Issue 49

အာရှ၏ ဒုတိယအကြီးကျယ်ဆုံး စားသောက်ကုန်စည်ပြပွဲကြီးတွင် နိုင်ငံပေါင်း ၄၀ ရှိ ကုမ္ပဏီပေါင်း ၁,၈၀၀ ကျော် တို့ မှ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။

DITP၊ ထိုင်းကုန်သည်ကြီးများအသင်းနှင့် Koelnmesse GmbH တို့ ပူးတွဲကျင်းပသည့် THAIFEX- အာရှ စားသောက်ကုန်ကမ္ဘာ ပြပွဲကြီးသည် မကြာမီနှစ်များအတွင်း ထိုင်းစားသောက်ကုန်တင်ပို့ သည့်လုပ်ငန်းအား သိသာထင်ရှားစွာ တိုးတက်လာစေခဲ့သည့်သာမက တိုင်းပြည်၏စီးပွားရေးကိုလည်း အထောက်အကူဖြစ်စေ ခဲ့ပါ သည်။

DITP ၏ညွှန်းကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်းနိုင်ငံကို ကမ္ဘာ့မီးဖိုချောင်ကြီးအဖြစ် ထင်ရှားလာစေဖို့  အတွက် THAIFEX- အာရှ စားသောက်ကုန်ကမ္ဘာပြပွဲကြီးက ကျွန်မတို့ ဆောင်ရွက်တဲ့နည်းဗျူဟာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက်ကြောင့် ကမ္ဘာ့ဈေးကွက်ထဲမှာ ထိုင်းစားသောက်ကုန်တွေနဲ့ စားသောက်ကုန် ဆိုင်ရာဝန်ဆောင်မှုတွေကို လူတွေကပိုပိုပြီးလက်ခံလာနေကြပါပြီ" ဟုဆိုပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်စားသောက်ကုန်တင်ပို့ သည့်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂၄.၄ ဘီလီယံ ရရှိခဲ့ပါသည်။ ယခုနှစ်တွင်၊ အာဆီယံတိုင်းပြည်များ၊ တရုတ်နိုင်ငံနှင့် အရှေ့ အလယ်ပိုင်းဒေသ စသည့် ဈေးကွက်များသို့ ပို့ ကုန် တိုးမြင့်တင်ပို့ ရန် အတွက် DITP မှစီစဉ်ထားပါသည်။ ငှာန၏နည်းဗျူဟာအဖြစ် THAIFEX သည်အရေးပါသော အခန်းကဏ္ဍမှပါဝင်နေပါသည်။

"နှစ်စဉ်ကျင်းပတဲ့ ဒီပြပွဲက ထိုင်းနိုင်ငံနဲ့ ဒေသတွင်း စားသောက်ကုန်နဲ့ အဖျော်ယမကာလုပ်ငန်းတိုးတက်ကြီးပွားဖို့  အတွက် မရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဘာကြောင့်ဆိုရင် အခြားနိုင်ငံတွေ ထုတ်လုပ်သူ တွေ ကလည်း သူတို့  တွေရဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို ဒီပြပွဲမှာလာပြီး ပြကြသလို စီးပွားရေးမိတ်ဖက်သစ် တွေကိုလည်းလာရှာကြတဲ့အတွက်ဖြစ်ပါတယ်" ဟု Choklumlerd မှဆိုပါသည်။

၂၀၁၅ ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ငါးရက်ပြပွဲကြီးမှ အမေရိကန်ဒေါ်လာ ၂၃၄ သန်း (ထိုင်းဘတ် ၈,၁၈၉ သန်း) ရရှိ ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀ (ထိုင်းဘတ် ၁,၄၀၆ သန်း) အား ချက်ချင်းလက်ငင်း ဖြစ်ပေါ် စီးပွားရေး လုပ်ငန်း၊ အမေရိကန် ဒေါ်လာ ၁၉၂ သန်း (ထိုင်းဘတ် ၆,၇၀၉.၂ သန်း) အား တစ်နှစ်အတွင်း ရောင်းချနိုင် သည့်ဖြစ်နိုင်ခြေ၊ နောက်ထပ် အမေရိကန်ဒေါ်လာ ၂ သန်း (ထိုင်းဘတ် ၇၃.၈ သန်း) အားလက်လီရောင်းချရခြင်း စသည့် ကဏ္ဍအသီးသီးမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။

THAIFEX ပြပွဲကြီးသည် လွန်ခဲ့သည့်နှစ်တွင် တရုတ်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဂျပန်၊ ထိုင်ဝမ်၊ ဂျာမနီ၊ အီတလီ၊ စင်္ကာပူ၊ ဗီယက်နမ် နှင့် တူရကီ နိုင်ငံများမှလာရောက်ကြသည့် စားသောက်ကုန်ပြသသူများအပါအ၀င် နိုင်ငံခြားသားဧည့်သည် ၆,၄၄၂ ဦး၏စိတ်ကိုဆွဲဆောင်နိုင်ခဲ့ပါသည်။

Choklumlerd မှ ၂၀၁၆ ခုနှစ် THAIFEX ပြပွဲကြီးသည် ဘန်ကောက်၊ မွမ်ထုံထနီ၊ IMPACT တွင် မေလ ၂၅ ရက်မှ ၂၉ ရက်ထိ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ယခင်နှစ် ပြပွဲကဲ့သို့  အောင်မြင်လိမ့်မည်ဟု မျှော်လင့်နေပါသည်။

သူမမှ "ကျွန်မတို့ က ဒီနှစ်ရဲ့ ချက်ချင်းလက်ငင်းလုပ်ငန်းတွေနဲ့ လက်လီရောင်းရတဲ့ တန်ဖိုးတွေက အရင်နှစ် အောက် မလျော့ဘူးလို့ မျှော်လင့်ပါတယ်။ ဘာလို့ လဲဆိုရင် ကျွန်မတို့ ကုန်သွယ်ရေးမိတ်ဖက်တွေရဲ့ စီးပွားရေး တွေကပိုပြီး ကောင်းမွန်နေ ပြီးဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်၊ စားသောက်ကုန်ဝယ်လိုအားလည်း တိုးတက် လာလိမ့်မယ် လို့  အကြမ်းဖျင်းအားဖြင့်ခန့် မှန်းထားပါတယ်" ဟုဆိုပါသည်။

DITP မှနိုင်ငံအနှံ့ ရှိ ထိုင်းလုပ်ငန်းရှင်များကို ပြပွဲကြီးတွင်ပါဝင်ကြရန်အတွက် အားပေးတိုက်တွန်းထားပါသည်။ ပြပွဲ ကြီးတွင် စားသောက်ကုန်လုပ်ငန်းနှင့် ၄င်း၏ ခေတ်ရေစီးကြောင်းဆိုင်ရာ သင်တန်းပို့ ချခြင်းအစီအစဉ်များ၊ ဆွေးနွေးပွဲများ အပြင် ထိုင်းစားသောက်ကုန်တင်ပို့ သူများအား အကြံဥာဏ်ပေးအပ်ခြင်းအစီအစဉ်များကိုလည်း စီစဉ်ထားရှိပါသည်။

THAIFEX- အာရှ စားသောက်ကုန်ကမ္ဘာ ၂၀၁၆ ခုနှစ်ပြပွဲကြီးအား ကုန်သွယ်မှုအတွက် မေလ ၂၅ ရက်နေ့ မှ ၂၉ ရက်နေ့ (နံနက် ၁၀ နာရီ မှ ညနေ ၆ နာရီ) ထိဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ပြီး အများပြည်သူအတွက် မေလ ၂၈ ရက် နေ မှ့ ၂၉ ရက်နေ့ (နံနက် ၁၀ နာရီမှ ညနေ ၈ နာရီ) ထိဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက www.ditp.go.th နှင့် www.thailandfoodfair.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

သတင်းအချက်အလက်နှင့် ဓာတ်ပုံများကို DITP ၏ ခွင့်ပြုချက်ဖြင့် ရယူပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

 

368782