Peakchan မှတီထွင်ဆန်းသစ်မှု၊ သုတေသနဒီဇိုင်းနှင့် စီမံခန့် ခွဲရေး ဒါရိုက်တာမှ ဂုန်လျှော်နှင့် ဂျုံ/ရွှံ့ တို့  အား အဆင့်မြင့်ပို့ ကုန်အဖြစ် ကုမ္ပဏီမှ မည်သို့ မည်ပုံပြောင်းလဲခဲ့သည်ကိုရှင်းလင်းပြောပြပါသည်။

Peakchan အားမည်ကဲ့သို့ စတင်တည်ထောင်ခဲ့သနည်း။
လက်ဦး၌ ကျွန်မမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာနလက်အောက်ရှိ ပို့ ကုန်မြှင့်တင်ရေး ငှာန (Department of Export Promotion (DEP)) ကပေးအပ်ချီးမြင့်သည့် Talent Thai Award ဆုကို ဂုန်လျှော်ကော်ဇော်ဖြင့် 2005 ခုနှစ်က ဆွတ်ခူးရရှိခဲ့ပါသည်။ ဤဆုမှ ငယ်ရွယ်သည့် အမျိုးသမီးငယ်လေး အတွက် ကမ္ဘာအနှံ့ ရှိ ၀ယ်ယူသူများမှ ပေးပို့ သော ဘတ်သန်းပေါင်း 20-30 အတွင်း တန်ဖိုးရှိသည့် ကုန်မှာစာများ ကို လက်ခံရရှိခြင်းဖြင့် အလွန်ကြီးမားသည့်အခွင့်အရေးကို ဆောင်ကျဉ်းပေးခဲ့သည်။ ဘာမှ မဟုတ်သည့် အခြေအနေမှ ဈေးကွက်တွင်းနေရာ ရနေသည့် ယခုလို အခြေအနေမျိုးထိရောက်လာစေရန် Peakchan မှဆက်လက် ကြီးထွားလာခဲ့သည်။

Peakchan ၏ သာမာန်ထက်ထူးခြားသည့် အရည်အသွေးအပေါ် သင်မည်ကဲ့သို့ ထင်မြင်ပါသနည်း။
ကျွန်မတို့ ၏ ဆန်းသစ်သည့်ဒီဇိုင်းနှင့် ထူးခြားသည့်နည်းပညာဟု ထင်မြင်ပါသည်။ Peakchan ၏ ထုတ်ကုန်များကို အဓိကအားဖြင့် ဂုန်လျှော်၊ ဂျုံများဖြင့် ပြုလုပ်ပါသည်။ ဆယ်စုနှစ်ပေါင်းများတိုင် အိတ်များ မှအပ မည်သည့်ထုတ်ကုန်ပစ္စည်းများကိုမှ ပြန်လည်မွမ်းမံဆန်းသစ်နိုင်ခြင်းမရှိခဲ့ချေ။ ကျွန်မတို့  သည် ထိုင်းလူမျိုးများမှ တစ်ချိန်တစ်ခါက လျစ်လျူရှုခဲ့ကြသည့် အရာကို ဆန်းသစ်သည့်အမြင်ဖြင့် စတင်ဖန်တီး ခဲ့ကြသည်။ များမကြာမီနှစ်များအတွင်းက လှပသည့် ကျောက်လေးများကိုထည့်သွင်းရက်လုပ်ထားသော ဂုန်လျှော်၊ ဂျုံများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့် ဖြူးရောင်းချခဲ့ပြီး ၄င်းတို့ သည် ကျွန်မတို့ ၏ အမှတ်တံဆိပ်ဖြစ်လာခဲ့ပါသည်။ ယနေ့ ထိတိုင် ကျွန်မတို့ ၏ ပစ္စည်းများမှာ ထူးခြားဆန်းသစ် နေဆဲဖြစ်ပါသည်။

 

သင်၏မည်သည့် ပစ္စည်းသည် ရောင်းအားအကောင်းဆုံး ပစ္စည်းဖြစ်သနည်း။
တိုင်းနိုင်ငံအလိုက် ကွဲပြားကြသည်။ ကျွန်မတို့ ၏လူနေမှုပုံစံနှင့် ဖက်ရှင်ပစ္စည်း လေးများကို အမေရိ ကန် ပြည်ထောင်စုမှ ကြိုက်နှစ်သက်နေချိန်တွင် ပြင်သစ်နှင့် အီတလီမှ ကျွန်မတို့ ၏ ပရိဘောဂနှင့် အိမ် အလှဆင်ပစ္စည်းလေးများကို ကြိုက်နှစ်သက်ကြသည်။ ကျွန်မတို့ ၏ ပစ္စည်းများအာလုံးနီးပါးသည် ဈေးကြီး ၍ အဆင့်မြင့်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ခြင်းကိုခံရသည်။

အနာဂတ်ကာလတွင်ပြုလုပ်မည့် စီမံကိန်းများအကြောင်းကို ပြောပြစေလိုပါသည်။
နီးလိုဝဲ (လက်ဝတ်ရတနာများ) ကိုထုတ်လုပ်ရန် စီစဉ်ထားရှိပါသည်။ ၄င်းပြင်၊ ကျွန်မတို့ လက်ရှိအသုံးပြု နေသည့် ပစ္စည်းများအား ပိုး၊ ချည်သား အစရှိသည့် ပစ္စည်းအသစ်များနှင့် ရောစပ်ရန် အစီအစဉ်ရှိပါသည်။ ပစ္စည်းအသစ်များထုတ်လုပ်ရန် အထောက်အကူဖြစ်စေသည်သာမက တိုင်းပြည်၏ဂုဏ်သတင်း ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေမည် ဖြစ်ပါသည်။ ကမ္ဘာအနှံ့ ရှိလူများမှ ပစ္စည်းဈေးနှုန်းအပေါ်တွင် “ထိုင်းနိုင်ငံ တွင်ပြုလုပ်သည်” ဆိုသောတံဆိပ်ကို တွေ့ ရှိချိန်တွင် ထိုင်းနိုင်ငံမှ ကျွန်ုပ်တို့ သည် ကမ္ဘာပေါ်တွင် တကယ့် ကို အကောင်းဆုံးသောလက်မှုပညာထွန်းကားရာနေရာဒေသ ဖြစ်သည်ဟု ဟစ်ကြွေး နိုင်သည့် အဓိပ္ပာယ် ပင်ဖြစ်ပါသည်။

ထိုင်းနိုင်ငံမှ ဤကဲ့သို့ သောထုတ်ကုန် ပစ္စည်းများနှင့်ပတ်သက် ၍အရေးသာရသည့် အကြောင်းရင်းကို သင်မည်ကဲ့သို့ ထင်မြင်ပါသနည်း။
အရေးသာရသည့်အကြောင်းမှာ ယခုအခါတွင် လူအများမှ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ကုန်ပစ္စည်း အပေါ်ပြန်လည်အလေးသာလာသည့် အကြောင်းရင်းပင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ ၄င်းတို့ သည် လက်ဖြင့်ပြုလုပ်ထားသော သဘာဝကျသည့်၊ အနုပညာလက်ရာမြောက်သည့် ပစ္စည်း များကိုရှာဖွေ အသုံးပြုလာကြသည်။ မြောက်မြားစွာသောသဘာဝရင်းမြစ်များနှင့် ကျွမ်းကျင်သည့် လက်မှုပညာသည် များကြောင့် ထိုင်းနိုင်ငံမှ အသေအချာပင်အလေးသာနေရခြင်းဖြစ်ပါသည်။ သိသည့်အတိုင်းပင် တစ်ချိန် တစ်ခါက် ဂုန်လျှော်ဖြင့်ပြုလုပ်သည့် ပစ္စည်းများကို ဆင်းရဲသည့်နိုင်ငံများ၏ ပို့ ကုန် ပစ္စည်းများထင်မြင် ယူဆခဲ့ကြသော်လည်း၊ ယခုအခါတွင် ထိုကဲ့သို့ မဟုတ်ကြောင်းကို ကျွန်မတို့ မှ ထင်ရှားစွာပြခဲ့ပြီး ဖြစ်ပါသည်။

Peakchan မှပုံများရယူပါသည်။

 

 

 

368743