Issue 65

ကွမ်တုံ (Guangdong) ရှိ ကုန်သွယ်ရေးစင်တာအသစ်သည် တရုတ်နိုင်ငံဈေးကွက်သို့ ထိုးဖောက်ဝင် ရောက်ရန်အတွက် မျှော်လင့်နေသည့် ထိုင်းပို့ ကုန်လုပ်ငန်းရှင်များအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်း သစ်များကို တိုးတက်ဖော်ဆောင်ပေးလျက်ရှိပါသည်။

တရုတ်နိုင်ငံ၏ ကြီးမားလှသည့် ဈေးကွက်သည် အွန်လိုင်းဈေးကွက်သာမက အော့ဖ်လိုင်း (offline) ဈေးကွက် ပါ တိုးတက်လျက်ရှိနေပါသည်။ တိုင်းပြည်၏ FMCG (fast-moving consumer goods - လျင်မြန်စွာ တိုးတက် နေသည့် လူသုံးကုန်) ဈေးကွက်အား ၂၀၂၀ ခုနှစ်တွင် ယူအက်စ်ဒေါ်လာ ၂ ထြီလျံ သို့ ရောက်ရှိရန် Goldman Sachs မှမျှော်လင့်လျက်ရှိသည်။ တရုတ်နိုင်ငံသို့ ပို့ ကုန်ကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ထိုင်းအစိုးရသည် ထိုင်းအမှတ်တံဆိပ်များအတွက် ကုန်စည်ရောင်းချရေးလမ်းကြောင်းသစ်များအားဖော်ဆောင်နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါသည်။

ဤရည်မှန်းချက်အရ ထိုင်းပို့ ကုန်လုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံသားဝယ်ယူသူများ အတွက် ဇန်န၀ါရီလတွင် ၄င်း၏တံခါးများအားဖွင့်လှစ်ပေးခဲ့ပြီးနောက် မေလ ၁ ရက်နေ့ တွင် Thailand Smart Trade Center (TSTC) အား ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းစင်တာသည် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဖွံ့ ဖြိုးတိုးတက်ရေး ငှာန (DITP)၊ စီးပွားရေးဝန်ကြီးငှာန (MoC)၊ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (Tourism Authority of Thailand)၊ ထိုင်းလေကြောင်းလိုင်း (Thai Airways)၊ ကာစီကော်န်ဘဏ် (Kasikorn Bank)၊ Ciphona အုပ်စု အပါအ၀င် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများနှင့် လုပ်ငန်းများကိုပူးတွဲဆောင်ရွက်လျက်ရှိပါသည်။

တရုတ်နိုင်ငံ၊ ကွမ်တုံ (Guangdong) ပြည်နယ်၊ Foshan ဒေသ၊ Shunde ခရိုင်တွင် တည်ရှိသည့် TSTC အား စားသောက်ကုန်၊ အလှကုန်၊ လယ်ယာထွက်ကုန်များ၊ ပရိဘောဂများ နှင့် အထူး ပြပွဲများ စသည်ဖြင့် သီးခြားဇုံ များဖြင့် ခွဲခြားထားသည်။ TSTC ၏ အလုပ်အမှုဆောင် ဒါရိုက်တာ Yongkit Thamphatanaporn မှ "TSTC က ဖြန့် ဖြူးရောင်းချသူမဟုတ်ပါဘူး။ B2B အရောင်းကဏ္ဍတွေ တိုးတက်လာစေဖို့ အတွက်ရှေးရှုပြီး ထိုင်းပို့ ကုန် လုပ်ငန်းရှင်တွေ တရုတ်နိုင်ငံဈေးကွက်ကို ၀င်လာနိုင်ဖို့ ပံ့ပိုးကူညီနေတဲ့၊ ထိုင်းပို့ ကုန်လုပ်ငန်းရှင်တွေအတွက် အွန်လိုင်း၊ အော့ဖ်လိုင်း (offline) ဈေးကွက်နှစ်ခုစလုံးမှာ စီးပွားရေးအခွင့်အလမ်းတွေဖန်တီးပေးနေတဲ့ ကုန်သွယ်ရေး စင်တာတစ်ခုပဲဖြစ်ပါတယ်" ဟုရှင်းလင်းပြောပြပါသည်။

ကုန်သွယ်ရေးစင်တာသည် ထိုင်းပို့ ကုန်လုပ်ငန်းရှင်များမှ ၄င်းတို့ ၏ ထုတ်ကုန်ပစ္စည်းများကို ပြသနိုင်မည့် ပြပွဲ များကိုဖော်ဆောင်ပေးပါသည်။ ထို့ ကြောင့်၊ တရုတ်လူမျိုး ၀ယ်ယူသူများမှ အရေအတွက်များပြားသည့် ကုန် များမှာယူရန် ဆုံးဖြတ်ချက်မချမီ ပမာဏအနည်းငယ်ကိုဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့ ပြင်၊ TSTC သည် စီးပွားရေးလုပ်ငန်း ဆက်စပ်ပေးသည့် အစီအစဉ်များမှ တဆင့် ထိုင်းပို့ ကုန်လုပ်ငန်းရှင်များ တရုတ်နိုင်ငံရှိ ဟိုင်ပါမားကက်များ၊ စူပါမားကက်များ၊ တရုတ်နိုင်ငံမှ ဖြန့် ဖြူး ရောင်းချသူများ၊ လက်ကားရောင်းချသူများ၊ ကုန်သည်ကြီးများနှင့် ချိတ်ဆက်မိစေရန် ပံ့ပိုးကူညီပေးသည့် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေ ပါသည်။

Thamphatanaporn မှ "တရုတ်နိုင်ငံကို ၀င်ရောက်ရာမှာ အောင်မြင်ဖို့ အတွက် အဓိကကျတဲ့အချက်တွေ ကတော့ ပို့ ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကုန်လှောင်ရုံနဲ့ သယ်ပို့ ဖို့ အတွက် ကုန်ပစ္စည်းတွေ၊ ၀ယ်ထားတဲ့ ပစ္စည်းတွေကို ၀ယ်သူတွေဆီကို အချိန်ကိုက် ပို့ ဆောင်ပေးနိုင်တဲ့ ထောက်ပံ့ပို့ ဆောင်ရေးအဖွဲ့ နဲ့  တရုတ် စကားပြောတဲ့ ဖောက်သည်ဝန်ဆောင်မှုအဖွဲ့ အဆင်သင့်ရှိ နေ သင့်ပါတယ်" ဟုဆိုပါသည်။

ထို့ အပြင်၊ ယမန်နှစ်က တရုတ်နိုင်ငံ၌ အွန်လိုင်းဈေးကွက်သည် ၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းသို့ လျင်မြန်စွာ မြင့်တက်ခဲ့သောကြောင့်၊ Goldman Sach ၏ပြောကြားချက်အရ ထိုင်းပို့ ကုန်လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်း လမ်းကြောင်းများကို စဉ်းစားသင့်သည်ဟု သိရသည်။

စီးပွားရေးဝန်ကြီးငှာန၏ SME လုပ်ငန်းများကို smart လုပ်ငန်းများအဖြစ်သို့ ပြောင်းလဲရေး မူနှင့်အညီ၊ ကမ္ဘာ့ ဈေးကွက်တွင် ၄င်းတို့ ၏ လုပ်ငန်းယှဉ်ပြိုင်မှုကို တိုးမြင့်ရန် TSTC အထူးအလေးထားသည့် အရာများမှ တစ်ခု မှာ Thailand Trust Mark သို့ မဟုတ် T/Mark၊ နိုင်ငံတကာမှ သိရှိထားသည့် ထိုင်းအမှတ် တံဆိပ်များ ကို ပြသသည့် ပြပွဲဖြစ်သည်။ TSTC တွင် Panpuri၊ Naraya နှင့် Blue Elephant များကဲ့သို့ သော စီးပွားရေးဝန်ကြီး ငှာနမှ 'Thai Brand Heroes' များအဖြစ် ရှုမြင်ထားသည့် ဤအမှတ်တံဆိပ်များအတွက် အထူးဧရိယာ ရှိသည်။ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများ မှသည် အိမ်အလှဆင်ပစ္စည်းများနှင့် စားသောက်ကုန် များအထိ T/mark-awarded ဆုအားရရှိထားကြသည့် ထိုင်းအမှတ်တံဆိပ် ၃၀ ကျော်အား ဤဧရိယာဇုံကြီးတွင် ပြသသည်။

TSTC ၏ ပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ သည့် ပို့ ကုန်လုပ်ငန်းကဏ္ဍ၏အနာဂတ် ထွန်းလင်း တောက်ပလာလိမ့်မည်ဟု Thamphatanaporn မှယုံကြည်သည်ဟု ဆိုပါသည်။

၎င်းမှ "အခုလက်ရှိမှာတော့ ကုန်သွယ်ရေးစင်တာကြီးအကြောင်းကို ပိုမိုသိရှိနားလည်လာကြဖို့ အတွက် ရှေးရှု လုပ်ဆောင်နေသလို၊ TSTC အတွက် တရုတ်နိုင်ငံမှာရှိတဲ့ department စတိုးဆိုင်တွေလို ၀ယ်သူတွေကို ရရှိ

ဖို့ အတွက်လုပ်နေပါတယ်။ အခုလက်ရှိ လူကြိုက်အများဆုံး ပစ္စည်းတွေထဲကတစ်ခုက အေးခဲထားတဲ့ သစ်သီး ခြောက်တွေပဲဖြစ်ပါတယ်" ဟုပြောပါသည်။

Thailand Smart Trade Center (TSTC) ကြီးသည် အမှတ် ၃၈ Kaka Plaza၊ Nanguo XI လမ်း၊ Daliang

မြို့ ၊ Shunde ခရိုင်၊ Foshan ဒေသ၊ ကွမ်တုံ (Guangdong) ပြည်နယ်၊ တရုတ်နိုင်ငံ တွင်တည်ရှိသည်။

ပိုမိုသိရှိလိုပါက www.facebook.com/thailandsmarttradecenter အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

366491