Issue 60

အာဆီယံစီပွားရေးအသိုက်အ၀န်း (ASEAN Economic Community (AEC)) ကို ဖွဲ့ စည်းတည်ထောင်လိုက် ခြင်းကြောင့် ထိုင်းရင်းနှီးမြှပ်နှံသူများသည် ကမ္ဘောဒီးယားနိုင်ငံကဲ့သို့  စီးပွားရေးအလျင်အမြန်တိုးတက်လာနေ သည့် အိမ်နီးချင်းနိုင်ငံများတွင် ၄င်းတို့ ၏စီးပွားရေးလုပ်ငန်းများကို ချဲ့ ထွင်နိုင်ရန်အတွက် အခွင့်အလမ်းများရှာ ဖွေလျက်ရှိနေကြပါသည်။

ထိုင်းနှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများသည် ကြီးထွားလာသည့် ကမ္ဘောဒီးယား၏ စီးပွားရေးကဏ္ဍတွင် ပါဝင်ရန် စိတ်အားထက်သန်နေကြပါသည်။ ထိုင်းပို့ ကုန်များတင်ပို့ ရောင်းချသည့် နိုင်ငံများတွင် ၁၄ ဦးမြောက်အကြီးဆုံး

နိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယားသည် ၂၀၁၆ ခုနှစ်၏ ပထမကိုးလတာကာလအတွင်း ထိုင်းပို့ ကုန်များမှ ယူအက်စ် ဒေါ်လာ ၃ ဒသမ ၅၇၄ ဘီလီယံ ကိုရရှိခဲ့သည်။ ထိုင်းနိုင်ငံ၏ ကြီးမားသည့် ကုမ္ပဏီများဖြစ်ကြသော CP၊ PTT နှင့် SCG ကုမ္ပဏီများသည်လည်း ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ထုတ်လုပ်မှုလုပ်ငန်းများကို ရင်းနှီး မြှပ်နှံ လုပ်ကိုင်နေကြသောကြောင့်၊ အထူးသဖြင့် ဟိုတယ်၊ ဆေးရုံ၊ ရုပ်မြင်သံကြား၊ အာမခံနှင့်ဘဏ် အစရှိ သည့် ၀န်ဆောင်မှုလုပ်ငန်းများကဏ္ဍသည်လည်း ကြီးထွားလာလျက်ရှိနေပါသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးကောင်စီ (Thai Business Council of Cambodia (TBCC)) ၏ ဥက္ကဌ Oranooch Pakarat သည် ၁၉၈၆ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် လေကြောင်းကုန်စည်ပို့  ဆောင်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ပထမဆုံး စီးပွားရေး လုပ်ငန်း များကို ဆောင်ရွက်ခဲ့သော ထိုင်း စီးပွားရေးလုပ်ငန်းရှင်များတွင် တစ်ဦးအပါအ၀င်ဖြစ် ခဲ့ပါသည်။ သက္ကရာဇ် ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် TBCC သည် အခမ်းအနားပွဲများကို တစ်နှစ်ပတ်လုံး ကျင်းပပေးပြီး ကမ္ဘောဒီးယားနိုင်ငံတွင် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှပ်နှံမှုများပြုရန် စိတ်ပါဝင်စားကြသည့် ထိုင်း ရင်းနှီး မြှပ်နှံသူများအတွက် သတင်းအချက်အလက်နှင့် လမ်းညွှန်မှုများပေးအပ်လျက်ရှိနေပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားတွင် နေထိုင်လျက်ရှိကြသည့် ထိုင်းလူမျိုးများနှင့် သံရုံးအကြား ဆက်သွယ် ရေးလမ်းကြောင်း အဖြစ်လည်းဆောင်ရွက်ပေးလျက်ရှိနေပါသည်။

၎င်းမှ "TBCC က မိတ်ဖက်စီးပွားလုပ်ငန်းဖန်တီးပေးနိုင်ဖို့ အတွက် ထိုင်းနိုင်ငံက လာရောက်လည်ပတ် ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကမ္ဘောဒီးယားက တူညီတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်စပ်ပေးပါတယ်" ဟုဆို ပါသည်။ ဆယ်စုနှစ် သုံးခုစာမျှရှိသည့် ၄င်း၏အတွေ့ အကြုံဖြင့် Pakarat သည် ဘန်ကောက်အခြေစိုက် Intra Mekong ကုမ္ပဏီအား ဦးဆောင်လျက်ရှိနေပါသည်။ ၄င်းကုမ္ပဏီသည့် ကမ္ဘောဒီးယား နှင့် အခြား အာဆီယံ နိုင်ငံများအတွင်း အထူးသဖြင့် ထောက်ပံ့ပို့ ဆောင်ရေး၊ ခရီးသွားလာရေး နှင့် ပညာရေးဝန်ဆောင်မှု လုပ်ငန်း များကိုဆောင်ရွက်နေပါသည်။

ထိုင်းလူမျိုးများသည် ငယ်ရွယ်ပျိုမြစ်သည့် အလုပ်သမားများရရှိနိုင်မှု နှင့် မြောက်မြားလှစွာသော သဘာဝ ရင်းမြစ်များ တည်ရှိ နေခြင်းများကြောင့် အပါအ၀င် အခြားအကြောင်းအရာများကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုများ ပြုကြရန် စိတ်ဝင်စားကြခြင်းဖြစ်သည်ဟု Pakarat မှထုတ်ဖော်ပြောဆိုပါ သည်။

၎င်းမှ "ကမ္ဘောဒီးယားလူမျိုးတွေက ထိုင်းထုတ်ကုန် ပစ္စည်းတွေကို ကြိုက်ကြတယ်။ ဒါ့အပြင်၊ ကမ္ဘောဒီးယား နိုင်ငံရဲ့ ဥပဒေကလည်း ကမ္ဘောဒီးယားမှာ နိုင်ငံခြားရင်းနှီး မြှပ်နှံသူတွေအနေနဲ့  စီးပွားလုပ်ငန်းတွေပိုင်ဆိုင်နိုင် တယ်ဆိုပြီး ဖွင့်ပေးနေတယ်။ နောက်အကျိုးအမြတ်တစ်ခုက နိုင်ငံထဲမှာပဲ ယူအက်စ် ဒေါ်လာ၊ ထိုင်းဘတ် နဲ့  ကမ္ဘောဒီးယား ရီယယ်တို့ ကို အသုံးပြုကြတာပါ။ လုပ်ခ ကနိမ့်ပါးတုန်းပါပဲ။ ၆၀ ရာခိုင်နှုန်းကျော်တဲ့ လူဦးရေက အလုပ် လုပ်ကိုင်နိုင်တဲ့အရွယ်ကောင်းတွေပါ။ နောက်ပြီး နိုင်ငံခြားသားတွေလာလည်ကြတော့ ၀င်ငွေလည်ပတ် စီးဆင်းမှုက တည်ငြိမ်အတွက် ဒေသခံတွေအနေနဲ့ ကလည်း ပစ္စည်းတွေကိုဝယ်ယူသုံးစွဲနိုင်ကြတယ်" ဟုဆိုပါ သည်။

ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်တစ်ခုမှာ ထိုင်းနှင့်ကမ္ဘောဒီးယားတို့ ၏ နယ်စပ်ဒေသမှာ ရှည်လျားသည့် အပြင် နိုင်ငံဖြတ်ကျော်ကုန်သွယ်ရေးအတွက် AEC အခွင့်အလမ်းများလည်း ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

Pakarat မှ "ကျွန်မ ကမ္ဘောဒီးယားမှာ ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားတဲ့လူတွေကို အကြံပေးရမယ်ဆိုရင် မိမိရဲ့  အတွေးအမြင်တွေကို ပြောင်းလဲဖို့ လိုပါတယ်။ ကမ္ဘောဒီးယားက အရှိန်နဲ့ ပြောင်းလဲနေပါပြီ။ ကမ္ဘောဒီးယား မျိုးဆက်သစ် မိဘတွေက သူတို့ ရဲ့ ကလေးတွေအပေါ်မှာ ရင်းနှီးမြှပ်နှံကြတယ်။ သူတို့ ရဲ့ ကလေးတွေကို နိုင်ငံခြား တက္ကသိုလ်တွေမှာ ပညာသင်ဖို့ စေလွှတ်ကြတယ်။ ဒါကြောင့် အကောင်းဆုံးပညာရေးကို သူတို့ ရရှိ နေကြပြီ။ တရုတ်ကအစ ဂျပန်၊ ဗီယက်နမ် ကနေ တောင်ကိုရီးယား အထိ နိုင်ငံအတော်များများက ကမ္ဘောဒီးယားမှာ ရင်းနှီးမြှပ်နှံကြဖို့ စိတ်ထက်သန်နေကြတယ်" ဟုပြောပြပါသည်။

ထိုင်းအစိုးရမှလည်း ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကို အားပေး ပံ့ပိုး ပေးနေပါသည်။ ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလုပ်ငန်းတိုးတက်ဖွံ့ ဖြိုးရေးငှာန (Department of International Trade Promotion) မှ ဖနွမ်းပင်မြို့ တွင် ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသကဲ့သို့ ၊ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုငှာန (Department of Business Development) မှလည်း စီးပွားမိတ်ဖက်များရှာဖွေရန်အတွက် ထိုင်း franchise လုပ်ငန်းပိုင်ရှင် များ ကို ကမ္ဘောဒီးယားသို့ ခေါ်ဆောင်ခဲ့ပါသည်။

သို့ သော်၊ Pakarat မှ စီးပွားရေးလုပ်ငန်းရှင်များကို မိမိဘာသာ မိမိတို့ ၏ စီးပွားလုပ်ငန်းကိုတိုးချဲ့ ရန် စိုးရွံ့  မနေသင့်ကြောင်း ယခုကဲ့သို့ ဆိုပါသည်။ "နိုင်ငံရပ်ခြားမှာ စီးပွားရေးစလုပ်ချင်တယ်ဆိုရင် အစိုးရရဲ့ အကူအညီ မယူပဲနဲ့ လည်းလုပ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် အဆင်သင့်ပြင်ထားပါ။ ဘာကြောင့်ဆိုရင် ပြင်ဆင်မှု လုပ်လေ လေ၊ အောင်မြင်နိုင်ချေ မြင့်လေလေဖြစ်တာကြောင့်ပါ။"

ပိုမိုသိရှိလိုပါက www.tbcccambodia.org အားဝင်ဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

366662