Issue 57

နှစ်စဉ် ကမ္ဘာအနှံ့ တွင် စီးပွားရေးလုပ်ငန်း၏တန်ဖိုး ယူအက်စ်ဒေါ်လာ ၁ ထရေလီယံခန့် ဖြင့် ဟာလာ စားသောက်ကုန်လုပ်ငန်းနှင့် ဆက်စပ်နေသည့်စီးပွားရေးလုပ်ငန်းများသည် အံ့သြလောက်ဖွယ် အရှိန်အဟုန် ဖြင့် တိုးတက်လာခဲ့ပါသည်။

ဟာလာစားသောက်ကုန်စီးပွားရေးလုပ်ငန်းသည် ကမ္ဘာအနှံ့ တွင် တစ်ဟုန်ထိုးကြီးမားကျယ်ပြန့် လာလျက် ရှိ နေပါသည်။ World Halal Forum မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ၊ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ ဟာလာစားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းမှ လက်ခံရရှိသည့် ၀င်ငွေသည် ယူအက်စ်ဒေါ်လာ ၁.၄ ထရေလီယံ ခန့် ရှိကြောင်းနှင့် ၂၀၁၈ ခုနှစ်တွင် ယူအက်စ်ဒေါ်လာ ၂.၄၇ ထရေလီယံ သို့ ရောက်ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်း-မွတ်စလင် ကုန်သွယ်ရေးအဖွဲ့ (Thai-Muslim Trade Association (TMTA))၊ Central World နှင့် ထိုင်းနိုင်ငံရှိ မွတ်စလင် နိုင်ငံ ၁၀ နိုင်ငံ၏ သံရုံးတို့ မှ အတူတကွ ပူးပေါင်းလျက် World Halal Fest (ကမ္ဘာ့ ဟာလာပွဲတော်) အား ဇူလိုင်လ ၁၉ ရက် မှ ၃၁ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့သည်။ ထိုပွဲတော်အား ကျင်းပရ သည့် ရည်ရွယ်ချက်မှာ ဟာလာထုတ်ကုန်ဈေးကွက် အတွက် အခွင့်အလမ်းများကို တိုးတက်ဖော်ဆောင်နိုင်ရန် အတွက် ဖြစ်ပါသည်။

ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံ၏ ယခင် အထွေထွေအတွင်းရေးမှူးချုပ် Surin Pitsuwan မှ "ဟာလာစီးပွားရေးလုပ်ငန်းက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ စားသောက်ကုန်တွေကို မွတ်စလင် ဘာသာတရားနဲ အညီ ပြင်ဆင် ထုတ်လုပ်တာအပြင်၊ အစားအသောက်တွေမှာ အာဟာရဓာတ် လည်းကြွယ်ဝ ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပါ တယ်။ နောက်ပြီး လူတိုင်းအတွက်လည်း ကောင်းမွန်ပါတယ်။ ဒါကြောင့်၊ ဟာလာစားသောက်ကုန်ဆိုတာက မွတ်စလင်တွေအတွက်ပဲဆိုတဲ့ သဘောထားအမြင်ကို ပထမအနေနဲ့  ပြောင်းလဲလိုက်ဖို့ လိုအပ်ပါတယ်" ဟု ဟာလာထုတ်ကုန်ဆိုသည်မှာ မွတ်စလင် အသိုက်အ၀န်းနှင့် ကမ္ဘာကြီး တစ်ခုလုံးအတွက်ဖြစ်ကြောင်း ၄င်း၏ မိန့် ခွန်းတွင်ပြောကြားခဲ့ပြီးအလေးထားပြောကြားခဲ့ပါသည်။

Pitsuwan မှ "ဟာလာစားသောက်ကုန်လုပ်ငန်းတွေက အလယ်ပိုင်းနဲ့ တောင်အာရှတွေမှာ ယူအက်စ် ၁၇၅ ဘီလီယံ၊ အရှေ့ တောင်အာရှမှာ ယူအက်စ်ဒေါ်လာ ၉၃ ဘီလီယံ၊ တရုတ်နိုင်ငံမှာ ယူအက်စ်ဒေါ်လာ ၅ ဘီလီယံ၊ ဥရောပမှာ ယူအက်စ်ဒေါ်လာ ၆၃ ဘီလီယံ နဲ့ မြောက်အမေရိကမှာ ယူအက်စ်ဒေါ်လာ ၁၄ ဘီလီယံ အသီးသီး တန်ဖိုးရှိကြပါတယ်။ ယူအက်စ် (အမေရိကန်) မှာ ဂျူးဘာသာတရားကိုးကွယ်သူ အသိုက်အ၀န်းရဲ့  ပြောကြားချက်အရ ဂျူးဘာသာတရား အယူဝါဒနဲ့ ညီညွတ်တဲ့ စားသောက်ကုန်အမျိုးပေါင်း ၈၆,၀၀၀ ရှိတယ် လို့ သိရပါတယ်။ ဒါပေမယ့်၊ ဂျူးအသိုက်အ၀န်းက အဲဒါရဲ့ ၁၅ % ကိုပဲစားသောက်ကြပြီး၊ ၁၆ % ကိုတော့ မြောက်အမေရိကမှာနေထိုင်ကြတဲ့ မွတ်စလင်တွေက စားသုံးကြတာပါလို့ ဆိုပါတယ်။ အရမ်းကို စိတ်ဝင်စား စရာကောင်းပြီး အထင်ကြီးလောက်စရာပါ" ဟုဖြည့်စွက်ပြောကြားပါသည်။

ကမ္ဘာ့ဈေးကွက်ရှိ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခုအခါတွင် ထိုင်းဟာလာထုတ်ကုန် ထုတ်လုပ်သူများသည် ထိုင်းနိုင်ငံမှ ဟာလာစားသောက်ကုန်များကို ပိုမိုတင်ပို့ ရောင်းချသွားနိုင်ရန်အတွက် ဟာလာထောက်ခံချက်လိုအပ်ကြောင်း သိရှိနားလည်လာပြီး ဖြစ်ပါသည်။

"ထိုင်းနိုင်ငံကထုတ်တဲ့ ဟာလာ ပစ္စည်းတွေကို မွတ်စလင်စားသုံးသူတွေကပဲ စိတ်ချယုံကြည်၊ အသိအမှတ်ပြု လက်ခံတာတင်မက၊ ထိုင်းလူမျိုးတွေ၊ အရှေ့ တောင်အာရှဒေသကြီးနဲ့ ကမ္ဘာကြီးကပါ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မြင်လာကြပါပြီ" ဟု Pitsuwan မှဆိုပါသည်။

လက်ရှိတွင်၊ ထိုင်းအစိုးရမှ ဟာလာစားသောက်ကုန်လုပ်ငန်းကြီး တိုးတက်ဖွံ့ ဖြိုးလာစေရေးအတွက် အထူးပင် အလေးထားဆောင်ရွက်နေပြီဖြစ်ပါသည်။ ဥပမာအားဖြင့် ချူလာလောင်ကွန်တက္ကသိုလ်တွင် ဟာလာ စားသောက်ကုန် ဆန်းသစ်ပြောင်းလဲမှု နှင့် အသိအမှတ်ပြုထောက်ခံချက်များ ရရှိနိုင်ရေးအတွက် ဓာတ်ခွဲခန်း များပါဝင်သည့် ဟာလာသိပ္ပံစင်တာ ရှိနေပြီဖြစ်ပါသည်။

Pitsuwan မှ "ဒါ့အပြင်၊ ဟာလာစီးပွားရေးလုပ်ငန်းတွေကို ခရီးသွားလာရေးလုပ်ငန်းကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်၊ wellness နဲ့ ဆေးဝါးကုသရေး ခရီးသွားလုပ်ငန်းပါ။ ထိုင်းနိုင်ငံက အရည် အသွေး ကောင်းမွန်တဲ့ ဟာလာစားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းရဲ့ ရှေ့ ဆောင်တစ်ဦး ဖြစ်တာနဲ့  အညီ ထိုင်းကုမ္ပဏီတွေက စင်္ကာပူ နဲ့ မလေးရှားနိုင်ငံတွေမှာ ဟာလာထုတ်ကုန်တွေကို ပိုပြီးတင်ပို့ ရောင်းချနိုင်ဖို့  အထောက်အကူဖြစ်စေနိုင်တဲ့ မိတ်ဖက်တွေကိုရှာဖွေနေကြပါတယ်" ဟုပြောသည်။

အခမ်းအနားစီစဉ်ကျင်းပသူများမှ ပြပွဲကြီး၏ အောင်မြင်မှုနှင့် အလားအလာရှိသည့် ဟာလာကုမ္ပဏီများအပေါ် တွင် အပြည့်အ၀ ယုံကြည်မှုထားရှိကြပါသည်။

TMTA ၏ ဥက္ကဌဖြစ်သည့် Adul Wongsangiam မှ "ထိုင်း-မွတ်စလင် ကုန်သွယ်ရေးအဖွဲ့ (Thai-Muslim Trade Association) ရဲ့ အဓိကရည်မှန်းချက်တွေထဲက တစ်ခုက ထိုင်းနိုင်ငံမှာရှိကြတဲ့ မွတ်စလင် စီးပွားရေး သမားတွေကို နိုင်ငံတကာအဆင့် ယှဉ်ပြိုင်နိုင်ဖို့ အတွက် သူတို့ ထုတ်ကုန်တွေရဲ့ အရည်အသွေး နဲ့ ဝန်ဆောင်မှု တွေကို မြင့်တင်ဖို့ အတွက် တိုက်တွန်းအားပေးကူညီပေးသွားဖို့ ပါ။ ဒီပွဲကြီးက ကျွန်တော်တို့ ရဲ့ အဖွဲ့ ဝင်တွေနဲ့  ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိကြတဲ့ မွတ်စလင်စီးပွားရေးလုပ်ငန်းတွေ အားလုံးအတွက် အခွင့်အလမ်းတွေ ပိုမို ပွင့်လန်းလာစေမဲ့ အရေးပါတဲ့ ပထမဦးဆုံးခြေလှမ်းပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု ၍ www.thaimuslimtrade.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

365751