Issue 61

Least Studio ၏မန်းနေးဂျင်းဒါရိုက်တာများဖြစ်ကြသော Teerapol Akaratiwa နှင့် Warunya Nuntasunti တို့ သည် ၄င်းတို့ ကုမ္ပဏီ၏ ကိုယ်ပိုင်ဖော်မြူလာသစ်အားအသုံးပြု၍ ရာဘာ ပစ္စည်း များမှတဆင့် လိုက်ဖ်စတိုင် အသုံးအဆောင်ပစ္စည်းများအား ထုတ်လုပ်ပုံအားပြောပြထားခြင်းဖြစ်သည်။

Least Studio နောက်ကြောင်းရာဇ၀င်ကို ပြောပြပေးနိုင်ပါသလား။

Least Studio ကို တူညီတဲ့ ၀ါသနာ၊ တူညီတဲ့ ဒီဇိုင်း အယူအဆအမြင်သဘောထားတွေရှိကြတဲ့ ထိုင်း ဒီဇိုင်နာအဖွဲ့ ငယ်လေးက လွန်ခဲ့တဲ့သုံးနှစ်က စတင်တည်ထောင်ခဲ့တာပါ။ ကျွန်တော်တို့ ရဲ့ သန့် စင်ထား တဲ့ထုတ်ကုန်တွေကို အသုံးပြုသူတွေရဲ့ အတွေ့ အကြုံနဲ့ ဂရုတစိုက်ရေးဆွဲထားတဲ့ဒီဇိုင်းတွေကို ပေါင်းစပ် ထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ဗိသုကာပညာနောက်ခံကြောင့် ကောင်းမွန်တဲ့ဒီဇိုင်းဆိုတာက လက်တွေ့ အသုံးကျရမယ်။ နောက်ပြီး သုံးစွဲသူအတွက်ကောင်းမွန်တဲ့အတွေ့ အကြုံကိုဖန်တီးပေးနိုင်ရ မယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။

အထူးထုတ်ကုန်ဖြစ်တဲ့ cutting mat အကြောင်းရှင်းပြပေးပါ။

သာမာန် cutting mat (ကိုက်ညှပ်ဖျာ) တွေက တာရှည်ခံတယ်။ ကိုယ့်ရဲ့ အနာရောဂါကို ပျောက်ကင်း ချမ်းသာစေနိုင်တယ်။ ဒါပေမယ့်၊ သူ့ ရဲ့ အသားနဲ့ အလေးချိန်က ကျွန်တော်တို့ လိုက်ဖ်စတိုင်ထုတ်ကုန် တွေအတွက် သင့်လျော်မှုမရှိပါဘူး။ ဒါကြောင့် Least Studio နဲ့ ရာဘာစက်ရုံတို့  ပူးပေါင်းပြီး သုတေန လုပ်ကြတယ်။ လက်ကိုက်အိတ်တွေ၊ စာရွက်စာတမ်းထည့်အိတ်တွေ၊ ခဲတံအိတ်တွေ၊ ပတ်စပို့  ထည့် အိတ်တွေ နဲ့ ပုံကြမ်းရေးစာအုပ်တွေအပါအ၀င် လိုက်ဖ်စတိုင်ထုတ်ကုန်တွေ ထုတ်နိုင်မယ့် ရာဘာပစ္စည်း အတွက် ဖော်မြူလာသစ်ကို တီထွင်ကြတယ်။ ကျွန်တော်တို့ ရဲ့ ၁၀၀ ရာခိုင်နှုန်း သဘာဝစစ်စစ် ရာဘာ cutting mat က ပေါ့ပါးတယ်။ ကိုယ့်အနာရောဂါကိုငြိမ်းစေနိုင်တယ်။ ရေဒဏ်ခံနိုင်တယ်။ ပွန်းရာခြစ်ရာ ခံနိုင်တယ်။ တာရှည်ခံတယ်။ ရာဘာအနံ့ အသက်လည်းမထွက်ပါဘူး။

ရှင်တို့ ရဲ့ ထုတ်ကုန်တွေထူးခြားရတဲ့အကြောင်းက ဘာများဖြစ်ပါသလဲ။

သူတို့ တွေရဲ့ စံချိန်မီအသုံးဝင်မှုတွေအပြင်၊ အသုံးပြုသူတွေက ထုတ်ကုန်ပစ္စည်းတွေရဲ့ မျက်နှာပြင်ကို cutting mat အနေနဲ့ အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တွေဓားပါးလေးနဲ့ စမ်းသပ်ကြည့်ပြီး ပါပြီ။ ပွန်းရာခြစ်ရာ ဒါမှမဟုတ် စုတ်ပြဲတာတောင် မရှိပါဘူး။

အလားအလားရှိတဲ့ ဖောက်သည်တွေက ဘယ်သူတွေပါလဲ။

ဒီဇိုင်း item တွေကို ကြိုက်နှစ်သက်ကြတဲ့ လူတိုင်းက ကျွန်တော်တို့ ရဲ့ အလားအလာရှိတဲ့ ဖောက်သည် တွေပါပဲ။ ကျွန်တော်တို့ က ဂျပန်၊ ထိုင်ဝမ်၊ စင်္ကာပူ နဲ့ မလေးရှား နိုင်ငံတွေက ဖောက်သည်တွေကို ရည်စူးပါတယ်။ ဂျပန်လူမျိုးတွေကသာ ကျွန်တော်တို့ ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကြိုက်မယ်ဆိုရင် ကျွန်တော်တို့ ပစ္စည်းတွေရဲ့ အရည်အသွေးက စံချိန်စံနှုန်းမြင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဆုတွေရော ရဖူးသေးလား။

၂၀၁၆ ခုနှစ်မှာ ကျွန်တော်တို့ ရဲ့ စာတွဲဖိုင် (folder holder) နဲ့  tablet holder တွေက Design Excellence Award (DEmark) ဆုကိုရရှိခဲ့ပြီး Design Korea 2016 မှာ ပါဝင်ပြသဖို့ အတွက် DITP ရဲ့  ရွေးချယ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒီ folder ကို ကျွန်တော်တို့ ရဲ့ အထူး cutting mat ကနေလုပ်ထား ပြီး နေ့ စဉ်အသုံးပြုဖို့ လည်းသင့်တော်ပါတယ်။

DEmark Award ဆုက ရှင်တို့ ရဲ့ ကုန်အမှတ်တံဆိပ်ကို ဘယ်လိုအထောက်အကူဖြစ်စေပါသလဲ။

Demark က ကျွန်တော်တို့ ရဲ့ ထင်ရှားတဲ့ ဒီဇိုင်းနဲ့ ပစ္စည်းအရည်အသွေးကို အာမခံချက်ပေးပါတယ်။ ဒါက ဖောက်သည်တွေအနေနဲ့ ကျွန်တော်တို့ ရဲ့ ထုတ်ကုန်ပစ္စည်းတွေအပေါ်ကို ယုံကြည်မှုတိုးစေပါ တယ်။ DEmark Award ဆိုကိုရရှိခဲ့တဲ့အတွက် Least Studio အနေနဲ့  ထိုင်းနိုင်ငံမှာကျင်းပတဲ့ ကုန်စည်ပြပွဲတွေအပြင် DITP ရဲ့ အကူအညီနဲ့ နိုင်ငံရပ်ခြားမှာကျင်းပတဲ့ ပြပွဲတွေမှာလည်း ပါဝင်ပြသနိုင် တဲ့ ကြီးမားတဲ့အခွင့်အရေးကိုရရှိခဲ့ပါတယ်။

Least Studio ရဲ့ အနာဂတ်အစီအစဉ်က ဘာပါလဲ။

ကုမ္ပဏီအနေနဲ့  product line ကိုတိုးချဲ့ ဖို့ အတွက် စီစဉ်ထားပါတယ်။ ဖြစ်နိုင်တာက ပရိဘောဂ ပါ။ ဒါ့အပြင် ဒီ ထူးခြားတဲ့ cutting mat ကို သူတို့ ရဲ့  ပစ္စည်းတွေကို ထုတ်လုပ်ရာမှာကုန်ကြမ်းပစ္စည်း အနေနဲ့ အသုံးပြုဖို့ စိတ်ဝင်စားကြတဲ့ သူတွေအတွက် ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ ဖောက်သည်တွေရဲ့  လိုအပ်ချက်တွေနဲ့ ကိုက်ညီမဲ့ ဒီဇိုင်းသစ်တွေကို ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေပါ တယ်။

ပိုမိုသိရှိလိုပါက www.leaststudio.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။ ဖေ့စ်ဘွတ် FB: Least Studio နှင့် IG: leaststudio များတွင်လည်း follow လုပ်နိုင်ပါသည်။

 

368810