Issue 47

ဈေးကွက်တွင်းဦးဆောင်နေကြသည့် ဒီဇိုင်နာများနှင့် ထုတ်လုပ်သူများသည် ၄င်းတို့ ၏နောက်ဆုံးပေါ်ဒီဇိုင်းများကို ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပရိဘောဂပြပွဲ (Thailand International Furniture Fair) ကြီးတွင် ပါဝင်ပြသခဲ့ ကြသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ပရိဘောဂများကို အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ တရုတ် နှင့် ယူကေ အစရှိသည့် ထိပ်တန်းနိုင်ငံများသို့ တင်ပို့ ရောင်းချသည့် ကဏ္ဍမှနေ၍ ဘတ်ဘီလီယံပေါင်း ၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ) ကျော်အားရရှိခဲ့ပါသည်။

DITP မှကြီးမှူး၍ ထိုင်းပရိဘောဂလုပ်ငန်း ကလပ် (Thai Furniture Industry Club) နှင့် ထိုင်းပရိဘောဂ လုပ်ငန်းအသင်းအဖွဲ့  (Thai Furniture Industries Association) တို့ သည် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပရိဘောဂပြပွဲ (Thailand International Furniture Fair (TIFF 2016)) ကြီး၌ ဈေးကွက်တွင်း ဦးဆောင်နေကြ သည့် ကုမ္ပဏီပေါင်း ၁၈၀ နှင့် ဂုဏ်ယူစွာဖြင့် ပြသနိုင်ခဲ့ကြပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဒီနှစ်အတွက် အမေရိကန် နဲ့ တရုတ် နှစ်နိုင်ငံစလုံးက အရမ်းကို အရေးပါတဲ့ဈေးကွက်တွေဖြစ်နေတဲ့ပြီး ထိုင်းနိုင်ငံက ပရိဘောဂတွေကို အလုံးအရင်းနဲ့  တင်သွင်းဝယ်ယူ ကြဖို့ အတွက် မျှော်လင့်ပါတယ်။ ဒါကြောင့်၊ DITP က ပရိဘောဂ တင်ပို့ ရောင်းချတဲ့ကဏ္ဍ ကနေ မနှစ်ကထက် ၁၀% တိုးတက်လာမယ်လို့ မျှော်လင့်နေပါတယ်" ဟုဆိုပါသည်။

Impact၊ Muang Thong Thani တွင် "ASEAN Smart Living" ဆိုသည့် ခေါင်းစီးအောက်တွင် မတ်လ ၉ ရက် မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ကျင်းပခဲ့သည့် TIFF ၂၀၁၆ ခုနှစ် ပြပွဲကြီးတွင် သစ်လွင်လန်းဆန်း၍ စိတ်ကူးတီထွင် ဥာဏ်များဖြင့် ဖန်တီးထားသည့် အရည်အသွေးမြင့် ပရိဘောဂများကို ရည်ရွယ်ပြသခဲ့ပါသည်။ ပြပွဲကြီး၏ အဓိက အစီအစဉ်များတွင် ခေတ်ပေါ် I+D Style Café၊ Design Plant၊ Upcycling (စွန့် ပစ်ပစ္စည်းများကို အသုံးပြု၍ အရည်အသွေးမြင့်မားကောင်းမွန်သည့် ပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်ထားခြင်း) နှင့် Young Designer Showcase အစီအစဉ်များပါဝင်ပါသည်။

TIFF ၂၀၁၆ ခုနှစ်တွင် ချပြခဲ့သည့် စီမံကိန်းသစ်မှာ Thai Kagu လုပ်ငန်းစီမံကိန်းပင်ဖြစ်ပါသည်။ DITP နှင့် ဂျပန် နိုင်ငံပြင်ပကုန်သွယ်ရေးအဖွဲ့ အစည်း (Japan External Trade Organization (JETRO)) ပူးပေါင်း၍ ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုများအတွက် ပရိဘောဂအား ထုတ်လုပ်ရန်ဖြစ်ပါသည်။

Thai Kagu လုပ်ငန်းစီမံကိန်း၏ ပရိဘောဂ တီထွင်ကျွမ်းကျင်ပညာရှင် နှင့် ဒီဇိုင်နာ၊ L'Epice ၏စီအီးအိုဖြစ်သည့် Kohei Takata မှ "ဖျတ်လတ်တက်ကြွတဲ့ စီနီယာ ကဏ္ဍဆိုတာက အနားယူသွားပေမယ့် ရုပ်ခန္ဓာပိုင်းအရ သန်မာ ဆဲဖြစ်ပြီး အရွယ်ရောက်သားသမီးတွေက အဝေးကို ပြောင်းရွှေ့ ထွက်ခွာသွားကြတဲ့ စီနီယာတွေကို ဆိုလိုပါတယ်" ဟုပြောပြပါသည်။ ပြသထားသည့် ဒီဇိုင်းများသည် စီနီယာများ၏ အထူးသဖြင့်လိုအပ်ချက်များဖြစ်သည့် စားပွဲဝိုင်း နှင့် ပရိဘောဂများ မှသည် ခိုင်ခန့် သည့် ဆိုဖာများနှင့် သိပ်သည်းကျစ်လျစ်သပ်ရပ်ပြီး ပေါ့ပါးသည့် ပရိဘောဂများ အထိ စီနီယာများမှ လွယ်လင့်တကူ မိမိဘာသာရွှေ့ ပြောင်းနိုင်မည့် ဒီဇိုင်းများပါဝင်ပါသည်။

Takata မှ Salt and Pepper Design Studio၊ Deesawat Industries and Element 26 ကဲ့သို့ သော TIFF ၂၀၁၆ ခုနှစ် ပြပွဲကြီးတွင် အထူးဒီဇိုင်းပုံစံ နမူနာများကို ထုတ်လုပ်ပြသခဲ့ကြ သည့် ထိုင်းပရိဘောဂ ကုမ္ပဏီများ အပါအ၀င် လုပ်ငန်းစီမံကိန်းကြီးတွင် ပါဝင်ကြမည့် သူများအတွက် အထူးသင်ကြားပို့ ချမှုများ နှင့် ဆွေးနွေးအကြံ ဥာဏ်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ပါသည်။

"ထိုင်းနိုင်ငံက ပရိဘောဂထုတ်လုပ်သူတွေက အခြားနိုင်ငံတွေက ထုတ်လုပ်သူတွေနဲ့ စာရင် ဂျပန်နိုင်ငံရဲ့  ပရိဘောဂ ဈေးကွက်လိုအပ်ချက်ကို နားလည်ကြတယ်" ဟု Takata မှဆိုပါသည်။ ထိုင်းပရိဘောဂ ထုတ်လုပ်ငန်း ဆယ်ခုကို ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများမှ ဂျပန်နိုင်ငံဈေးကွက်သို့ တိုးချဲ့ ရန်အတွက် စိတ်ဝင်စားမှုရှိခြင်း၊ အရည်အသွေးမြင့် ဒီဇိုင်းပစ္စည်းများကို ထုတ်လုပ်နိုင်စွမ်းရှိခြင်း နှင့် ဒီဇိုင်းအယူအဆ သဘော တရားကို နားလည်နိုင်စွမ်းခြင်း များပင်ဖြစ်ပါသည်။

TIFF ၂၀၁၆ ခုနှစ် ပြပွဲကြီးတွင် ပြုလုပ်ခဲ့သည့် အစီအစဉ်များတွင် Kasetsart တက္ကသိုလ်၏ အီကို ဒီဇိုင်းအတွက် တီထွင်ဆန်းသစ်မှု စင်တာ (Creative Centre for Eco-Design) ငှာနမှူး တစ်ဦးဖြစ်သည့် လက်ထောက် ပရော်ဖက်ဆာ Dr Singh Intrachooto မှဦးဆောင်ကျင်းပခဲ့သည့် UPCYCLE Carbon Footprint - အစိမ်းရောင် ဈေးကွက် နည်းဗျူဟာ ဆွေးနွေးပွဲ အား ကြွရောက်လာကြသည့် ဧည့်သည်တော်များ အထူးသဖြင့် ကျောင်းသား/သူ များမှ နှစ်ခြိုက်စွာနာယူခဲ့ကြပါသည်။ စင်တာသည် စွန့် ပစ်ပစ္စည်းများမှ ၄င်းတို့ အောင်မြင်စွာ ဒီဇိုင်းထွင် ထုတ် လုပ်ထားသည့် ပစ္စည်းများ နှင့် ပရိဘောဂ အမျိုးပေါင်း ၃၀ ကျော်အား ပြပွဲကြီးတွင် ပြသခဲ့ပါ သည်။

Intrachooto မှ "ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအပေါ်အလေးထားပြီးထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို Upcycle Carbon Footprint အညွှန်းလေဘယ်လ် တပ်ပြီးအသိအမှတ်ပြုထောက်ခံထားတယ်။ ထိုင်းနိုင်ငံက အာဆီယံ နိုင်ငံတွေထဲမှာ ဒီအသိအမှတ်ပြုထောက်ခံချက်ကို ပထမဆုံး အားပေးကြော်ငြာတဲ့နိုင်ငံဖြစ်ပါတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက www.thailandfurniturefair.com အားဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

368767