Issue 50

ထိုင်းနိုင်ငံ၏ lifestyle ထုတ်ကုန်ပစ္စည်းများကဏ္ဍသည် အခြေအနေကောင်းမွန်ဆဲပင်ဖြစ်ကြောင်း ဘန်ကောက် တွင် တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပသည့် လက်ဆောင် ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများပြပွဲမှ ထင်ရှားစွာတွေ့ မြင် နိုင်ပါသည်။

ဧပြီလ ၁၉ ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လက်ဆောင်ပစ္စည်းများပြပွဲနှင့် ဘန်ကောက် အပြည်ပြည်ဆိုင်ရာအိမ်သုံးပစ္စည်းများပြပွဲ(BIG+BIH) ၏ ဖွင့်ပွဲအခမ်းအနားတွင် DITP ၏ ညွှန်ကြား ရေးမှူးချုပ် Malee Choklumlerd မှ "lifestyle ထုတ်ကုန်ကဏ္ဍက ထိုင်းနိုင်ငံရဲ့ အရမ်းကိုအရေးပါတဲ့ အဓိက လုပ်ငန်းကဏ္ဍတွေထဲကတစ်ခုဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။

DITP မှကြီးမှူး ၍ တစ်နှစ်လျှင်ကျင်းပသည့် BIG + BIH ပြပွဲကြီးသည် lifestyle ထုတ်ကုန်များအတွက် ထိုင်းနိုင်ငံ ၏ရှေ့ ဆောင်ကုန်သွယ်ရေးအခမ်းအနားပြပွဲကြီးဖြစ်ပြီး အရည်အသွေးမြင့်ဒီဇိုင်းထုတ်ကုန်များအတွက် အာဆီယံ ၏အကြီးမားဆုံးသောရင်းမြစ်ကြီးလည်းဖြစ်ပါသည်။

Choklumlerd မှ "BIG+BIH အမွှာပြပွဲကြီးက လုပ်ငန်းရှင်တွေအတွက် သူတို့ ရဲ့ ဒီဇိုင်းတွေ၊ ထုတ်ကုန် တိုးတက်မှု တွေနဲ့ တန်ဖိုးရှိတဲ့ဖန်တီးမှုတွေကို ဖော်ထုတ်ပြသနိုင်မဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးစင်မြင့်ကြီးအဖြစ် ရှုမြင် ခြင်းခံရတယ်။ ဈေးကွက်သစ်အတွက်လမ်းကြောင်းတွေနဲ့ ဖောက်သည်သစ်တွေကို တွေ့ ရှိနိုင်ဖို့  ပြပွဲကြီးက ကူညီပေးပါတယ်။ ဒါကြောင့် ထိုင်းထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ကမ္ဘာ့ဈေးကွက်တွေထဲကို ပိုပြီးထိုး ဖောက်ဖို့ အတွက် တွန်းအားတွေဖြစ်စေပါတယ်" ဟုဆိုသည်။

ယခု ဧပြီလအတွက် BIG+BIH ၏အဓိကခေါင်းစဉ်မှာ ASEAN LIFE+STYLE ဖြစ်ပါသည်။ ပြပွဲကြီးတွင် ထိုင်းနိုင်ငံ နှင့် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂါနာ၊ မလေးရှား၊ ဗီယက်နမ်၊ ဂျပန်၊ မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ကုမ္ပဏီများအပါအ၀င် နိုင်ငံရပ်ခြားမှ စီးပွားရေးလုပ်ငန်း ၄၀၀ ကျော်တို့ မှပါဝင်ပြသခဲ့ပါသည်။ ပြပွဲကြီး ၌ ဆိုင်ခန်း ပေါင်း ၁,၂၀၂ ခန်း ရှိခဲ့ပြီး ကမ္ဘာအနှံ့ မှဧည့်ပရိသတ်ပေါင်း ၅၀,၀၀၀ ကျော် တို့ မှလာရောက်လေ့လာကြည့်ရှုခဲ့ကြ ပါသည်။ ငါးရက်တာပြပွဲအတွင်း အမေရိကန်ဒေါ်လာ ၄၅ သန်း (ထိုင်းဘတ်ငေံ ၁.၆ ဘီလီယံ) ကျော် အားရရှိခဲ့ပါ သည်။

 

"ပြီးခဲ့တဲ့နှစ် BIG+BIH ပြပွဲကြီးမှာ တင်ပို့ ရောင်းချရတဲ့ကဏ္ဍကနေ တန်ဖိုးငွေပေါင်း အမေရိကန်ဒေါ်လာ ၂.၇၈ ဘီလီယံ (ထိုင်းဘတ်ငွေ ၉၈.၆၈၄ ဘီလီယံ) ရခဲ့တယ်" ဟု Choklumlerd မှပြောပြပါသည်။

၂၀၁၆ ခုနှစ်၏ ပထမနှစ်လအတွင်း lifestyle ထုတ်ကုန်လုပ်ငန်းကဏ္ဍ၏ စာရင်းအရ တင်ပို့  မှုလုပ်ငန်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၁၃.၁၀ သန်း (ထိုင်းဘတ်ငွေ ၁၄.၆၈၁ ဘီလီယံ) ရရှိထားကြောင်း ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ပြောကြားပါသည်။

ယခုနှစ်ပြပွဲ၏ အဓိကအကြောင်းအရာများတွင် H & H သို့ မဟုတ် Host and Home Project၊ အသက်အရွယ် ကြီးရင့်သည့် နိုင်ငံသားများအတွက် ထုတ်ကုန် ပစ္စည်းများ၊ 60+ ပရောဂျက်၊ ASEAN-Plus ပြပွဲ၊ Top of OTOP ပြပွဲ၊ Pet Café သစ်ပြပွဲနှင့် ၀န်ကြီးချုပ်၏ပို့ ကုန်ဆု (the Prime Minister's Export Award) နှင့် Thailand Trust Mark များမှ ချီးမြှင့်ခဲ့သည် ဆုရဒီဇိုင်းများလည်း ပါဝင်မည်ဖြစ်ပါသည်။

ပြပွဲ ၌ ပါဝင်တက်ရောက်ခဲ့သည့် လူများမှ ပြပွဲကြီးသည် အားနှင့်မာန်နှင့် ဆက်လက်၍သွားနေဦးမည်ဖြစ်ကြောင်း ဆိုကြပါသည်။

ဗီယင်နာ အခြေစိုက် Wohnkultur Interior Design Publication ၏သတင်းထောက် Christian Strohmayer မှ "BIG+BIH ပြပွဲကိုနှစ်အနည်းငယ်လောက်သွားဖူးတယ်။ ပြပွဲကြီးက ထုတ်ကုန်အမျိုးမျိုးနဲ့ ပိုပြီးကြီးကျယ်ခမ်းနား လာတယ်" ဟုဆိုပါသည်။

PYC Union Trading မှ Kamonrat Atipalungkool သည် "BIG+BIH ကတော့ အကောင်းဆုံးဈေးကွက် နေရာ တစ်ခုပါပဲ။ ကျွန်တော်/မတို့ တွေရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေကို ပြသနိုင်တဲ့ နေရာတစ်ခုဖြစ်တာတင်မက ၀ယ်ယူအားပေးသူတွေနဲ့ တွေ့ ဆုံပြီး သူတို့ တွေ လိုချင်တဲ့၊ ကျွန်တော်/မတို့ ပိုင်းကလည်း ပိုမိုကောင်းမွန်အောင် ပြုပြင်သင့်တဲ့ လိုအပ်ချက်တွေကို နားထောင်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်" ဟုဆိုပါသည်။

BIG+BIH ဧပြီလ ၂၀၁၆ ခုနှစ်ပြပွဲအား ဘန်ကောက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ပြပွဲစင်တာ (Bangkok International Trade & Exhibition Centre) ၌ ဧပြီလ ၁၉ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ ပြုလုပ်ကျင်းပခဲ့ပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.bigandbih.com. အားဖတ်ရှုလေ့လာနိုင်ပါသည်။

သတင်းအကြောင်းအရာများအား DITP ၏ခွင့်ပြုချက်ဖြင့် ရေးသားဖော်ပြပါသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။

 

 

 

387956