Issue 66

တိရိစ္ဆာန်လေးများအားချစ်သူတစ်ဦးဖြစ်ပြီး ကြောင်လေးများအတွက် ပရိဘောဂပစ္စည်း ဒီဇိုင်းရေးဆွဲသူ Kwanchanok Amorntananuban မှ သူမ၏ ကတ်ထူပြားဖြင့်ပြုလုပ်သည့် ပစ္စည်းများသည် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက် ရေးငှာန (DITP) မှစီစဉ်ကျင်းပသည့် နှစ်တစ်နှစ်၏ အကြီးဆုံး လက်ဆောင်နှင့်ပရိဘောဂပစ္စည်းများဆိုင်ရာ ကုန်စည်ပြပွဲကြီးတွင် ၀ယ်ယူသူများ၏ စိတ်ကိုမည်သို့ မည်ပုံ ဖမ်းစားညှို့ ငင်ယူနိုင်ခဲ့ကြောင်းကို ပြောပြထားခြင်းဖြစ်ပါသည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့် ၄၃ ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လက်ဆောင်ပစ္စည်း များ ပြပွဲနှင့် ဘန်ကောက် အပြည်ပြည် ဆိုင်ရာ အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲကြီးသို့ ဧည့်ပရိသတ်ပေါင်း ၅၂,၀၀၀ ကျော်လာရောက်ခဲ့ပြီး ငါးရက်အတွင်း ခန့် မှန်းခြေအားဖြင့် ယူအက်စ်ဒေါ်လာ ၂၅ ဒသမ ၆ သန်း ရရှိခဲ့ ခြင်းဖြင့် အလွန်ပင်အောင်မြင်ခဲ့သည့် ပွဲကြီးဖြစ်ကြောင်း သက်သေထူလိုက်နိုင်ပါသည်။

ထိုင်းနိုင်ငံတွင် ထုတ်လုပ်သော တိရိစ္ဆာန်များအတွက် ပရိဘောဂ ပစ္စည်းများ၊ အ၀တ်အထည်များနှင့် အခြား ဆန်းသစ်၍ စတိုင်ကျလှပသည့် တိရိစ္ဆာန်လေးများဆိုင်ရာပစ္စည်းများ ပြသထားသော 'Pet Parade' ဟု အမည်ရသည့် တိရိစ္ဆာန်ပစ္စည်းများအထူး သီးသန့် ဇုံမှာ ယခုနှစ်ပြပွဲကြီးတွင် လူကြိုက်အများဆုံး ထုတ်ကုန် အမျိုးအစားများမှ ထုတ်ကုန်တစ်ခုဖြစ်ခဲ့ပါသည်။

Kwanchanok Amorntananuban သည် တိရိစ္ဆာန်များအတွက် ပရိဘောဂ ပစ္စည်းများအားထုတ်လုပ်သူတစ်ဦး ဖြစ်ပြီး ယခုနှစ်ပြပွဲကြီးတွင် နိုင်ငံတကာမှ ထုတ်လုပ်သူများနှင့် ၀ယ်ယူသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။

အိမ်အလှဆင်ပစ္စည်းများကဲ့သို့ ပင် နှစ်ဆတိုးတက်ခဲ့သော ကြောင်များအတွက် ပရိဘောဂပစ္စည်းများထုတ်လုပ် နေသည့် Kafbo ၏ တည်ထောင်သူနှင့် ဖန်တီးမှုဒါရိုက်တာဖြစ်သူမှ "Kafbo ကို BIG+BIH ပွဲကြီးမှာ ၂၀၁၅ ခုနှစ် ကတည်းက ၀င်ရောက်ပြသခဲ့တာပါ။ နောက်ပြီး ဒီနှစ်မှာ တိရိစ္ဆာန်ပစ္စည်းတွေက ဒီပွဲကြီးမှာ ပိုပြီးထင်ရှားပေါ်လွင် ခဲ့ပါတယ်" ဟုဆိုပါသည်။

"လက်မှုအနုပညာ" (craft) နှင့် "ကတ်ထူ" (cardboard) ဟူသည့် စကားလုံးများကိုပေါင်းစပ်ကျီစယ်ထားသော "Kafbo" သည် အထူးဖိသိပ်သည့် နည်းပညာကို အသုံးပြုထားသည်။ ထို့ ကြောင့် ကတ်ထူများဖြင့် ပြုလုပ်သည့် တိရိစ္ဆာန် အိမ်လေးများမှာ တာရှည်ခံပြီး၊ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခြင်းမရှိပေ။ လက်တွေ့ အသုံးဝင်ရ မည်ဟူသောစိတ်ဖြင့် ဒီဇိုင်းဆွဲထားသော ဤအိမ်လေးများသည် ၄င်းတို့ ပိုင်ရှင်များ၏ ပရိဘောဂများကို ထိခိုက် ပျက်စီးမှု မရှိစေပဲ ကြောင်လေးများ တွယ်တက်နိုင်၊ ထိုင်နိုင်၊ အိပ်စက်နိုင်၊ ဆော့ကစားနိုင်သည့် ကုတ်ခြစ်နိုင် သော အခုအခံအကာအကွယ် ပစ္စည်းများအဖြစ် အသုံးခံနိုင်ပါသည်။

Amorntananuban မှ "ကျွန်မမှာ ကြောင်လေးကောင် နဲ့ ခွေးတစ်ကောင်ရှိတယ်။ ကျွန်မရဲ့ မိသားစုက ကတ်ထူ နဲ့ လုပ်တဲ့ ပဲလေ့တ် (pallet) တွေကိုထုတ်လုပ်တယ်။ ဒါကြောင့် ကျွန်မက ကြောင်ရဲ့ အိမ်လေးတွေအတွက် ကွဲပြားတဲ့ ဒီဇိုင်းတွေကို စပြီးစူးစမ်းလေ့လာခဲ့တယ်" ဟုဆိုပါသည်။ စမ်းသပ်မှုများနှင့် အမှားများအကြိမ်ကြိမ် တွေ့ ကြုံပြီးသည့်နောက်တွင် သူမ၏ ပထဦးဆုံးထုတ်ကုန်ဖြစ်သော "9lifers" ဟုအမည်တွင်သည့် တိရိစ္ဆာန် သဏ္ဍာန် ကုတ်ခြစ်နိုင်သည့် ဘုတ်ပြားကို အောင်အောင်မြင်မြင်ထုတ်လုပ်နိုင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ် BIG+BIH ပြပွဲ ကြီးတွင် ၀ယ်ယူသူအများအပြား၏ စိတ်ဝင်စားခြင်းရရှိခဲ့သည်။

လွန်ခဲ့သည့် နှစ်တွင် ၄င်း၏ တတိယမြောက်နှင့် နောက်ဆုံးပေါ်ထုတ်ကုန်အသစ် ဖြစ်သော 'Castle Cube' ဖြင့် ဒီဇိုင်းနှင့် ထုပ်ပိုးမှု ကဏ္ဍတွင် Kafbo ၏ တိုးတက်မှုကိုတွေ့ မြင်နိုင်ခဲ့သည်။ ၄င်းထုတ်ကုန်သစ်ဖြစ်သည့်

ပြန့် ကား - ထုပ်ပိုးမှု ပစ္စည်း 'Castle Cube' မှ သယ်ယူပို့ ဆောင်ရေး စရိတ်များကိုသက်သာစေနိုင်လိမ့်မည် ဖြစ်သည်။

DITP အပေါ် ကျေးဇူးကျွေးများ မြောက်မြားစွာတင်ရှိနေကြောင်း Amorntananuban မှဆိုပါသည်။ "DITP ရဲ့  ပံ့ပိုးမှုတွေကို အစကတည်းက ရခဲ့တာပါ။ DITP ကပေးတဲ့ သင်တန်းတွေနဲ့ ထရိန်းနင်တွေကိုကျွန်မတက်ခဲ့တယ်။ အဲဒီသင်တန်းတွေက ကျွန်မကို ပို့ ကုန်လုပ်ငန်း၊ အခွန်စည်းကြပ်မှု၊ ယေဘုယျအားဖြင့် နိုင်ငံရပ်ခြားက ဖောက်သည် တွေနဲ့ အလုပ် လုပ်ကိုင်ပုံ အကြောင်းတွေကို လမ်းညွှန်ပေးပါတယ်" ၄င်းမှ ဟုပြောပြပါသည်။

သူမမှ DITP နှင့် အလုပ်လုပ်ကိုင်ခွင့်ရရှိသောကြောင့် Kafbo သည် စီးပွားရေးလုပ်ငန်းတွဲဖက်သည့် အစီအစဉ် များ နှင့် နိုင်ငံရပ်ခြားတွင်ပြုလုပ်သည့် ကုန်စည်ပြပွဲများတွင် ပါဝင်ခွင့်များရရှိခဲ့ကြောင်း၊ ထိုသို့ ပါဝင်ခွင့်များရရှိ သည့်အတွက် ၄င်း၏ကုန်အမှတ်တံဆိပ်အား မိတ်ဆက်တင်ပြနိုင်ခဲ့ပြီး ဖြန့် ဖြူးသူ များ၏ စိတ်ဝင်စားမှုများ ပိုမိုရရှိခဲ့သည်ဟု ဖြည့်စွက်ပြောပြပါသည်။ ယခုအခါတွင် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ဟောင်ကောင်၊ စင်္ကာပူ၊ ဂျာမနီ နှင့် ပြင်သစ်နိုင်ငံများတွင် Kafbo အားဖြန့် ဖြူးရောင်းချသူများရှိနေပြီဖြစ်ပြီး အနာဂတ်တွင် ထိုင်ဝမ် နိုင်ငံသို့ တင်ပို့ ရောင်းချသွားရန် အစီအစဉ်ရှိပါသည်။

၎င်းမှ "ကျွန်မထင်တယ် အိမ်မွေးတိရိစ္ဆာန်ဈေးကွက် ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် အများကြီးလိုနေပါတယ်။ ခက်ခဲ ကြပ်တည်းတဲ့ ဈေးကွက်လို့ ထင်ရပေမယ့် တကယ်က လူတွေက အခုဆိုရင် အိမ်မွေးတိရိစ္ဆာန်လေးတွေကို သူ တို့ ရဲ့ ကလေးတွေလိုသဘောထားပြီး သူတို့ လေးတွေအတွက် သုံးလိုက်ဖို့ ဝန်မလေးကြပါဘူး။ ထိုင်းမှာ ကြောင် လေးတွေအတွက် ပစ္စည်းတွေကို အရမ်းကိုရောင်းရတယ်" ဟုပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.kafbo.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်သကဲ့သို့  This email address is being protected from spambots. You need JavaScript enabled to view it. မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

366991