Issue 63

ယခု ဧပြီလတွင် ပြုလုပ်ကျင်းပမည့် ၄၃ ကြိမ်မြောက် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ လက်ဆောင်ပစ္စည်းများ ပြပွဲ ၂၀၁၇ ခုနှစ် နှင့် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ အိမ်အသုံးအဆောင် ပစ္စည်းများပြပွဲ ၂၀၁၇ ခုနှစ် (43rd Bangkok International Gift Fair 2017 and Bangkok International Houseware Fair 2017 (BIG+BIH 2017)) အစရှိ သည့် ပြပွဲများအတွက် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP)မှ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းထုတ်ဖော် ပြောဆိုပါသည်။

DITP သည် Association of Thai Lifestyle Product Federation (ထိုင်း Lifestyle ထုတ်ကုန်ပစ္စည်းဖယ်ဒရေးရှင်း အသင်း)၊ Design & Objects Association (ဒီဇိုင်း နှင့် ပစ္စည်းများအသင်းအဖွဲ့ ) နှင့် Thai Gifts Premiums & Decorative Association (ထိုင်း အကောင်းဆုံးလက်ဆောင်နှင့် အလှဆင်ပစ္စည်းများ အသင်းအဖွဲ့ ) များကဲ့သို့  သော ထိုင်းထိပ်တန်းအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ BIG+BIH 2017 ပြပွဲကြီးအား ဧပြီလ ၁၉ ရက်နေ့ မှ ၂၃ ရက် နေ့ အထိ Bangna ရှိ BITEC ၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ ပြပွဲအား အထူးသီးသန့် ကုန်သွယ်မှုအတွက် ဧပြီလ ၁၉ ရက်နေ့ မှ ၂၁ ရက်နေ့ အထိဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး၊ အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ဧပြီလ ၂၂ ရက်နေ့ မှ ၂၃ ရက်နေ့ အထိဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ပါသည်။

တစ်နှစ်လျှင် နှစ်ကြိမ် DITP မှကြီးမှူးကျင်းပသည့် BIG + BIH ပြပွဲကြီးအား lifestyle ဆိုင်ရာပစ္စည်းများအတွက် ထိုင်းနိုင်ငံ၏ထိပ်တန်းကုန်သွယ်မှုအခမ်းအနားအဖြစ်၊ အရည်အသွေးကောင်းမွန်သည့် ဒီဇိုင်းပစ္စည်းများအတွက် အာဆီယံ၏အကြီးမားဆုံးရင်းမြစ်အဖြစ် ကျယ်ကျယ်ပြန့် ပြန့် အသိအမှတ်ပြုခြင်း ခံထားရပါသည်။ ယခုနှစ်တွင်၊ ပြပွဲကြီးအား ထိုင်းနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ အနုသုခုမရသနှင့် lifestyle များကိုပေါ်လွင်ထင်ဟပ်စေရန်အတွက် ASEAN LIFE+STYLE ဆိုသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "လုပ်ငန်းရှင်တွေအတွက် BIG+BIH က သူတို့ ရဲ့ အလား အလာကောင်းတဲ့ဒီဇိုင်းတွေ၊ တိုးတက်မှုတွေနဲ့ တန်ဖိုး ဖန်တီးဖော်ဆောင်ပေးနိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု စင်မြင့် ကြီးပဲဖြစ်ပါတယ်" ဟုပြောကြားပါသည်။

ညွှန်ချုပ် Choklumlerd မှ "ထိုင်းနိုင်ငံက ဒေသကြီးရဲ့ လက်ဆောင်ပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ နဲ့  lifestyle (ဘ၀လူနေမှု) နဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တင်ပို့ ရောင်းချတဲ့ အချက်အချာနေရာတစ်ခုဖြစ်လာမယ်လို့  ကျွန်မတို့ ယုံကြည်တယ်။ ဒီကဏ္ဍရဲ့ အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးမြင့်မားတဲ့ ထုတ်ကုန်တွေကို ပိုပြီးတင်ပို့  ရောင်းချနိုင်ဖို့ အတွက်၊ ဒီပြပွဲကြီးက ကမ္ဘာအရပ်ရပ်က၀ယ်ယူသူတွေ ထိုင်းထုတ်လုပ်သူတွေနဲ့ တွေ့ ဆုံပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်မယ့် စင်မြင့်တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီပေါင်း ၆၀၀ နီးပါးက ဆိုင်ခန်းပေါင်း ၁,၆၀၀ ကျော် ဖွင့်လှစ်ပြသမဲ့ ဒီ BIG+BIH 2017 ပြပွဲကြီးကို ဧည့်ပရိသတ် ၅၈,၀၀၀ ကျော်လာရောက်ကြည့်ရှုဖို့ အတွက် DITP ကမျှော်မှန်းထားပါတယ်" ဟုပြောကြားပါသည်။

ကုန်စည်ပြပွဲကြီးသို့  ဂျပန်၊ ယူအက်စ်၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဂျာမနီ၊ အရှေ့ အလယ်ပိုင်းဒေသ နှင့် ထိုင်ဝမ် အစရှိ သည့် မတူညီကွဲပြားသည့် နိုင်ငံဒေသအသီးသီးမှ ၀ယ်ယူသူများတက်ရောက်ရန်မျှော်လင့်ထားပါ သည်။

ပြပွဲကြီးတွင် အိမ်အလှဆင်ပစ္စည်းများ၊ ပရိဘောဂနှင့် living ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ နှင့် ပန်းကန် ခွက်ယောက်များ၊ ရေချိုးအိမ်သာ အသုံးအဆောင်ပစ္စည်းများ၊ စာရေးကိရိယာပစ္စည်းများမှသည် လက်ဆောင်ပစ္စည်း များအထိ ပစ္စည်းများကိုခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။ BIG+BIH 2017 ပြပွဲကြီးတွင် ဒီဇိုင်းသစ်များနှင့် ဆန်း သစ်မှုများကို မိတ်ဆက်တင်ပြရန်အတွက် DITP မှ အပန်းဖြေခြင်း၊ အားကစား နှင့် ခရီးသွားခြင်းဆိုင်ရာ ပစ္စည်းများ ကိုပြသမည့် ဇုံသစ်ကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ပါသည်။

ပြပွဲကြီးတွင် အိမ်မွေးတိရိစ္ဆာန်ချစ်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးမည့် Pet Parade အရောင်းပြခန်း၊ သက်ကြီးရွယ်အိုများနှင့်လည်းအကျုံးဝင်သည့် ထိုင်းစတိုင် ကျန်းမာရေးနှင့်ဝန်ဆောင်မှု Thai Wellness အရောင်းပြ ခန်း၊ သွက်လက်တက် ကြွသည့် သက်ကြီးရွယ်အိုများအတွက် အထောက်အပံ့ပစ္စည်းများကိုပြသမည့် 60+ ပြခန်း၊ Prime Minister's Award (PM Award) (၀န်ကြီးချုပ်ဆု) နှင့် Thailand Trust Mark (T/Mark) များကိုရရှိထား သော ဂုဏ်သတင်း ကျော်စောသည့် ထုတ်ကုန်ပစ္စည်းများကို အထူးပြသမည့် ပြခန်းများလည်းပါဝင်ဖြစ်ပါသည်။

ပြပွဲကြီးတွင် ၀ယ်ယူသူများနှင့် ဧည့်ပရိသတ်များအတွက် DITP မှပံ့ပိုးပေးထားသည့် ၀န်ဆောင်မှုများတွင် လုပ်ငန်း ပူးပေါင်းဆောင် ရွက်ရန် အလားအလာရှိသည့် မိတ်ဖက်များနှင့် စီးပွားရေးအကြောင်းအရာများဆွေးနွေးညှိနှိုင်း နိုင် မည့် နေရာ နှင့် ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှုနေရာများလည်း ပါဝင်မည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက www.bigandbih.com နှင့် www.ditp.go.th များအား ၀င်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

366721