Issue 62

Horizon မှ Sabai-arom ၏မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Sasathorn Na Songkhla နှင့်တွေ့ ဆုံ၍ ပြည်တွင်းမှထွက်ရှိသည့်ကုန်ကြမ်း ပစ္စည်းများကိုအသုံးပြုပြီး အသားအရေထိန်းသိမ်းပြုပြင်စောင့် ရှောက်သည့် ပစ္စည်းများ (skincare collections) ဖန်တီးဖြစ်ပုံနှင့် ၄င်းတို့ ကို ကမ္ဘာအနှံ့ သို့ တင်ပို့  ရောင်းချဖြစ်သည့်အကြောင်းအရာများကို တွေ့ ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

Sabai-arom အကြောင်းကို အနည်းငယ်ပြောပြပေးပါ။

Sabai-arom က ပျော်ရွှင်တဲ့စိတ်ခံစားချက် (happy mood) လို့  အဓိပ္ပာယ်ရပါတယ်။ ကျွန်မတို့ တွေ က Sabai-arom ဆိုတဲ့ အမှတ်တံဆိပ်နဲ့ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ဖြန့် ဖြူးရောင်းချ ပြီး

ကျွန်မတို့ ရဲ့အဓိကဆောင်ပုဒ်က ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပျော်ရွှင်မှု ပဲဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် ကျွန်မတို့ က အဓိပ္ပာယ်ပြည့်စုံတဲ့စီးပွားလုပ်ငန်းကို ဖော်ဆောင်လိုပြီး၊ ကျွန်မတို့ ဖြန့် ဖြူးရောင်းချလိုက် တဲ့ပစ္စည်းတွေကြောင့် လူအများပျော်ရွှင်ရတာကို တွေ့ မြင်လိုပါတယ်။

အစ်မတို့ ရဲ့ ပစ္စည်းတွေက ဘာကြောင့်များအထူးထုတ်ကုန်တွေဖြစ်နေရတာပါလဲ။

ကျွန်မတို့ ရဲ့ ပါဝင်ပစ္စည်း ၁၀၀ ရာခိုင်နှုန်းက ပြည်တွင်းကထွက်ရှိတဲ့ ပစ္စည်းစစ်စစ်တွေပါ။ ဘာကြောင့် ပြည်တွင်းကထွက်တဲ့ပါဝင် ပစ္စည်းတွေကိုသုံးရလဲဆိုရင် ထိုင်းပြည်တွင်းဖြစ်ကုန်ကြမ်း ပစ္စည်းတွေ ရဲ့  အရည်အသွေးကိုယုံကြည်လို့ ဖြစ်ပါတယ်။ ကျွန်မက အရမ်းကို အနုစိတ်လွန်းတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်

ကုန်ကြမ်းကအစ ပစ္စည်းတွေကိုထုတ်လုပ်ချိန်နဲ့ ထုပ်ပိုးမှုဒီဇိုင်းပုံတွေအထိ ထုတ်လုပ်မှုနည်းစနစ်အဆင့် တိုင်းကို ဂရုတစိုက်စီမံဆောင်ရွက်ပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့ အဖွဲ့ တွေက ကျွန်မတို့ ရဲ့  ထုတ်ကုန် အ တွက် အကောင်းဆုံး ဓာတုကင်းလွတ်တဲ့ ပါဝင်ပစ္စည်းတွေကို ထိုင်းနိုင်ငံ အနှံ့  ခရီးထွက်ပြီး ရှာဖွေခဲ့ကြ ပါတယ်။ ကျွန်မတို့ ရဲ့ ကုန်ကြမ်းပစ္စည်းတွေကို အလုပ်အပေါ်ချစ်မြတ်နိုးပြီး၊ သဘာ၀၀န်းကျင်နဲ့ စိုက်ပျိုး ထားတဲ့ကောက်ပဲသီးနှံပင်တွေအပေါ် အလေးထားတဲ့ တောင်သူလယ်သမားတွေဆီကနေ ရယူပါ တယ်။ အစောပိုင်းကပြောပြခဲ့အတိုင်း၊ ကျွန်မတို့ ထုတ်ကုန်ရဲ့ အဓိကပါဝင်ပစ္စည်းက ပျော်ရွှင်ခြင်းဖြစ်တဲ့ အတိုင်း စီးပွားရေးကွင်းဆက်မှာရှိတဲ့လူတိုင်းကို ပျော်ရွှင်စေချင်ပါတယ်။

အစ်မရဲ့ အဓိကထုတ်ကုန် ပစ္စည်းတွေက ဘာတွေပါလဲ။

Sabai-arom ကအခုလောလာဆယ်မှာ အလှကုန်နဲ့ အိမ်ဝန်းကျင်ရနံ့ အတွက် ဆေးရည် စတဲ့ ထုတ် ကုန်လိုင်းနှစ်မျိုး ကိုပဲအဓိက ထုတ်လုပ်ဖြန့် ဖြူးပေးနေပါတယ်။ အလှကုန်ပစ္စည်းလိုင်းမှာ လိုးရှင်းတွေ၊ ဆပ်ပြာ ရှမ်ပူတွေနဲ့ နှိပ်နယ်ရာမှာသုံးတဲ့ဆီတွေကိုထုတ်လုပ်ပြီး၊ အိမ်ဝန်းကျင်ရနံ့ ဆေးရည်ထုတ်ကုန် လိုင်းမှာ ရနံ့ မွှေးတဲ့ reed diffusers တွေနဲ့ ဖယောင်းတိုင်တွေကို ထုတ်လုပ်ပါတယ်။ ကျွန်မတို့ ရဲ့  အလှကုန်လိုင်းမှာ ရနံ့ အမျိုးမျိုးရှိတဲ့ပစ္စည်းအမျိုးအစားပေါင်း ၁၀ မျိုးကျော်ရှိပါတယ်။ ဥပမာ၊ ကျွန်မတို့  ရဲ့  Divine Mango အလှကုန်ကို လန်းဖွန်း ခရိုင်ကထွက်တဲ့ Mahachanok သရက်သီးနဲ့ ထုတ်လုပ် ထားတဲ့အတွက် ဗီတာမင်၊ သတ္တု နဲ့ အင်တီအောက်ဆီဒန့် တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ကျွန်မတို့  ရဲ့  Coconut de Samui မှာ ထိုင်းနိုင်ငံရဲ့  ကမ္ဘာလှည့်ခရီးသွားတွေကြားထင်ရှားကျော်စောလှတဲ့ အုန်းသီးစိုက်ခင်းဖြစ်တဲ့ ကော့ စမူအီ (Koh Samui) ကထွက်ရှိတဲ့ ပါဝင်ပစ္စည်းတွေကိုသုံးထားတဲ့

ထုတ်ကုန်အမျိုးမျိုးပါဝင်ပါတယ်။

အစ်မရဲ့ ထုတ်ကုန်တွေကို ဘယ်သူတွေက၀ယ်ယူသုံးစွဲပါသလဲ။

Sabai-arom ရဲ့ ထုတ်ကုန်တွေကို ၀ယ်ယူသုံးစွဲသူတွေက ထိုင်းလူမျိုးတွေနဲ့ အထူးသဖြင့် အာရှ နိုင်ငံ တွေကနေ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားတွေဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ Boots လက်လီအရောင်းဆိုင် ၂၀၀ ကျော် မှာ ကျွန်မတို့ ရဲ့  ပစ္စည်းတွေ ကိုဝယ်ယူရရှိနိုင်ပါတယ်။ ကျွန်မတို့ ရဲ့ ထုတ်ကုန် ၄၀ ရာခိုင်နှုန်းကျော်ကို ဂျပန်၊ ရုရှား၊ မလေးရှား၊ ဟောင်ကောင်နဲ့ မကာအိုတွေကို တင်ပို့ ရောင်းချပြီး မကြာမီမှာ တောင်ကိုရီးယားကို တင်ပို့ ရောင်းချ သွားဖို့ ရှိပါတယ်။ ဒါ့အပြင်၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေမှာ ကျွန်မတို့ ရဲ့  Sabai-arom ဆိုင်တွေကို လည်းဖွင့်လှစ်ရောင်းချနေပါတယ်။

ဘယ်ဆုတွေကို လက်ခံရရှိခဲ့ပါလဲ။

ထိုင်းထုတ်ကုန်တွေအတွက် အရည်အသွေး အကောင်းဆုံးနဲ့ ယုံကြည်စိတ်အချရဆုံး သင်္ကေတဖြစ်တဲ့ Thailand Trust Mark (T/Mark) ကိုအသုံးပြုဖို့ အတွက် ကျွန်မတို့ ရဲ့  Sabai-arom ကို DITP က ရွေးချယ်ထောက်ခံပေးခဲ့ပါတယ်။

အနာဂတ်မှာ Sabai-arom အတွက် ဘယ်လိုအစီအစဉ်တွေကိုများ ချမှတ်ထားပါသလဲ။

ကျွန်မတို့ ရဲ့ ထုတ်ကုန်တွေကို ဒီထက်အမျိုးအစားစုံစုံလင်လင်နဲ့ ထုတ်လုပ်နိုင်အောင်စဉ်ဆက်မပြတ် ကြိုးပမ်းနေပါတယ်။ နောက်ပြီး နိုင်ငံရပ်ခြားဈေးကွက်တွေကိုလည်းချဲ့ ထွင်နိုင်ဖို့ စီစဉ်နေပါတယ်။ ကျွန်မတို့ က ကျွန်မတို့ ရဲ့  Sabai-arom ကို ထိုင်းလူမျိုးတွေကြားမှာရေပန်းအစားဆုံး skincare အမှတ်တံဆိပ်ဖြစ်စေချင်သလို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေအကြားမှာလည်း သူတို့ ချစ်ခင် ရတဲ့လူတွေအတွက် ၀ယ်ယူပေးသွားရတဲ့ အကောင်းဆုံးလက်ဆောင်ပစ္စည်းဖြစ်စေချင်ပါတယ်။ ကျွန်မတို့ ရဲ့  Sabai-arom အတွက် ပါဝင်ပစ္စည်းတွေကိုထုတ်လုပ်ပေးနေတဲ့ ထိုင်းတောင်သူ လယ်သမားတွေနဲ့ အလုပ်တွေကို ပိုမိုနီးနီးကပ်ကပ်ဆောင်ရွက်သွားနိုင်ဖို့ အတွက်မျှော်လင့်ထားပြီး၊ ဒေသခံ လူ့ အဖွဲ့ အစည်းကိုလည်းပံ့ပိုးကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

ပိုမိုသိရှိလိုပါက www.sabai-arom.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

367590