Issue 52

ကျွမ်းကျင်သူများက ဥရောပဈေးကွက်အတွက် ဒီဇိုင်းများရေးဆွဲရန်နှင့် ပရိဘောဂပစ္စည်းများထုတ်လုပ် ရန်အတွက် ထိုင်းပရိဘောဂထုတ်လုပ်သူများသည် အီတလီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၏ အကြံဥာဏ်များကို တောင်းခံရယူခဲ့ကြပါသည်။

သက္ကရာဇ် ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပရိဘောဂတင်ပို့ ရောင်းချသည့်တန်ဖိုးသည် ထိုင်းဘတ် ၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ) ရှိခဲ့ပြီး၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ နှင့် ယူကေ နိုင်ငံများသို့  အများဆုံးတင်ပို့ ရောင်းချခဲ့ခြင်းဖြစ်ပါသည်။

DITP သည် ၂၀၁၅ ခုနှစ်တွင် Host & Home Project (အိမ်ရှင် နှင့် အိမ် လုပ်ငန်းစီမံကိန်း) အား အစပျိုး ခြင်းဖြင့် ဥရောပဈေးကွက်များ၌ ဧည့်ဝတ်ပျူငှာမှုနှင့်ဆိုင်သည့် ဈေးကွက်သစ်များကို ရှာဖွေ လျက်ရှိပါသည်။ လုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်နှစ်ခုမှာ ထိုင်းထုတ်ကုန်များ၏ ပုံရိပ်ကို ပိုမို စတိုင်ကျ လှပစေရန်အတွက် ဆန်းသစ်ပြုပြင်ပြောင်းလဲနေချိန်နှင့် တစ်ပြိုင်တည်းမှာပင် ဟိုတယ်များ၊ စပါများ နှင့် စားသောက်ဆိုင်များတွင် အရည်အသွေးကောင်းမွန်သည့် ထိုင်းထုတ်ကုန်များကို လူသိများလာစေ ရန်အတွက်ဆောင်ရွက်ခြင်းဖြစ် ပါ သည်။

ယခုနှစ် ဧပြီလတွင် ပြုလုပ်ကျင်းပခဲ့သည့် ဘန်ကောက် အပြည်ပြည်ဆိုင်ရာလက်ဆောင် ပစ္စည်း များပြပွဲ နှင့် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ အိမ်သုံး ပစ္စည်းများပြပွဲ ၂၀၁၆ ခုနှစ် (Bangkok International Gift Fair and Bangkok International Houseware Fair 2016 (BIG+BIH 2016)) တွင် စီမံကိန်းတွင်ပါဝင်ခဲ့ကြသည့် ထိုင်း ကုမ္ပဏီ ၂၃ ခုတို့ မှ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ကြသည့် အရည်အသွေး စံချိန်မီ ပရိဘောဂ ပစ္စည်းများကို DITP မှ ထုတ်ဖော်ပြသခဲ့ပါသည်။

အီတလီနိုင်ငံ Mitor Consultancy Services ၏ စီအီးအို Marcello Massarente မှ "ဒီ စီမံကိန်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့ပြီး မတူညီတဲ့နယ်ပယ်တွေမှာရှိတဲ့ ထိုင်းကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှု အရည်အသွေး မြင့်မားတိုးတက်လာစေဖို့ အတွက် ရည်ရွယ်ပါတယ်။ ကျွန်တော်တို့  DITP နဲ့  ဥရောပ မှာ ခေတ်မီပြီး လူကြိုက် အများဆုံး စတိုင်နဲ့ ဝိသေသလက္ခဏာတွေကို ပြသပေးခဲ့တဲ့ Florence က ဗိသုကာ ပညာရှင်တွေနဲ့ လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက်၊ သူတို့ တွေက ကွဲပြားတဲ့ ထုတ်လုပ်သူတွေကနေ တူညီတဲ့ စတိုင်နဲ့ ဝိသေသ လက္ခဏာတွေရှိတဲ့ ပရိဘောဂတွေကို ကြိုးစား ဖန်တီးခဲ့ကြပါတယ်" ဟုဆိုပါသည်။

ရိုးရှင်းသော်လည်းခေတ်မီလှပသည့် ရသကို ဖန်တီးနိုင်ရန်အတွက် အဖြူ၊ အမည်း နှင့် မီးခိုးရောင်များ အသုံးပြု ၍ ယခင်များအချိန်မှ (အတိတ်မှ) စွဲမက်ဖွယ်ရာ ဆိုသည့်ခေါင်းစဉ်ဖြင့် ခန့် မှန်းခြေအားဖြင့် ပရိဘောဂ ပစ္စည်း အမျိုးပေါင်း ၄၀ ခန့် အားး စီမံကိန်း၏အစိတ်အပိုင်းအဖြစ် ဖန်တီးပြသခဲ့ပါသည်။

Host & Home Project (အိမ်ရှင် နှင့် အိမ် လုပ်ငန်းစီမံကိန်း) အစိတ်အပိုင်း၏ အီတာလျံလူမျိုး ဗိသုကာ ပညာရှင် တစ်ဦးဖြစ်သူ Alberto Grassi မှ "ကျွန်တော်တို့ တွေက အများအားဖြင့် ၂၀ ရာစုနှစ် စတိုင် ခေတ်မီလှပတဲ့ စိတ်ကူးဒီဇိုင်းတွေကို အကြံပေးခြင်းအားဖြင့် ထိုင်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်း လုပ်ဆောင် ပါ တယ်။ အစပိုင်းမှာတော့ ကျွန်တော်တို့ တွေက လက်ရှိစတိုင်တွေပေါ်မှာ သုတေသနတွေ အများကြီး လုပ်ခဲ့ကြ တယ်။ အဲဒီနောက်မှာတော့ ဧည့်ဝတ်ပျူငှာမှုနဲ့ ဆိုင်တဲ့ စတိုင်က အိမ်မှာလိုပဲဆိုတဲ့ ခံစားချက် ကို ခံစားမိစေ တယ်ဆိုတဲ့အကြောင်းကို သိလာတယ်။ (ကုမ္ပဏီတစ်ခုပိုင်) ဟိုတယ်ကြီးတွေ မှာတောင် အခု နောက်ပိုင်းမှာ စီးပွားရေး ဆန်တဲ့ အခန်းတွေထက် လှပပြီးနှစ်လိုဖွယ်ကောင်းတဲ့စတိုင် ရှိတဲ့အခန်းတွေကို ပြင်ဆင်ထား ကြ တယ်" ဟု ဆိုပါသည်။

Grassi ၏ပြောကြားချက်အရ၊ အီတာလျံလူမျိုးအဖွဲ့ သည် ထိုင်းကုမ္ပဏီများ၏ နားလည်နိုင်စွမ်းနှင့် ဤရသနှင့် ဒီဇိုင်းပေါ်လွင်အောင်ဖန်တီးနိုင်စွမ်းတို့ အား အားကျကြကြောင်း သိရှိရပါသည်။

၎င်းမှ "Host & Home collection ကိုဖန်တီးဖို့ အတွက် ဒီစီမံကိန်းမှာ ကျွန်တော်တို့ တွေက အရမ်းကို တော်တဲ့ အထည်၊ ပရိဘောဂ ကုမ္ပဏီတွေနဲ့ ပူပေါင်းဆောင်ရွက်ရတဲ့ အခွင့်အရေးကို ရရှိခဲ့ပါတယ်။ ထိုင်းထုတ်လုပ်သူ တွေ ရဲ့ အရည်အချင်းကလည်း အရမ်းကောင်းမွန်ကြသလို ဈေးနှုန်းကလည်း ကောင်းမွန်ပါတယ်။ ဒီဇိုင်းတစ်ခု အတွက် ရောင်းရတာတစ်ခုတည်းက အရေးမကြီးပါဘူး။ ဈေးနှုန်း နဲ့  ကုန်ပစ္စည်းအရောက်ပို့ နိုင်မဲ့အချိန် ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တွေက အခုဆိုရင် ဈေးကွက်ရှာဖွေရေးကို လုပ်နေကြ ပါတယ်" ဟုပြောပြပါသည်။

စီမံကိန်း၏ နောက်ထပ်ခြေလှမ်းမှာ ပစ္စည်းများကို အမေရိကန်နိုင်ငံနှင့် အာရှတိုင်းပြည်များတွင် မရောင်းချမီ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၌ ကျင်းပမည့် Maison d'Objet ကုန်စည်ပြပွဲ၊ ထို့  နောက် အီတလီနိုင်ငံရှိ မီလန်မြို့ များ၌ ပြသသွားမည်ဖြစ်ကြောင်း Massarente မှ ထုတ်ဖော်ပြောကြား ပါသည်။

BIG+BIH တွင် အခြားစီမံကိန်းများ နှင့် အထူးစိတ်ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာများဖြစ် ကြသည့် အသက် အရွယ်ကြီးရင့်သည့် နိုင်ငံသားများအတွက် ထုတ်ကုန်များ၊ အသက် ၆၀ ကျော် အရွယ်များ အတွက် စီမံကိန်း (60+ Project)၊ ASEAN-Plus ပြပွဲ၊ OTOP ၏ထိပ်တန်းပြပွဲ နှင့် ၀န်ကြီးချုပ်၏ ပို့ ကုန်ဆိုင်ရာဆု နှင့် ထိုင်းနိုင်ငံ၏ယုံကြည်စိတ်ချရသည့် အမှတ်သင်္ကေတ (Thailand Trust Mark) ဆု များရရှိထားသည့် ဒီဇိုင်းများကိုလည်း ပြသထားပါသည်။

DITP မှ တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ကျင်းပသည့် BIG+BIH ပြပွဲများအား လိုက်ဖ်စတိုင်ထုတ်ကုန်များအတွက် ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး ကုန်သွယ်ရေးပွဲတစ်ခုအဖြစ်လည်းကောင်း၊ အာဆီယံ၏ အကြီးမားဆုံး အရည် အသွေးကောင်းမွန်သည့် ထုတ်ကုန်များဆိုင်ရာရင်းမြစ်အဖြစ်လည်းကောင်း ကျယ်ကျယ်ပြန့် ပြန့် အသိအမှတ် ပြုခြင်းခံထားရပါသည်။ နောက်ထပ်တစ်ကြိမ်ပြုလုပ်မည့် BIG+BIH ပွဲအား BITEC Bangna ၌ အောက်တိုဘာလ ၁၉ ရက်မှ ၂၃ ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပါသည်။

DITP ၏ခွင့်ပြုချက်ဖြင့် သတင်းအချက်အလက်များအား ရယူဖော်ပြပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

367668