Issue 69

Bugsolutely အားတည်ထောင်သူ မစ္စတာ Massimo Reverberi မှ ဆန်းသစ်သည့် superfood အဖြစ် ကြိုဆို ခြင်းခံရသည့် ၄င်း၏ ပါစတာ ထုတ်ကုန်အကြောင်း Horizon အားပြောပြခြင်းဖြစ်ပါသည်။

Bugsolutely အကြောင်း နည်းနည်းလောက်ပြောပြပေးပါ။

ကျွန်တော်တို့ ရဲ့  ကုမ္ပဏီ ကို ၂၀၁၅ ခုနှစ်မှာ ထူးခြားတဲ့ ခရစ်ကက်ပါစတာ ထုတ်လုပ်သူအဖြစ် Bugsolutely အမှတ်တံဆိပ်နဲ့  စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မျိုးကောင်းမျိုးသန့် စီမံခန့် ခွဲဖို့ အတွက် ခေါခန် တက္ကသိုလ် (Khon Kaen University)၊ စနစ်တကျဆောင်ရွက်နိုင်ဖို့ အတွက် ကာစက်စာ့ တက္ကသိုလ် (Kasetsart University) တို့  နဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။

ဘာကြောင့် ခရစ်ကက် (cricket- ပုရစ်) ကိုရွေးချယ်ရတာပါလဲ။

သူတို့ မှာ ပရိုတင်းတန်ဖိုး ၆၅ ရာခိုင်နှုန်းအထိ မြင့်မားစွာပါဝင်တယ်။ နောက်ပြီး၊ ကယ်လစီယမ်ဓာတ်၊ သံဓာတ်၊ ဗီတာမင် ဘီ 12 နဲ့ အိုမီဂါ 3 လည်းပါတယ်။ မကြာခင်ကပဲ ပြုပြင်ထားတဲ့ခရစ်ကက် (ပုရစ်) စားသောက်ကုန် တွေကို ကမ္ဘာအနှံ့ က စားသုံးသူ တွေကပိုပြီးလက်ခံလာကြတယ်။ ဒါက ပိုးကောင် (bug) နဲ့ ထုတ်လုပ်တဲ့ စားသောက်ကုန်သစ်တွေကို လူတွေအလွယ်တကူ မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ ခရစ်ကက် (ပုရစ်) တွေက သဘာဝ ၀န်းကျင်နဲ့ လည်း သဟဇာတဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် နွားတွေထက်စာရင် ရေကို အကြိမ် ၁,၀၀၀ အောက်နဲ့ အစာကို ၁၀ ကြိမ် အောက်လောက်လျော့နည်းလိုအပ်လို့ ပဲဖြစ်ပါတယ်။ နောက်ပြီး အချိန်တိုအတွင်းမှာပဲ ပေါက်ဖွားကြီးပြင်းနိုင်ကြတယ်။

စီးပွားရေးလုပ်ဖို့ ထိုင်းနိုင်ငံကို ဘာကြောင့်ရွေးချယ်ဖြစ်တာပါလဲ။

ထိုင်းနိုင်ငံကို ရွေးချယ်ရတာက ကမ္ဘာ့ထိပ်တန်းအင်းဆက်ထုတ်လုပ်သူတွေမှာ တစ်ဦးအပါအ၀င်ဖြစ်လို့ ပါ။ တစ် နိုင်ငံလုံးမှာလည်း နှစ်စဉ် တန် ၄,၀၀၀ ကနေ တန် ၆,၀၀၀ ကြား ထုတ်လုပ်နိုင်တဲ့ ခရစ်ကက် (ပုရစ်) မွေးမြူတဲ့နေရာ ၂၀,၀၀၀ ကျော်ရှိနေပါတယ်။ ကျွန်တော့်စိတ်ထင် ထိုင်းနိုင်ငံက ကမ္ဘာမှာရှိတဲ့ ခရစ်ကက် စားသုံးသူတွေအတွက် အကြီးမားဆုံး ထုတ်လုပ်သူဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Bugsolutely ရဲ့ အများနဲ့ မတူထူးခြားတဲ့ အချက်ကဘာတွေပါလဲ။

ကျွန်တော်တို့ ပါစတာရဲ့ ထူးခြားချက်က ဂျုံမှုန့် နဲ့ ခရစ်ကက်(ပုရစ်) မှုန့် ၂၀ ရာခိုင်နှုန်း ပြီးပြည့်စုံစွာ ရောနှော ပေါင်းစပ်နေတာပါ။ နောက်ပြီး စံနှုန်းမီတဲ့ သုတေသနနဲ့ ထုတ်လုပ်မှုအတွက် အသိအမှတ်ပြုခြင်းကို ခံထားရ တာပါ။ ပါစတာမုန့် သားနဲ့ အရောင်က ဂျုံမှုန့် နဲ့ လုပ်တဲ့ပါစတာနဲ့ ဆင်ပါတယ်။ ဒါပေမယ့်၊ ပုံမှန်ပါစတာနဲ့  စာရင် အမျှင်ဓာတ် နှစ်ဆပါဝင်နေတာပါပဲ။ စားသုံးသူ အသက်အရွယ်မရွေးတိုင်းနဲ့ သင့်တော်ပါတယ်။

 
 

ဒီထုတ်ကုန်သစ်ကို ပရိုမိုးရှင်းလုပ်နေတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေကိုလည်း တွေ့ ခဲ့ရပါသလဲ။

အစပိုင်းမှာတော့ ပြုပြင်ထုတ်လုပ်ထားတဲ့ စားသောက်ကုန်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ အတွက် ခက်ခဲ ခဲ့ပါတယ်။ ခရစ်ကက် (ပုရစ်) ရဲ့ ခန္ဓာကိုယ် ဖွဲ့ စည်းပုံက ပုစွန်တွေနဲ့ ဆင်တယ်။ ဒါပေမယ့်၊ သူတို့ တွေက ပိုပြီး သန့် ရှင်းတယ်။ နောက်ပြီး ယုံကြည်စိတ်ချရတဲ့ မွေးမြူရေးလုပ်ငန်းတွေကမွေးမြူကြတာဖြစ်ပေမယ့် စားသုံးသူ တွေက ဒီလိုအစားအသောက်မျိုးနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိသေးတော့လေ။ ဒါပေမယ့်၊ ကျွန်တော်တို့ ထုတ်ကုန်ကို စတင်ဖြန့် ဖြူးပြီး၊ လူတွေသိလာအောင်ကြိုးစားပြီးတဲ့အခါမှာတော့ ကမ္ဘာအရပ်ရပ်က ဒီပါစတာသစ်နဲ့  ဟင်းပွဲ မျိုးစုံကို ဖန်တီးဖို့ စိတ်ဝင်စားကြတဲ့ စားသုံးသူနဲ့  စားဖိုမှူးတွေရဲ့ အပြုသဘောဆောင်တဲ့တုံ့ ပြန်မှုတွေကို စတင် ရရှိခဲ့ပါတယ်။ သူတို့ အတော်တော်များများက ဒီပါစတာရဲ့  ကောင်းမွန်တဲ့အရသာကြောင့် အံ့သြသဘောကျကြ တယ်။

အနာဂတ် အစီအစဉ်တွေက ဘာများပါလဲ။

ကျွန်တော်တို့  ယူအက်စ်၊ ကနေဒါ၊ နယူးဇီလန် နဲ့ သြစတြေးလျလို ကမ္ဘာတစ်လွှားမှာရှိတဲ့ နိုင်ငံတွေမှာ ပါစတာ ဖြန့် ချိဖို့ အတွက် စီစဉ်နေပါတယ်။ အဲဒီနိုင်ငံတွေအားလုံးက အင်းဆက်နဲ့ လုပ်တဲ့စားသောက်ကုန်တွေကို စိတ်ဝင်စားကြသလို၊ အင်းဆက်တွေကို စားသုံးဖို့ အတွက် တင်သွင်းတာကိုလည်း ခွင့်ပြုထားပြီး ပါပြီ။ လက်ရှိ နဲ့  အနာဂတ် စားသုံးမှုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေကို စဉ်ဆက်မပြတ်ကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ www.bugsolutely.com အားဝင်ရောက် ဖတ်ရှုပါ။

Bugsolutely ၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများအားဖော်ပြပါသည်။

 

 

365170