Issue 51

မေလ ၂၅ ရက်မှ ၂၉ ရက်နေ့ ထိ ကျင်းပပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် THAIFEX-World of Food Asia ပြပွဲကြီးတွင် တီထွင်ဆန်းသစ်ထားသည့် ပစ္စည်းများ၊ နာမည်ကြီးစားဖိုမှူးများနှင့် နောက်ဆုံးပေါ် စားသောက် ကုန် နှင့် အဖျော်ယမကာများကို တင်ဆက်ပြသခဲ့ပါသည်။

DITP၊ ထိုင်းကုန်သည်ကြီးများအသင်းနှင့် Koelnmesse GmbH တို့ မှပူးတွဲ ကြီးမှူးကျင်းပသည့် THAIFEX-World of Food Asia ပြပွဲကြီးသည် ကမ္ဘာအရပ်ရပ်မှထွက်ရှိသော စားသောက်ကုန်နှင့် အဖျော်ယမကာများ ဆိုင်ရာကြီးမားကျယ်ပြန့်  ၍ ပြီးပြည့်စုံသောပြပွဲကြီးဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄.၄ ဘီလီယံ ရရှိ ခဲ့သော စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်း ကဏ္ဍသည် ထိုင်းနိုင်ငံ၏အဓိကလုပ်ငန်းများတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။

ဒုတိယ၀န်ကြီးချုပ် Somkid Jatusripitak မှ "စားသောက်ကုန်လုပ်ငန်းက တိုင်းပြည်ရဲ့ အရေးပါတဲ့ လုပ်ငန်း ကဏ္ဍ တွေထဲကတစ်ခုဖြစ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ စားသောက်ကုန်လုပ်ငန်းရဲ့ အနာဂတ်ကို ဖန်တီးပေးဖို့  အတွက် စားသောက်ကုန်ရဲ့ အရည်အသွေးနဲ့ ထုပ်ပိုးမှုပုံစံတွေကို သုတေသနပြု ပြီး ဖွံ့ ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ့် 'Food Innopolis' ဆိုတဲ့ မူကိုအကောင်အထည်ဖော်ဆောင်ပြီး ဖြစ်ပါတယ်" ဟုဆိုပါသည်။

အစိုးရမှ စားသောက်ကုန်တင်ပို့ ရောင်းချရသည့်ပမာဏအား လာမည့် နှစ်အနည်းငယ်အတွင်း နှစ်စဉ် ၁၀ % တိုးတက်သွားရန်အတွက် မျှော်မှန်းထားသော်လည်း၊ ကုန်သွယ်ရေးဝန်ကြီးငှာနကမူ ၂၀၁၆ ခုနှစ်အတွက် ပိုမို လျော်ကန်သင့်မြတ်သော ဦးတည်ချက်ဖြစ်သည့် ၃% တိုးတက်သွားရန်အတွက် ချမှတ်ဆောင်ရွက်လျက်ရှိပါ သည်။

Jatusripitak မှ "၀န်ကြီးငှာနအနေနဲ့ ကလည်း ဟာလာ စားသုံးသူတွေ၊ အမေရိကန်နိုင်ငံက စပိန်စကားပြောတဲ့ လူတွေအပြင် အရှေ့ အလယ်ပိုင်း၊ လက်တင်အမေရိက၊ အာဖရိက နဲ့ ရုရှား ကဈေးကွက်သစ် တွေလိုမျိုး

စားသုံးသူ အုပ်စုသစ်တွေကို ဦးတည်ဖို့ အတွက်ရည်မှန်းထားပါတယ်" ဟုဆိုပါသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသည် နိုင်ငံပေါင်း ၂၀၀ ကျော်သို့ စားသောက်ကုန်များတင်ပို့ ရောင်းချလျက်ရှိပါသည်။

ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ "စားသောက်ကုန်လုပ်ငန်းက ထိုင်းနိုင်ငံရဲ့ စားသောက်ကုန် တည်ငြိမ်မှုရှိအောင် ပံ့ပိုးပေးနေတဲ့အပြင် အာဆီယံဒေသရဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ငှာနချုပ် ဖြစ်လာဖို့  အတွက်လည်း ကူညီပေးနေပါတယ်" ဟုဆိုပါသည်။

ထိုင်းနိုင်ငံသည် စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်းတွင် အာရှ၏ အဓိကနိုင်ငံဖြစ်လာနိုင်ကြောင်း THAIFEX ၏ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် Koelnmesse မှဆိုပါသည်။

Koelnmesse၊ အာရှ ပစိဖိတ် ၏ မန်းနေဂျင်းဒါရိုက်တာ နှင့် ဒု ဥက္ကဌ တစ်ဦးဖြစ်သူ Michael Dreyer မှ "THAIFEX-World of Food Asia က အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းမှာ ကမ္ဘာ့ အဖွဲ့ ဝင်တစ်ဦး အဖြစ် အာရှ နဲ့ ကမ္ဘာကြီးကို ဆက်စပ်ပေးတာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းရဲ့ တကယ့်ကို စံထားရလောက်တဲ့အဓိကအချက်အချာကျတဲ့ နေရာဖြစ်ပြီး THAIFEX အတွက် ပြီးပြည့်စုံတဲ့ နေအိမ်တစ်ခုပါပဲ" ဟုပြောဆိုခဲ့ပါသည်။

THAIFEX 2016 တွင် ဟာလာဇုံ၊ ထိုင်းဆေးဖက်ဝင်အပင်များဇုံ၊ အော်ဂဲနစ် စူပါမားကက်၊ 60+ ပရောဂျက်၊ Viva လက်ဖက်ရည်ဆိုင်၊ စားဖိုမှူးများ၏ စိန်ခေါ်ခြင်းများနှင့် Celebrity Coffee Bar ၌သရုပ်ပြပွဲများ၊ အထူး ညီလာခံများနှင့်ဆွေးနွေးညှိနှိုင်းပွဲများ ပါဝင်ပါသည်။ ပြပွဲအား ပြပွဲ ပြသသူများအတွက် ၀ယ်ယူသူဖောက်သည် သစ်များ နှင့်ချိတ်ဆက်မိသကဲ့သို့ ၎င်းတို့ ၏ထုတ်ကုန်သစ်များကိုလူသိများလာအောင်လုပ်ဆောင်နိုင်သည့် အရေးပါသော နေရာတစ်ခုအဖြစ်ရှုမြင်ကြပါသည်။

နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်သို့  သစ်သီးခြောက်နှင့် သရေစာများတင်ပို့ ရောင်းချနေသူ၊ ထိုင်းတန်ရား (Thai Tanya) ၏အထွေထွေမန်နေဂျာဖြစ်သူ Amnart Ussavachaiyakul မှ "ထိုင်းနိုင်ငံက ကမ္ဘာ့မီးဖိုချောင်ကြီး ဖြစ်လာနိုင်မယ်လို့ ယုံကြည်တယ်။ THAIFEX က ကျွန်တော်တို့ ရဲ့ ထုတ်ကုန်သစ်တွေကို နှစ်တိုင်း လူသိများလာအောင် ကူညီပေးပါတယ်" ဟုဆိုပါသည်။

ယခုနှစ်ပြပွဲကြီးတွင် နိုင်ငံပေါင်း ၄၀ မှ ပြပွဲ ပြသသူပေါင်း ၁,၉၁၉ ဦးမှပါဝင်ပြသခဲ့ကြပါသည်။ူ ဧည့်သည်ပေါင်း ၃၈,၀၀၀ ခန့် လာရောက်လည်ပတ်ကြည့်ရှုခဲ့ပါသည်။

DITP ၏ ညွှန်ချုပ် Malee Choklumlerd မှ "ပြပွဲကြီးကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀ ကျော် (ထိုင်း ဘတ် ၉.၆၄ ဘီလီယံ) ရရှိခဲ့ပါတယ်။ အဲဒီရရှိငွေတွေထဲက အမေရိကန်ဒေါ်လာ ၂၆၈ သန်းက စီးပွားရေးဆိုင်ရာ သုံးရက်တာ စေ့စပ်ဆွေးနွေးညှိနိုင်းပွဲတွေကနေရခဲ့တာပါ" ဟုဆိုပါသည်။ အမေရိကန်ဒေါ်လာ ၄၃ သန်း (ထိုင်း ဘတ် ၁.၅၅ ဘီလီယံ) အား တစ်နှစ်အတွင်းနောက်ထပ်ရောင်းချနိုင်မည့်တန်ဖိုးဖြစ်သည့် အမေရိကန် ဒေါ်လာ ၂၂၄ သန်း (ထိုင်းဘတ် ၇.၉၉ ဘီလီယံ) နှင့်အတူ် စာရင်းသွင်းထားခြင်းဖြစ်ပါသည်။ ၄င်းပြင်၊ လက်လီရောင်းချ ရသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၃ သန်းကျော် (ထိုင်းဘတ် ၈၃ သန်း) ဖြစ်ပါသည်။

Choklumlerd မှ "ပြပွဲကြီးမှာThaitrade.com ကလည်း စီးပွားရေးလိုက်ဖက်ညီကိုက်ညှိတဲ့ဆောင်ရွက်မှုတွေ မှာပါဝင်ကူညီပေးခဲ့သလို စီးပွားရေးလုပ်ငန်းပေါင်း ၃၂၆ ခုအတွက်စေ့စပ်ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်နိုင်ခဲ့တယ်" ဟုဖြည့်စွက်ပြောကြားပါသည်။

မေလ ၃၁ ရက်မှ ဇွန်လ ၄ ရက်နေ့ ထိ ဘန်ကောက်၊ မွမ်ထုံထနီ ရှိ IMPACTတွင်ပြုလုပ် ကျင်းပမည့် THAIFEX-World of Food Asia 2017 အား DITP မှအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။

ပြပွဲကြီးတွင်ပါဝင်ရန်အတွက် စိတ်ပါဝင်စားကြသူများမှ ပိုမိုသိရှိလိုပါက www.ditp.go.th သို့ မဟုတ် www.thaitradefair.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

DITP ၏ခွင့်ပြုချက်ဖြင့် သတင်းအချက်အလက်များနှင့်ဓာတ်ပုံများအား ရယူဖော်ပြပါသည်။

Pimsirinuch Borsub မှရေးသားတင်ဆက်သည်။

 

 

 

365354