Issue 66

Magical Realism ၏ပိုင်ရှင်နှင့် ဒီဇိုင်နာတစ်ဦးဖြစ်သူ Darunotai Vajrodaya မှ သူမ၏ လက်ဝတ်ရတနာများ အပေါ်ထားရှိသည့် ၀ါသနာအား မည်သို့ မည်ပုံသက်မွေးဝမ်းကျောင်းအလုပ်အဖြစ်ပြောင်းလဲနိုင်ခဲ့ပုံကို Horizon အားမျှဝေထားခြင်းဖြစ်သည်။

Magical Realism ရဲ့ အကြောင်းကို နည်းနည်းလောက် ပြောပြပေးပါ။

ကျွန်မ အသက် ၁၅ နှစ်လောက်ကစပြီး လက်ဝတ်ရတနာဒီဇိုင်နာတစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ ဘာကြောင့် လဲဆိုရင် ကျွန်မက ဖက်ရှင်ကိုချစ်တယ်။ နောက်ပြီး လက်ဝတ်ရတနာတွေကို ၀ါသနာပါတယ်။ ၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကျွန်မရဲ့ ကုမ္ပဏီမှာ အခုဆိုရင် Darunotai၊ Magical Realism၊ Charming Realism နဲ့  Maya Luxana တွေပါဝင်တဲ့ လက်ဝတ်ရတနာနဲ့ တွဲဖက်အသုံးအဆောင် ပစ္စည်း အမှတ်တံဆိပ်လေးခုရှိနေပါပြီ။ ဒီအမှတ်တံဆိပ်တွေမှာ ထူးခြားတဲ့ သီးခြားပင်ကို လက္ခဏာတွေနဲ့ ဦးတည်တဲ့ သီးခြားဖောက်သည်တွေလည်း ရှိပါတယ်။

အစ်မရဲ့ တံဆိပ်အကြောင်းကို ဒီထက်ပိုပြီးရှင်းပြပေးပါလား။

Darunotai လက်ဝတ်ရတနာ အမှတ်တံဆိပ်က ကျွန်မရဲ့ ပထမဦးဆုံးတံဆိပ်ပါ။ Central Saint Martins College of Arts and Design၊ University of Arts၊ လန်ဒန်မှာ ပညာသင်တုန်းက ကျွန်မရဲ့ ဘွဲ့ အတွက် နောက်ဆုံး ပရောဂျက်ဖြစ်တဲ့ Lost at Sea ကနေ ဒီ collection ကပေါ်ထွက်လာတာပါ။ ရေဘ၀ဲရဲ့ လက်တွေက ဒီ collection ကို ထုတ်လုပ်ဖို့ အတွက် စိတ်ကူးစိတ်သန်းတွေပေါ်ထွက်လာစေခဲ့တာပါ။ ရေဘ၀ဲရဲ့ လက်တွေကို လိုင်းတွေကနေ လွတ်လပ်နေသလိုတွေးကြည့်တယ်။ နောက်ပြီး လူ့ ခန္ဓာကိုယ်မှာ သူတို့ တွေဘယ်လို သဏ္ဍာန် နဲ့ ပုံစံတွေရှိမလဲ ဆိုတာကို စိတ်ကူးကြည့်တယ်။ အဲဒါကြောင့်ပဲ Darunotai collection ရဲ့ ဒီဇိုင်းထွက်လာတာ။ Magical Realism တံဆိပ်က အိတ်နဲ့ လက်စွပ်တွေလိုမျိုး ဖက်ရှင်အသုံးအဆောင် ပစ္စည်းတွေကို အဓိက ထုတ်တာပါ။ နေ့ စဉ်တွေ့ မြင်နေရတဲ့ အရာဝတ္တု ပစ္စည်းတွေကနေတဆင့် စိတ်ကူးရရှိခဲ့တာဖြစ်ပြီး၊ အဲဒါတွေကို အရက်ပုလင်းနဲ့ တူတဲ့ လက်ကိုင်အိတ်လိုမျိုး function တွေ၊ ကိရိယာတွေထည့်ပြီး ပြန်ပြီး ဒီဇိုင်းထွင်ထားတာပါ။ Charming Realism အမှတ်တံဆိပ်ကကျတော့ ဈေးနှုန်းသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ လက်ဝတ်ရတနာတွေကို ထုတ်လုပ်တာဖြစ်ပြီး Mayaluxana အမှတ်တံဆိပ်က ဟိန္ဒူ ဒဏ္ဍာရီထဲက ဒဏ္ဍာရီသစ်တောကြီးဖြစ်တဲ့ Himavanta သစ်တောထဲမှာနေထိုင်တဲ့ ဒဏ္ဍာရီလာ သတ္တ၀ါတွေကို မှီငြမ်းထားတဲ့ အရမ်းကို အဆင့်မြင့်တဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ထုတ်လုပ်တာပါ။

အစ်မ ပစ္စည်းအမှတ်တံဆိပ်တွေရဲ့ အားသာချက်တွေက ဘာတွေများပါလဲ။

ကျွန်မတို့ က လက်ဝတ်ရတနာတွေကို ဆင်မြန်းသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ကောင်းမွန်စေရာမှာ ကူညီဖို့ ၊ ၀တ်ဆင်ရာမှာ သက်တောင့်သက်သာရှိစေနိုင်ဖို့ အတွက် ပြည်တွင်းနဲ့ ပြည်ပကနေ အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေကို သေသေချာချာရွေးချယ်တယ်။ ပစ္စည်းအားလုံးကို လက်နဲ့ ပဲလုပ်တာဖြစ်ပြီး၊ လိုအပ် ချက်အပေါ်မူတည်ပြီး ပြုလုပ်ပေးနိုင်ပါတယ်။ ကျွန်မတို့ က ကျွန်မတို့ ဖောက်သည်တွေကို သူတို့ ရဲ့  လက်ဝတ် ရတနာအတွက် သူတို့ နှစ်သက်တဲ့ ပစ္စည်းတွေကို ရွေးချယ်ခိုင်းပါတယ်။ တန်ဖိုးကတော့ ကျောက်မျက်၊ ရွှေ နဲ့ ငွေ လိုမျိုး ဒီပစ္စည်းတွေအပေါ်မူတည်ပြီး ကျသင့်မှာဖြစ်ပါတယ်။

အစ်မ ဂုဏ်အယူရဆုံး အောင်မြင်မှုက ဘာပါလဲ။

ကျွန်မကို ယူကေနိုင်ငံရဲ့ ၂၀၁၄ ခုနှစ်မှာ စောင့်ကြည့်ရမယ့် လက်ဝတ်ရတနာ ဒီဇိုင်နာအဖြစ် Wallpaper Magazine ရွေးချယ်ခဲ့ပါတယ်။ ကျွန်မရဲ့ အလုပ်၊ အဲဒီတုန်းကတော့ ကျွန်မရဲ့ ဘွဲ့ အတွက် ပရောဂျက်ဖြစ်တဲ့ Darunotai collection ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလထုတ် Wallpaper Magazine ရဲ့  နောင်မျိုးဆက် (Next Generation) ကဏ္ဍမှာ ရွေးချယ်ဖော်ပြခြင်းခံရတာကို ဂုဏ်အယူမိဆုံးပါ။

အစ်မရဲ့ လက်ဝတ်ရတနာတွေကို ဘယ်မှာရောင်းချပါသလဲ။

ဝယ်ယူသူဖောက်သည်တွေက ကျွန်မတို့ လက်ဝတ်ရတနာ collection တွေကို ဘန်ကောက်မှာရှိတဲ့ Emporium department စတိုးဆိုင်မှာ ၀ယ်ယူနိုင်သလို၊ Facebook၊ Instagram နဲ့ Line တို့ လို အွန်လိုင်းချယ်နယ်တွေ ကလည်း ၀ယ်ယူနိုင်ပါတယ်။

အစ်မရဲ့ ဖောက်သည်တွေက ဘယ်သူတွေပါလဲ။

လက်ရှိမှာဆိုရင် ဖောက်သည် ၆၀ ရာခိုင်နှုန်းက နိုင်ငံတကာကဖောက်သည်တွေဖြစ်ပြီး ကျန်တာကတော့ ထိုင်း လူမျိုးတွေပါ။ ဒါပေမယ့်၊ တံဆိပ်တစ်ခုချင်းစီက ဦးတည်တဲ့ဖောက်သည်တွေရှိပါတယ်။ ဥရောပသားတွေက Darunotai တံဆိပ်ကိုကြိုက်ကြတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင် နဲ့ အရှေ့ အလယ်ဒေသ တွေက Charming Realism collection တွေကို ၀ယ်ယူဖို့ နှစ်သက်ကြတယ်။ Mayaluxana ဦးတည် ဖောက်သည်တွေက ထိုင်းလူမျိုးတွေပါ။ ဘာကြောင့်လဲဆိုရင် Himmavanta သစ်တောကြီးရဲ့ အကြောင်းကို သူတို့ တွေသိကြတယ်။ နောက်ပြီး အရမ်းကိုတန်ဖိုးမြင့်တဲ့ ဒီ collection အတွက် သုံးစွဲဖို့ ဝန်မလေးကြပါဘူး။ Magical Realism ရဲ့ ဦးတည်တဲ့ဖောက်သည်တွေကတော့ ရုရှားနဲ့ တရုတ်လူမျိုးတွေပါ။

အနာဂတ်အစီအစဉ်တွေက ဘာများပါလဲ။

ကျွန်မ ထိုင်းမှာ လူသိများထင်ရှားတဲ့ စတိုးဆိုင်ကို ပိုင်ဆိုင်ချင်တယ်။ နောက်ပြီး နာမည်ကြီး လက်ဝတ်ရတနာ ပြပွဲကြီးတွေမှာ ကျွန်မရဲ့ collection တွေကို ပြသရောင်းချပြီး နိုင်ငံတကာဈေးကွက်တွေထဲကို တက်တက်ကြွကြွ ထိုးဖောက်ဝင်ရောက်ချင်ပါတယ်။ ကျွန်မ ဖောက်သည်တွေရဲ့ ဝယ်ယူမှုအလေ့အထတွေကို နီးနီးကပ်ကပ် စောင့်ကြည့်နိုင်ပြီး၊ သူတို့ တွေနဲ့ အပြန်အလှန်ဆွေးနွေးပြောဆို တုံ့ ပြန်မှုတွေကို ချက်ချင်းရရှိနိုင်တဲ့ အင်တာနက် ၀က်ဘ်ဆိုက် နဲ့ လူမှုကွန်ရက်တွေကနေတဆင့် အမှတ်တံဆိပ်ကို လူသိများလာအောင်ကြိုးစားဆောင်ရွက်ပါ တယ်။ ဒီဟာက သူတို့ တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပစ္စည်း collection တွေကို ပိုမိုကောင်းမွန်စွာဖန်တီး နိုင်စေပါတယ်။ နောက်ပြီး Design Excellent Award (Demark) အတွက် ကျွန်မရဲ့ လက်ဝတ်ရတနာတွေ ကို ပေးပို့ တင်ပြဖို့ စီစဉ်ထားပါတယ်။ ကျွန်မဒီဆုကို ရခဲ့မယ်ဆိုရင် ဒီဈေးကွက်မှာ ထိုးဖောက်ဝင်ရောက်ဖို့ အတွက် ပိုမိုကြီးမားတဲ့အခွင့်အရေးကို ရနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု ၍ www.darunotai.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်သကဲ့သို့  FB:MagicalRealismWorld၊ Instagram:MagicalRealismWorld နှင့် Line ID: Houseof Magic တွင်လည်း follow လုပ်နိုင်ပါသည်။

Magical Realism ၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများကိုဖော်ပြသည်။

 

 

366612