတက္ကသိုလ်များတွင် ပညာ လေ့လာသင်ယူ ဆည်းပူးခဲ့ကြသည့် ထိုင်းနိုင်ငံ၏ ကျွမ်းကျင် လက်မှု အနုပညာရှင်များနှင့် စီမံခန့် ခွဲမှု များ စုဝေးနေသည့်နေရာဖြစ်သည့်အတွက်ကြောင့်လည်း ဖြစ်ပါသည်။

"ထိုင်းလက်ဝတ်ရတနာဒီဇိုင်နာတွေမှာ ဒီဇိုင်းအတွက် ပိုမိုကောင်းမွန်တဲ့အခြေခံတွေရှိတယ်။ နောက်ပြီး၊ လုပ်သားဈေးကွက်လိုအပ်မှုတွေကို ဖြေရှင်းနိုင်ကြတယ်။ တိုးတက်မှုတွေကို ကျွန်တော်တို့ တွေ့ မြင်ခဲ့ပြီး ပါပြီ။ နောက်ပြောချင်တာက ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ယှဉ်ရင် အရမ်းကိုဖွံ့ ဖြိုးတိုးတက်လာ ပါပြီ။ အစိုးရနဲ့  ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးရဲ့ ပံ့ပိုးကူညီမှုတွေက ထိုင်းဒီဇိုင်နာတွေရဲ့ အလားအလာကို ပြသနိုင်မှာဖြစ်ပြီး၊ သူတို့ တွေ လက်ဝတ်ရတနာလုပ်ငန်းကဏ္ဍမှာ ဖွံ့ ဖြိုးကြီးထွား ဖို့ အတွက် ပြင်ဆင် ပေးတာလည်းဖြစ်ပါလိမ့်မယ်" ဟုဆိုပါသည်။

မစ္စတာ Helander မှ ၄င်းတို့ အမှတ်တံဆိပ်၏ ခံယူချက်မှာ အမျိုးသမီးများကို သင့်တော်သည့်ဈေးနှုန်း များဖြင့် အရည်အသွေးမြင့်မား၍ ခေတ်မီသော လက်ဝတ်ရတနာပစ္စည်းများကို ကမ်းလှမ်းပေးခြင်း ဖြင့် ကိုယ်ပိုင်သွင်ပြင်ကို ဖော်ပြနိုင်မည့် အခွင့်အရေးကိုပေးအပ် ချီးမြောက်ရန်ဖြစ်သည်။ တံဆိပ်၏ အဓိက အခြေခံကျသည့်နိယာမ စံနှုန်းများမှာ ဆီလျော်သည့်တန်ဖိုးရှိသည့် စည်းစိမ်ပစ္စည်း၊ ခေတ်မီသော ဒီဇိုင်း လက်ရာနှင့် ကိုယ်ပိုင် အကြောင်းအရာဇာတ်လမ်းများပင်ဖြစ်ပါသည်။

၎င်းပြင်၊ ကမ္ဘာတစ်ဝှမ်းလူကြိုက်အများဆုံး လက်ဝတ်ရတနာတံဆိပ်များမှ တစ်ခုဖြစ်သည်နှင့် လျော်စွာ Pandora သည် အဓိကထောက်တိုင်ကြီးလေးခုဖြစ်သည့် - လက်ဝတ်ရတနာ ပစ္စည်း အမျိုးအစား စုံလင် စွာပေးအပ်ခြင်း၊ ဦးတည်ထားသည့် ကဏ္ဍများနှင့်အတူ အမှတ်တံဆိပ် တစ်ခုအား ဖြစ်တည် စေခြင်း၊ တံဆိပ်၏ အကောင်းဆုံးရောင်းချနိုင်မှုအား ထိန်းသိမ်းခြင်း နှင့် ဟန်ချက်ညီ သည့် ကမ္ဘာ့ စီးပွားရေး လုပ်ငန်းကို ဖန်တီးဖော်ဆောင်ခြင်း စသည်တို့ အပေါ်မူတည် ၍ ၄င်း၏နည်းဗျူဟာကို ရေးဆွဲထားသည်။

စကေးနှင့် လျင်မြန်နှုန်းအားဖြင့် လက်ဝတ်ရတနာလုပ်ငန်းတွင် စံနှုန်းသစ်ဖော်ဆောင်နိုင်ခဲ့သည့်၊ LEED (Leadership in Energy and Environmental Design - စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဒီဇိုင်း တွင် ဦးဆောင်နိုင်မှု) ၏စည်းမျဉ်းများအရ ထောက်ခံချက်ရရှိထားသော အစိမ်းရောင် အဆောက်အအုံ အတွက် လူသိများထင်ရှားသည့် Pandora သည်၎င်း၏ ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှပ်နှံမှုကို Lamphun ခရိုင်တွင် အဆက်မပြတ် တိုးချဲ့ ဖော်ဆောင်လျက် ရှိသည်။ ထိုကဲ့သို့ ထုတ်လုပ်မှုတိုးချဲ့ ရေးအစီအစဉ် ကြောင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအရောက်တွင် တစ်နှစ်အတွင်း လက်ဝတ်ရတနာအမျိုးပေါင်း သန်း ၂၀၀ ကျော် ထုတ်လုပ်ခြင်းဖြင့် ထုတ်လုပ်မှုစွမ်းအားကို တိုးမြင့်နိုင်ရန် ကုမ္ပဏီမှ မျှော်လင့်နေပါသည်။

လက်ဝတ်ရတနာလုပ်ငန်းနယ်ပယ်တွင်းရှိ နောက်ဆုံးပေါ်လူကြိုက်များခေတ်စားသည့် ဒီဇိုင်းများနှင့် နည်းပညာများ ကိုလေ့လာသိရှိလိုကြသော ဒီဇိုင်နာများ၊ ၀ယ်ယူသူများ သို့ မဟုတ် ထုတ်လုပ်သူများ အား ထိုင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေး ငှာန (DITP) မှ ကြီးမှူး၍ စက်တင်ဘာလ ၆ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ မွမ်ထုံထနီ၊ IMPACT Challenger ခန်းမများ၌ ကျင်းပ ပြုလုပ်မည့် အကြိမ် ၆၀ မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီးသို့ မမေ့ မလျော့တက်ရောက်ကြရန် တိုက်တွန်းလိုက်ရပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

365954