Issue 50

Horizon မှထိုင်းနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ် Paul Robilliard နှင့် ဧပြီလ ၂၇ ရက်တွင် ကျင်းပပြုလုပ် သည့် သြစတြေးလျ-ထိုင်းနိုင်ငံ သုတေသနနှင့် ဆန်းသစ်ပြောင်းလဲမှု ဆိုင်ရာမစ်ရှင် (Australia-Thailand Research and Innovation Mission) ဖွင့်ပွဲအခမ်းအနားတွင် မေးမြန်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

သြစတြေးလျ- ထိုင်း သုတေသနနဲ့ ဆန်းသစ်ပြောင်းလဲမှု ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကို ဘယ်လို တိုးတက်စေနိုင်မှာပါလဲ။

ဆန်းသစ်ပြောင်းလဲမှုက သြစတြေးလျနဲ့ ထိုင်း နှစ်နိုင်ငံလုံးရဲ့ လုပ်ငန်းအစီအစဉ်တွေထဲမှာ ထိပ်မှာရှိနေတဲ့ အကြောင်းအရာတစ်ခုပါ။ သြစတြေးလျမှာ အစိုးရရဲ့ သုတေသနနဲ့ ဆန်းသစ်ပြောင်းလဲမှုလုပ်ငန်းစဉ် ကို ၀န်ကြီးချုပ် Malcolm Turnbull ညွှန်းဆိုတဲ့ "အကြံဥာဏ်များ ပေါ်ထွက်ပွင့်လန်းလာခြင်း" (ideas boom) ဆိုတဲ့အကြောင်း အရာကို ဖန်တီးနိုင်ဖို့ အတွက် ဒီဇိုင်းထွင်ထားကြတယ်။ ကျွန်တော်တို့ ရဲ့ နှစ်နိုင်ငံကြားအပြန်အလှန် သုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ်က ကျွန်တော်တို့ ရဲ့ ဆန်းသစ်ပြောင်းလဲခြင်းနဲ့ ဆိုင်တဲ့ ပူးတွဲ အချက်အချာကျ အကြောင်းအရာကို ကူညီဖော်ဆောင်ပေးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဆီကနေ လေ့လာသင်ယူရမှာတွေ ကအများကြီးပါ။ ငယ်ရွယ်တဲ့ ဒစ်ဂျစ်တယ် ဂိမ်း(စ်) ဒီဇိုင်နာတွေပူးပေါင်းလုပ်ဆောင်တာ ကနေ နက္ခတ္တဗေဒ သုတေသနပညာရှင်တွေပူးပေါင်းဆောင်ရွက်တာ၊ နောက်ပြီး နောက်မျိုးဆက်တွေ သိပ္ပံပညာ အပေါ်မှာ ၀ါသနာထုံစေဖို့ အတွက် အကောင်းဆုံးဘယ်လိုတိုက်တွန်းအားပေး မလဲဆိုတဲ့ STEM ပညာပေးဝေသူ တွေရဲ့ အတွေ့ အကြုံတွေဖလှယ်တာတွေလိုမျိုးပေါ့။ ကျွန်တော်က ဒီနှစ် သြစတြေးလျ- ထိုင်း သုတေသနနဲ့  ဆန်းသစ်ပြောင်းလဲမှုဆိုင်ရာညီလာခံကြီးမှာ ချမှတ်ခဲ့တဲ့ သြစတြေးလျ နှင့် ထိုင်း နိုင်ငံများအကြား စီးပွားရေး ဆိုင်ရာ သုတေသနမိတ်ဖက်လုပ်ငန်းတိုးမြင့်ဆောင်ရွက်ရန်ဆိုတဲ့ အကြောင်းအရာအပေါ်မှာ အရမ်းကို ကျေနပ်မိပါတယ်။ တက်ရောက်လာကြတဲ့ ပညာရှင်တွေ၊ အစိုးရနဲ့  ပုဂ္ဂလိက ကဏ္ဍတွေက လူပေါင်း ၁၉၀ ကျော် က ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆိုင်တဲ့ အခွင့်အလမ်းတွေအကြောင်းကို ကြားသိခဲ့ကြတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍအတွက် ဥပမာပေး ပေးပါ။

ဒီနှစ် သုတေသနနဲ့ ဆန်းသစ်ပြောင်းလဲခြင်းဆိုင်ရာညီလာခံမှာ ထိုင်းနဲ့ သြစတြေးလျတို့ က လယ်ယာစိုက်ပျိုး စီးပွားရေးနဲ့ ဇီဝစွမ်းအင်ကဏ္ဍတွေအပေါ် အဓိကထားဆောင်ရွက်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒီအကြောင်းအရာ တွေက နှစ် နိုင်ငံကြား စီးပွားရေးဆိုင်ရာအပြန်အလှန် သဘောတူညီမှုတွေအတွက် အရမ်းကိုအရေးပါတဲ့ နယ်ပယ် တွေဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ လယ်ယာထွက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းကြီးပွား တိုးတက်ဖို့  နဲ့ စွမ်းအင်အတွက် အရေးပါတဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ အတွက် ကြောင့်ပဲဖြစ်ပါ တယ်။ ကျွန်တော် တို့ ချမှတ်ထားတဲ့ ကုန်သွယ်ရေးမူဝါဒ - ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အခြေခံ အကြောင်းရင်း - ကို နှစ်နိုင်ငံလုံးမှာရှိတဲ့ ဈေးကွက်တွေကို ပိုပြီးကောင်းကောင်းမွန်မွန် ၀င်ရောက်နိုင်မဲ့ အခွင့်အလမ်းတွေဖော်ဆောင် ပေးနိုင်ဖို့ အတွက် ပြုပြင်မွမ်းမံနိုင်ပါတယ်။

ကုန်သွယ်ရေးမိတ်ဖက်အနေနဲ့ ထိုင်းနိုင်ငံရဲ့ အားသာချက်က ဘာပါလဲ။

ထိုင်း-သြစတြေးလျ ကုန်သွယ်မှုကင်းလွတ်ခွင့်ကို ၂၀၀၅ ခုနှစ်မှာကတည်းက စတင်ခဲ့တဲ့အတွက် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုက နှစ်ဆထက်ပိုမိုတိုးတက်ခဲ့သလို ပမာဏကလည်း သြစတြေးလျ ဒေါ်လာ ၁၉.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၈ ဘီလီယံ) ကျော်ပါတယ်။ ထိုင်းနိုင်ငံ ကျွန်တော်တို့ ရဲ့ ရှစ်ဦးမြောက် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ ပိုမိုကြီးမားတဲ့ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကြောင့် သြစတြေးလျ စီးပွားရေးလုပ်ငန်းတွေက ထိုင်းနိုင်ငံ နဲ့  ဒေသကြီးအပေါ် ပိုပြီးစိတ်ဝင်စားမှုရှိလာကြပါတယ်။

သြစတြေးလျ သံရုံးက နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုများ အားပေးကူညီပေးပါသလဲ။

အထူးသဖြင့် ကျွန်တော်တို့ ရဲ့ စီးပွားရေးဆိုင်ရာ ဆက်သွယ်ပေါင်းစည်းမှုကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဦးစားပေး လုပ်ဆောင်ရမဲ့ တာဝန်တွေထဲက တစ်ခုက ကုန်သွယ်ရေးဆိုင်ရာပြောဆိုဆွေးနွေးမှုတွေ တိုးမြင့် လုပ်ဆောင်လာ ကြဖို့ အတွက် ဆောင်ရွက်သလို၊ ထိုင်းနဲ့ သြစတြေးလျ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ နိုင်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့  နဲ့ စီးပွားရေးတိုးတက်လာအောင်ဆောင်ရွက်နိုင်မဲ့ အကောင်းဆုံးအခြေအနေတွေ ကို ဖန်တီးပေးနိုင်ဖို့ အတွက်လည်းဆောင်ရွက်ပါတယ်။ အဲဒီလိုပဲ သံရုံးအနေနဲ့ ကလည်း လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ အမျိုးသမီးများရဲ့ စီးပွားဆိုင်ရာလုပ်ပိုင်ခွင့် နဲ့ ဒေသတွင်းဖွံ့ ဖြိုးတိုးတက်မှုနဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးမဲ့ ဆောင်ရွက်မှုတွေ စတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းတွေကို ဖန်တီးဖော်ဆောင် ပေးနေပါတယ်။

ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဒါမှမဟုတ် ထုတ်လုပ်မှုလုပ်ငန်းတွေ လုပ်နေတဲ့ သြစတြေးလျရဲ့ ကြီးမားတဲ့ ကုမ္ပဏီအချို့  ကဘာတွေပါလဲ။

ပေါ်ပေါက်လာနေတဲ့ အာဆီယံစီးပွားရေးအသိုက်အ၀န်းအလယ်မှာ တည်ရှိနေတဲ့ ထိုင်းနိုင်ငံက သြစတြေးလျ ရင်းနှီးမြှုပ်နှံသူတွေကို အခွင့်အလမ်းတွေပေးနေပါတယ်။ ထိုင်းနိုင်ငံမှာ သြစတြေးလျကုမ္ပဏီ ၁၈၀ လောက်ရှိနေ ပါပြီ။ ဒါပေမယ့်၊ တကယ်တမ်းမှာဆိုရင် အဲဒီကုမ္ပဏီအများစုက SME (အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များ) တွေဖြစ်တဲ့အတွက် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။ ၀န်ဆောင်မှုလုပ်ငန်းကဏ္ဍ ကလည်း သြစတြေးလျရင်းနှီးမြှုပ်နှံသူတွေကို ပိုမိုစိတ်ဝင်စားမှုရှိစေပါတယ်။ ကုမ္ပဏီတွေက ဘဏ်လုပ်ငန်း၊ ထောက်ပံ့ပို့ ဆောင် ရေးလုပ်ငန်း၊ ဗိသုကာလုပ်ငန်းနယ်ပယ် နဲ့ အခြားလုပ်ငန်းနယ်ပယ်တွေမှာ လုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ သြစတြေးလျနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ထိုင်းရင်းနှီးမြှုပ်နှံသူတွေရဲ့ ကုံလုံပြည့်စုံပြီး အောင်မြင်တဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း မီးမောင်းထိုးဖော်ပြဖို့ အရေးကြီးပါတယ်။ ထိုင်းရင်းနှီးမြှုပ်နှံသူတွေ ကသြစတြေးလျ စီးပွားရေးအတွက်ဖန်တီးဖော်ဆောင်ပေးကြတယ်။ သြစတြေးလျမှာ ထိုင်းနိုင်ငံက ခရီးသွား လာ ရေး၊ လယ်ယာထွက်ကုန်စီးပွားရေးနဲ့ စွမ်းအင် စတဲ့ အမျိုးမျိုးသောကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ခြောက်ဦး မြောက်အကြီးမားဆုံး FDI စတော့ခ် ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။

 

 

368553