Issue 63

သဘာဝသယံဇာတ ပစ္စည်းပေါများကြွယ်ဝခြင်းနှင့် ၄င်း၏ မဟာဗျူဟာကျလှသည့် တည်နေရာအနေအထားများ ကြောင့် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံအပါအ၀င် ကမ္ဘာအရပ်ရပ်မှ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုရရှိထားပါ သည်။

မြန်မာနိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်လျက် ရှိသော စီးပွားရေးကဏ္ဍအတော်များများသည် လာမည့်နှစ်အနည်းငယ်အတွင်း တွင် သိသာထင်ရှားစွာပင် ကြီးထွားလာမည်ဟု ထိုင်း-မြန်မာ စီးပွားရေးအသိုက်အ၀န်း၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူမှ ဟောကိန်းထုတ်ထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးအသင်း (Thai Business Association of Myanmar (TBAM)) ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ Nattawin Phongsphetrarat မှ "အခြေခံအဆောက်အအုံ၊ လုပ်သားအခြေခံ ထုတ်လုပ်မှု၊ လယ်ယာစိုက်ပျိုး ရေးနဲ့ ငါးလုပ်ငန်း၊ နောက်ပြီး သူတို့ ရဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ထုတ်ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း နဲ့ တယ်လီ ကွန်မြူ နကေးရှင်းလုပ်ငန်း၊ အက်ပလီကေးရှင်း လုပ်ငန်းသုံးပရိုဂမ် တီထွင်တဲ့လုပ်ငန်းကဏ္ဍတွေက နောက်ငါးနှစ် အတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ တိုးတက်ကြီးထွားလာမယ့်လုပ်ငန်းတွေဖြစ်ပါတယ်" ဟုဆိုပါသည်။

"မြန်မာနိုင်ငံအစိုးရက ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းနှိုးဆော်ထားတယ်။ ဘာကြောင့်ဆိုရင် သူတို့ က တိုင်းပြည်တိုးတက်ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် အရမ်းကိုအရေးပါပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူအားလုံးအတွက် သေချာတဲ့အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံကော်မရှင်မှ ထုတ်ပြန်သည့်အချက်အလက်များအရ ဧပြီလ ၁ ရက်၊ ၂၀၁၆ ခုနှစ်မှ ဇန်န၀ါရီ လ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယူအက်စ်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ ရှိနေပြီး၊ လာမည့် မတ်လ ၃၁ ရက်နေ့ ထိ ဖြစ်သည့် ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ယူအက်စ်ဒေါ်လာ ၆ ဘီလျံ ထိရရှိ ရန် အစိုးရမှမျှော်မှန်းထားပါသည်။ ထိပ်တန်းကဏ္ဍများတွင် သယ်ယူပို့ ဆောင်ရေးနှင့် တယ်လီကွန်း၊ ထုတ်လုပ်ရေး၊ အိမ်ခြံမြေအရောင်းအ၀ယ် နှင့် စွမ်းအင်ကဏ္ဍများပါဝင်ပါသည်။

သို့ သော်၊ နှစ်စဉ်ဘဏ္ဍာငွေပေါင်း ယူအက်စ်ဒေါ်လာ ၈ မီလျံ (ထိုင်းဘတ် ၃၀၀ မီလျံ) အောက်လျော့နည်း ရရှိကြ သည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကဏ္ဍအား အလေးထားအာရုံ စိုက်သင့်သည်ဟု Phongsphetrarat မှဆိုပါသည်။ ၄င်းမှ "အသေးစားစီးပွားလုပ်ငန်းတွေအတွက် ကုန်စည်တွေကို ရောင်းချတာက အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ ထင်ပါတယ်။ ကုန်စည်တွေကို ထိုင်း နဲ့ မြန်မာ နယ်စပ်ဧရိယာ တွေက ဖြန့် ဖြူးရောင်းချနိုင်မယ်၊ ဒါမှမဟုတ် ရန်ကုန် သို့ မဟုတ် မန္တလေးမြို့ တွေကို တင်ပို့ ရောင်းချနိုင်ပါတယ်" ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ ၀ယ်လိုအားသည် အကန့် အသတ်ရှိနေဆဲပင်ဖြစ်သော်လည်း မှန်ကန်သည့်ဈေးနှုန်းအား သတ်မှတ်နိုင် ခြင်းသည် အဓိက ကျလှပါသည်။ "ထုတ်လုပ်သူတွေအနေနဲ့ ပိုသေးတဲ့အရွယ်အစားရှိတဲ့ ပစ္စည်းကို ပိုပြီးချိုသာတဲ့ ဈေးနဲ့ ရောင်းချနိုင်ဖို့ လိုပါတယ်။ ဘာကြောင့်ဆိုရင် ဈေးကြီးရင် စားသုံးသူတွေက မ၀ယ်နိုင်ကြတဲ့ အတွက် ကြောင့် ပါ။ ဖေ့စ်ဘွတ် နဲ့ ဗိုင်ဘာ တို့ လို အွန်လိုင်းလက်နက်တွေက မြို့ နေလူတန်းစား စားသုံးသူတွေရဲ့ အပြုအမူနဲ့ ဝယ်ယူမှု တွေကို လွှမ်းမိုးထားတယ်။ ကျေးလက်ဒေသက စားသုံးသူတွေကကတော့ ရိုးရာစဉ်လာဈေးတွေကို နှစ်သက်ကြ တယ်" ဟု Phongsphetrarat မှရှင်းလင်းပြောပြပါသည်။

ထို့ ပြင်၊ စီးပွားရေးလုပ်ငန်းများအား ကုန်ပစ္စည်းအားသရုပ်ပြရှင်းလင်းပြောပြခြင်း နှင့် စားသုံးသူများအား ကုန်စည် နှင့်ပတ်သက်သည့်အသိပညာပေးရန်အတွက် စမ်းသပ်သုံးစွဲစေခြင်းနှင့် ကုန်စည်နှင့်ပတ်သက်သည့် အတွေ့ အကြုံ အား တိုက်ရိုက်ခံစားရရှိစေခြင်းများကဲ့သို့ သော below-the-line မားကက်တင်းလုပ်ငန်းဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန် အကြံပြုထားပါသည်။ မှန်ကန်သည့် နယ်ခံစီးပွားရေးမိတ်ဖက်အား ရွေးချယ်နိုင်ခြင်းသည်လည်း အရေးပါပြီး ကုန်စည်အားထုတ်လုပ်ရန်အတွက် ပြည့်ပြည့်၀၀ရင်းနှီးမြှုပ်နှံမဆောင်ရွက်မီ ရေအားစစ်ဆေးကြည့်ရန် လိုအပ်သည်ဟု ၄င်းမှပြောပြပါသည်။

၎င်းမှ "စီးပွားရေးရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေမှာ စီးပွားရေးမိတ်ဖက်ကအရေးပါတဲ့အခန်းကဏ္ဍ ကပါဝင်နေပါတယ်။ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေက မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်မှုမလုပ်ခင် အဖွဲ့  ဖွဲ့ ပြီးမှဝင်ရောက်နိုင်ပါတယ်။ ရုံးခန်း အတူတကွသုံးနိုင်တယ်။ နောက်ပြီး အခြားရင်းမြစ်တွေကိုလည်း မျှဝေသုံးစွဲနိုင်တဲ့အတွက်ကြောင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး၊ ဈေးကွက်ထဲ့ကို လျင်လျင်မြန်မြန် ထိထိရောက်ရောက်နဲ့ ထိုးဖောက်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို သွားလည်ပြီးမြန်မာနိုင်ငံရဲ့ ဈေးကွက်အခြေအနေကို ကိုယ်တိုင်သေသေချာချာလေ့လာသင့်တယ်" ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် စီးပွားလုပ်ငန်းချဲ့ ထွင်လိုကြသည့် ကုမ္ပဏီများအားကူညီရန် TBAM မှအသင့်ရှိနေပါသည်။ ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဤ အဖွဲ့ သည် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးအတွက် အကျိုးရှိလှသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်နှင့် အကြံဥာဏ်များကို ပေးအပ်လျက်ရှိပါသည်။ ၄င်းပြင်၊ ဤအဖွဲ့ ကြီးသည် ထိုင်းနိုင်ငံ၏စီးပွားရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းအဖွဲ့ များအကြား ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာလာစေရန်အတွက်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိနေပါသည်။

၎င်းမှ "TBAM က ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) အပါအ၀င် ထိုင်းအစိုးရ အေဂျင်စီတွေနဲ့ နီးနီးကပ်ကပ်လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လတိုင်း နီးပါး နှီးနှောဖလှယ်ပွဲတွေကို စီစဉ်ကျင်းပပေးပါတယ်။ နောက်ပြီး စီးပွားရေးအခွင့်အလမ်းတွေနဲ့ အခက်အခဲ တွေ ကို ပိုပြီး နားလည်သဘောပေါက်လာဖို့ နဲ့ မြန်မာနိုင်ငံမှာ ထိုင်းစီးပွားရေးလုပ်ငန်းတွေအကြောင်းကို ပိုမိုသိရှိလာ စေဖို့ အတွက် ထိုင်းလုပ်ငန်းရှင်တွေနဲ့ အထူးသဖြင့် အစိုးရအေဂျင်စီတွေနဲ့  ပုဂ္ဂလိကအဖွဲ့ အစည်းတွေရဲ့ ကိုယ်စား လှယ်တွေအတွက် အစည်းအဝေးပွဲတွေကိုလည်း ကြီးမှူးကျင်းပပေးပါတယ်" ဟုပြောပြပါသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေသစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုကောင်းမွန်သည့် အကျိုးအမြတ်ကိုဖော်ဆောင်ပေးပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့် သတ်ချက်များကိုလည်းဖြေလျှော့ပေးလိမ့်မည်ဟု Phongsphetrarat မှယုံကြည်နေပါသည်။

၎င်းမှ "ပထ၀ီမြေအနေအထား နီးစပ်နေသလို၊ စားသုံးသူ အပြုအမူကလည်းတူညီတာကြောင့် ထိုင်းရင်းနှီးမြှုပ်နှံသူ တွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးချဲ့ တာက အရမ်းကောင်းတဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ သူတို့ (မြန်မာ စားသုံးသူများ) ကထိုင်းကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို အရမ်းကိုကြိုက်ကြတယ်။ ဒီကောင်းမွန်တဲ့ အခွင့်အရေးကို လက်လွတ်ခံရင်တော့၊ ဒီလိုမျိုးအခွင့်အရေး နောက်ထပ်ရနိုင်တော့မှာမဟုတ်ဘူး" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက www.tbam1997.com ၀င်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

366675