Issue 56

သြစတြီးယားမှရင်းနှီးမြှပ်နှံသူများသည် အာဆီယံဒေသကြီးသို့ ဝင်ထွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နိုင်ရန် မျှော်လင့်နေကြသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သြစတြီးယားသို့  တင်ပို့ ရောင်းချသည့်တန်ဖိုးမှာ ယူရို သန်း ၅၆၀၊ သြစတြီးယားမှ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချသည့်တန်ဖိုးမှာ ယူရိုသန်း ၂၈၀ ရှိခဲ့ပါသည်။ ယခုအခါတွင်၊ သြစတြီးယားသည် ထိုင်းနိုင်ငံတကွ ဒေသကြီးတစ်လုံးတွင် စီးပွားရေးမိတ်ဖက်များရှာဖွေနိုင်ရန်အတွက် စိတ်အားထက်သန်နေကြပြီ ဖြစ်ပါသည်။ Advantage Austria ဟုလူသိများသည့် ၄င်း၏ Federal Economic Chamber မှ နိုင်ငံပေါင်း ၈၀ တွင် ရုံးပေါင်း ၁၁၀ အားဖွင့်လှစ်ထားရှိပြီး သြစတြီးကုမ္ပဏီများနှင့် ၄င်းတို့ ၏အပြည်ပြည်ဆိုင်ရာ စီးပွားရေး မိတ်ဖက်များအတွက် လိုအပ်သည့်သတင်းအချက်အလက်များပံ့ပိုးပေးအပ်ခြင်း၊ စီးပွားရေးလုပ်ငန်းဖွံ့ ဖြိုးတိုးတက် စေမည့် ၀န်ဆောင်မှုများအား ပေးအပ်လျက်ရှိနေပါသည်။

သြစတြီးယားနိုင်ငံ သံရုံး၏ စီးပွားရေးအတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို၊ ထိုင်းနိုင်ငံရှိ Advantage Austria ၏ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည့် Gunther Sucher သည် ဘန်ကောက်သို့ ရောက်ရှိတာဝန်မထမ်းဆောင်မီ တွင် ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ ဟန်ဂေရီ နှင့် အိုင်ယာလန်နိုင်ငံများတွင် လှည့်လည်တာဝန်ထမ်းဆောင်ခဲ့ သည်။

"အဖွဲ့ ကြီးက ဈေးကွက်သုတေသနနဲ့ ဈေးကွက်ဝင်ခွင့်ဆိုင်ရာ ကူညီမှု၊ ခိုင်မာတဲ့ စီးပွားရေးမိတ်ဖက်တွေကို ရွေးထုတ်ပေးပြီး b2b (စီးပွားရေးမှ စီးပွားရေးသို့ ) ဆွေးနွေးပွဲတွေအတွက် စီစဉ်ဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ ဘန်ကောက်မှာ လုပ်တဲ့ ကုန်စည်ပြပွဲတွေမှာ့ ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့အခမ်းအနားတွေ၊ စီးပွားရေးမစ်ရှင်တွေနဲ့ Austrian ဆိုင်တွေအတွက် စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် သြစတြီးယား လူမျိုး ၀ယ်ယူတင်သွင်းသူတွေကိုလည်း ထိုင်းနိုင်ငံက ကုန်ပစ္စည်း ရင်းမြစ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း ပံ့ပိုးကူညီပေးပါတယ်။

သြစတြီးယားနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချသည့် ပစ္စည်းများ၏ ၉၀% မှာ စက်မှုလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်းများ၊ အဓိကအားဖြင့် အထူးရည်ရွယ်ချက်ရှိ စက်ပစ္စည်းများ၊ သဘာ၀၀န်းကျင်ဆိုင်ရာ နည်းပညာ၊ စက္ကူထုတ်ကုန်များ နှင့် ဓာတုပစ္စည်းများဖြစ်ကြောင်း Sucher မှထုတ်ဖော်ပြောပြပါသည်။

၎င်းမှ "ထိုင်းနိုင်ငံမှ သြစတြီးယားနိုင်သို့ အများအားဖြင့် ယာဉ်များ၊ အော်တို အစိတ်အပိုင်းများ (auto parts)၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ အ၀တ်အထည်များ၊ ဖန်ပစ္စည်းများ နှင့် လက်ဝတ်ရတနာများ အထူးသဖြင့် Swarovski လက်ဝတ်ရတနာများပါ" ဟုဆိုသည်။

Swarovski သည် ထိုင်းနိုင်ငံရှိ အဓိက သြစတြေးယားရင်းနှီးမြှပ်နှံသူဖြစ်ပြီး၊ ၄င်း၏စက်ရုံများတွင် ခန့် မှန်းခြေ အားဖြင့် လုပ်သားပေါင်း ၁၀,၀၀၀ နီးပါးအား အလုပ်ခန့် အပ်ထားပါသည်။ အခြားတစ်ခုမှာ Voestalpine Railway Systems (Voestalpine မီးရထားသံလမ်းစနစ်များ) ဖြစ်သည်။ "သူတို့ တွေ ဒီနှစ် ဆောင်ဦးမှာ ထိုင်းနိုင်ငံမှာ မီးရထားသံလမ်းတွေကို စတင်ထုတ်လုပ်ပြီး ဒေသကြီးတစ်ခုလုံးဆီကို ဖြန့် ဖြူးသွားမှာဖြစ်ပါတယ်။ အာဆီယံဈေးကွက်မှာ မီးရထားသံလမ်းဆောက်လုပ်မှုရဲ့ ကောင်းမွန်တဲ့အလားအလားပြယုဂ် ပဲဖြစ်ပါတယ်" ဟု၎င်းမှ ဆိုသည်။

Sattahip တွင်တည်ရှိသည့် ထိုင်း- သြစတြီးယား နည်းပညာကောလိပ်အား သြစတြေးယားနိုင်ငံ၏ ကူညီမှုဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့် မှပင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ၄င်းသည်လည်း နှစ်နိုင်ငံကြား ဖြစ်တည်သည့် ထူးကဲသာလွန်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအတွက် ပြဆိုရမည့် နောက်ထပ် သာဓက တစ်ခုပင်ဖြစ်ပါသည်။ ထိုကောလိပ်ကျောင်းတွင် သြစတြီးယား နိုင်ငံမှ ရင့်ကျက်သော အတွေ့ အကြုံများ ရရှိထားသော ရထားသံလမ်းထိန်းသိမ်းပြုပြင်ရေး ကဲ့သို့ သော အထူးသင်တန်းသင်ခန်းစားများကိုလည်း သင်ကြားပို့ ချပေးလျက်ရှိပါသည်။

ယခုနှစ်တွင် အထူးဝိုင်အား မြည်းစမ်းသောက်သုံးသည့်ပွဲအပြင်၊ လုံခြုံရေးနှင့် သဘာဝဘေး အန္တရာယ် ကာကွယ် တားဆီးရေးဆိုင်ရာ ကဏ္ဍများအတွက် အထူးကုန်စည်ပြပွဲအခမ်းအနားများကိုလည်း Advantage Austria မှ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ လာမည့်နှစ်တွင် အင်ဂျင်နီယာပညာ နှင့် ၂၀၁၈ ခုနှစ် ဆေးပညာပိုင်းဆိုင်ရာ နည်းပညာရပ်များ အတွက် အထူးအလေးပေးစီစဉ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါ သည်။

Sucher ၏ပြောပြချက်များအရ CLMVT ငါးနိုင်ငံဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နှင့် ထိုင်းနိုင်ငံ) ကြီးသည် နိုင်ငံများတွင်း အတူတကွလက်တွဲဆောင်ရွက်ပါက အပြန်အလှန်အကျိုးကို ဖန်တီးဖော် ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့်၊ အထူးသဖြင့် ကျွမ်းကျင်လုပ်သားများကို ဖလှယ်ခြင်းဖြင့် ဖြစ်ကြောင်းသိရှိရပါ သည်။ ထိုင်းနိုင်ငံအတွက်မူ ၄င်း၏နည်းဗျူဟာဆိုင်ရာအရေးသာမှုများဖြင့် အကျိုးကိုဖန်တီးသင့်ပါသည်။

"ထိုင်းနိုင်ငံရဲ့ အားသားချက်တွေကတော့ သူ့ မှာ ကောင်းမွန်စွာဖွံ့ ဖြိုးနေပြီးဖြစ်တဲ့ အခြေခံအဆောက်အအုံတွေ ရှိတယ်။ သူ့ ရဲ့ ပထ၀ီမြေအနေအထားကလည်း ရေလမ်းကြောင်းနဲ့ လေလမ်းကြောင်း ဆက်သွယ်ရေးအတွက် အထူးကိုကောင်းမွန်တယ်။ သြစတြီးယားက ထိုင်းနိုင်ငံရဲ့ အနာဂတ်ဖွံ့ ဖြိုးတိုးတက်မှုအခြေအနေကို အပြုသဘော ဆောင်ပြီးတည်ငြိမ်မယ်လို့ သုံးသပ်ထားပါတယ်။ လက်ရှိမှာ ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုအသစ်တွေရှိနေတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အနာဂတ်အပေါ်ထားရှိတဲ့ ကျွန်တော်တို့ ရဲ့ ယုံကြည်မှုကို သက်သေပဲဖြစ်ပါတယ်" ဟု၎င်းမှ ဆိုပါ သည်။ ထိုသို့ သောအကြောင်းချက်များကြောင့် သြစတြီးယားကုမ္ပဏီအများအပြားမှ ထိုင်းနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ တည်ထောင်ရန်အတွက် စဉ်းစားနေကြကြောင်းဖြည့်စွက်ပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.advantageaustria.org/th အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub မှရေးသားတင်ဆက်သည်။

 

365810