Issue 48

ထိုင်းအော်တိုပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သူများမှ သဘာ၀၀န်းကျင်အားထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေခြင်း မရှိသည့် ၄င်းတို့ ၏နောက်ဆုံးပေါ်ထုတ်ကုန်ပစ္စည်းများကို TAPA ၂၀၁၆ ခုနှစ်ပြပွဲအဖြစ်ပြသခဲ့ကြပါသည်။

ထိုင်းနိုင်ငံသည် အချိန်ကာလအတန်ကြာကတည်းကပင် ကမ္ဘာပေါ်ရှိအော်တိုပစ္စည်းအစိတ်အပိုင်းနှင့် မော်တော်ကား ထုတ်လုပ်သည့်လုပ်ငန်းများအတွက် အရေးပါသည့်ဗဟိုချက်မဖြစ်ပါသည်။ ဧပြီလ ၇ ရက်မှ ၁၀ ရက်နေ့ အထိ ဘန်ကောက် BITEC ၌ ပြုလုပ်ကျင်းပခဲ့သည့် "Thailand Auto Parts & Accessories 2016 (TAPA 2016)" ပြပွဲ၏အဓိကရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများအလယ်တွင် အော်တိုပစ္စည်းအစိတ်အပိုင်း နှင့် တွဲဖက်အသုံးအဆောင်ပစ္စည်းများ၏ ဗဟိုချက်မဖြစ်လာသည့် ထိုင်းနိုင်ငံအား မီးမောင်းထိုးပြရန်ပင်ဖြစ်ပါသည်။

"ထိုင်းနိုင်ငံက မော်တော်ကားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ရင် အာဆီယံနိုင်ငံတွေရဲ့ ရှေ့ ဆောင်လမ်းပြတစ်ဦး ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မတို့ မှာ အော်တိုပစ္စည်းအစိတ်အပိုင်းနဲ့ တွဲဖက်အသုံးအဆောင်ပစ္စည်းလုပ်ငန်းနဲ့  ပတ်သက်တဲ့ ကျွမ်းကျင်မှုနဲ့ မြင့်မားတဲ့ထုတ်ကုန်အရည်အသွေးတွေရှိတယ်။ ဒီလုပ်ငန်းတွေကတိုင်းပြည်ရဲ့  စီးပွားရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေတယ်" ဟု ပြပွဲတွင် ကုန်သွယ်ရေးဝန်ကြီးငှာန DITP ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှပြောဆိုပါသည်။

Choklumlerd ၏ပြောကြားချက်အရ ၂၀၁၅ ခုနှစ်တွင် အဓိကအရေးပါသည့် တင်ပို့ ရောင်းချသည့်ဈေးကွက်များ ဖြစ်ကြသော သြစတြေးလျ၊ ဖိလစ်ပိုင် နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ မော်တော်ကားတင်ပို့ ရောင်းချသည့် လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၁၉.၂ ဘီလီယံနှင့် ၀ယ်ယူသူများစာရင်းတွင် ထိပ်တန်း၌ရပ်တည်နေကြသည့် ဂျပန်၊ အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံများသို့  အော်တိုပစ္စည်းအစိတ်အပိုင်းနှင့် တွဲဖက်အသုံးအဆောင်ပစ္စည်းများ တင်ပို့ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံတို့ အားရရှိခဲ့ကြောင်းသိရှိခဲ့ရပါသည်။

"ထိုင်းနိုင်ငံမှာရှိတဲ့ မော်တော်ကားကုမ္ပဏီတွေအတွက် အော်တိုပစ္စည်းအစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးတာ တွေအပြင်၊ ထုတ်ကုန်ဖွံ့ ဖြိုးတိုးတက်ဖို့ နဲ့ ဈေးကွက်အခွင့်အလမ်းတွေရှိလာမယ်ဆိုရင် အော်တိုပစ္စည်းအစိတ် အပိုင်း ထုတ်လုပ်သူတွေကလည်း အစားထိုး အော်တိုပစ္စည်းအစိတ်အပိုင်းတွေနဲ့ တွဲဖက်အသုံးအဆောင်ပစ္စည်း တွေကို ထုတ်လုပ်နိုင်ကြပါတယ်" ဟု စက်မှုလုပ်ငန်းဝန်ကြီးငှာန၏ အမြဲတမ်းအတွင်းဝန် Arthit Wuthikaro မှ ပြောပြပါသည်။

ထိုင်းအော်တိုပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သူများအဖွဲ့ (The Thai Auto Parts Manufacturers Association) မှ လုပ်ငန်းကြီးကို ဆက်လက်အားပေးပံ့ပိုးကူညီလျက်ရှိပါသည်။ အထူးသဖြင့် ထိုင်းအမှတ်တံဆိပ်များ တိုးတက်ဖွံ့  ဖြိုးလာစေရန်အတွက်နှင့် အော်တိုပစ္စည်းအစိတ်အပိုင်းနှင့် မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းများရှိ ၀န်ထမ်း များကို လေ့ကျင့်သင်ကြားပေးရာတွင်ဖြစ်ပါသည်။

ထိုင်းအော်တိုပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သူများအဖွဲ့ ဥက္ကဌ ဖြစ်သည့် Anchana Limpaitoon မှ "ထိုင်းအော်တို ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သူတွေအနေနဲ့  ကမ္ဘာအနှံ့ ဖြစ်ပေါ်နေတဲ့ ခေတ်ရေစီးကြောင်းအရ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးဆုံးရှုံးမှုမဖြစ်စေတဲ့ အရည်အသွေးရှိတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ထုတ်လုပ်ဖို့ အတွက် သတိမူ သင့်ပါတယ်။ ဒီနှစ်မှာ ကုန်ပစ္စည်းတင်ပို့ ရောင်းချတဲ့လုပ်ငန်းက ၃% ကနေ ၅%အထိတိုးတက်လာ လိမ့်မယ်လို့  အဖွဲ့ ကြီးက မျှော်လင့်ထားတယ်" မှဆိုပါသည်။

ထိုင်းအော်တို ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သူများအဖွဲ့ (Thai Auto Parts Manufacturers Association)၊ ထိုင်းအရန်(အပို)အော်တို ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သူများအဖွဲ့ (Thai Auto Parts Aftermarket Association)၊ ၀ိုရာချာ့အော်တိုမက်တစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ (Worachak Automotive Synergy Association) နှင့် ထိုင်းဆပ်ကန်ထရိုက်တိုးတက်ကြီးပွားအဖွဲ့ (Thai Subcontracting Promotion Association) တို့ သည် DITP နှင့် ပူးတွဲလျက် ထိုင်းနိုင်ငံတွင်းနှင့်နိုင်ငံရပ်ခြားမှ ပြသသူပေါင်း ၅၆၇ ဦးပါဝင်ပြသခဲ့သည့် TAPA ပြပွဲကြီးကိုပြုလုပ် ကျင်းပ် ခဲ့ကြပါသည်။

ပြပွဲတွင် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများတွင် အော်တိုပစ္စည်းအစိတ်အပိုင်းများနှင့် စက်အစိတ်အပိုင်းများ (OEM/REM)၊ အော်တိုတွဲဖက်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ဆီ/ချောဆီ/ပြုပြင် ထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာ ထုတ်ကုန်များ၊ ကိရိယာများ/ရောင်ခြယ်ဆိုးဆေးများနှင့် စက်များ၊ မော်တော်ယာဉ်များ၊ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ၀န်ဆောင်မှုများ၊ အိုင်တီနှင့် စီမံခန့် ခွဲမှုများ အားတင်ဆက်ပြသထားပါသည်။

ပြပွဲကြီးမှ ကုမ္ပဏီများအား ၄င်းတို့ ၏ထုတ်ကုန်သစ်များနှင့် တီထွင်ဆန်းသစ်မှုများကို ပြသခွင့်ပေးခဲ့ပြီး ထိုအရာကို အာဆီယံဒေသတွင်း ကုန်သွယ်ရေးတိုးချဲ့ နိုင်မည့်အခွင့်အရေးတစ်ရပ်အဖြစ်အသုံးချသွားမည်ဖြစ်ပါသည်။

"ကမ္ဘာ့အော်တိုပစ္စည်းအစိတ်အပိုင်းများဆိုင်ရာရင်းမြစ်ဗဟိုချက်မ: ရေရှည်တည်တံ့သောဖွံ့  ဖြိုး ကြီးထွားရေး အတွက် ၀န်းကျင်အားထိခိုက်မှုမရှိ ဆန်းသစ်တီထွင်ထားသော အရည်အသွေးမြင့်ထုတ်ကုန်" ဟူ သောခေါင်းစဉ် ဖြင့် ပြုလုပ်ခဲ့သောTAPA 2016 ပြပွဲတွင် လေထုညစ်ညမ်းမှုကိုလျှော့ချပေးနိုင်သည့်၊ စွမ်းအင်ချွေတာပေးနိုင်သည့်၊ ကမ္ဘာကြီးပူနွေးလာခြင်းကိုလျှော့ချပေးနိုင်သည့် ပတ်ဝန်းကျင်အားထိခိုက်ပျက်စီးမှုမဖြစ်စေသော ထုတ်ကုန်သစ် များနှင့် တီထွင်ဆန်းသစ်မှုများကိုပြသခဲ့ပါသည်။

ပြပွဲကြီးတွင် သရုပ်ပြပွဲပြခန်းများ၊ ထိပ်တန်းမော်တော်ကားများနှင့် အော်တိုပစ္စည်းထုတ်လုပ်သူများမှ နောက်ဆုံး ပေါ်ခေတ်မီနည်းပညာပြသခြင်းများပါဝင်ပါသည်။ ၄င်းပြင် အနာဂတ်ပို့ ကုန်တင်ပို့ ရောင်းချခြင်းဆိုင်ရာ ခေတ်ရေ စီးကြောင်းများ၊ ပို့ ကုန်တင်ပို့ ရောင်းချရာတွင်တွေ့ ကြုံနိုင်သည့် အခက်အခဲအတားအဆီးများ နှင့် ကုန်သွယ်ရေး ဆိုင်ရာအရေးပါသည့်အကြောင်းအရာများကဲ့သို့ သော ခေါင်းစဉ်များဖြင့် နှီးနှောဖလှယ်ပွဲများကိုလည်း ကျင်းပခဲ့ ကြပါသည်။

ပိုမိုသိရှိလိုပါက www.thailandautopartsfair.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတိုးတက်မြင့်တင်ရေးငှာန၏ သတင်းအချက်အလက်ဆိုင်ရာယဉ်ကျေးမှု ("Information courtesy of the Department of International Trade Promotion (DITP)")

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

386848