Issue 55

Accor ၏ Talent & Culture ဒု ဥက္ကဌမှ ဒေသအား ပိုမိုဆွဲဆောင်မှုရှိသည့် ခရီးသွား ပန်းတိုင်ဖြစ် လာစေရန် ၄င်း၏ အာဆီယံဒေသတွင်း အားမာန်ပြည့်ဝသည့် လုပ်သားအင်အားမှ မည်သို့ မည်ပုံဆောင်ရွက်ကြ ကြောင်း ပြောပြထားခြင်းဖြစ်ပါသည်။

အာဆီယံဒေသကြီးသို့ နှစ်စဉ်မြောက်မြားစွာသော ဧည့်သည်များလာရောက်လည်ပတ်ကြပါသည်။ အာဆီယံ အတွင်းရေးမှူး၏ ပဏာမ ကိန်းဂဏန်းများအရ၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများသို့ လာရောက်လည်ပတ် ကြသည့် အပြည်ပြည်ဆိုင်ရာမှ ဧည့်သည်ပေါင်း ၉၈ သန်းခန့် ရှိကြောင်းသိရှိရပါသည်။ ထိုအရေအတွက်သည် ယခင်နှစ်ထက် ၇.၃% ပိုပါသည်။ CLMVT (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံ) ငါးနိုင်ငံ မှ လက်ခံကြိုဆိုခဲ့ရသည့် ဧည့်သည်ပေါင်း ၄၄.၄၂ သန်း ရှိပြီး အာဆီယံနိုင်ငံများသို့ လာရောက်ကြသည့် ဧည့်သည်ဦးရေ၏ ၄၂% ရှိပါသည်။

ပိုမိုများပြားလာသည့် ခရီးသွားဧည့်သည်များကို ဧည့်ဝတ်ပျူငှာနိုင်ရန်အတွက် ဒေသတွင်း၌ ဟိုတယ်များကို တိုးတက်ဖွင့်လှစ်လာကြရာ အရည်အချင်းပြည့်ဝသည့် လုပ်သားအင်အားထုလည်း လိုအပ်လျက်ရှိနေပါသည်။

Upper SEA and NEA Region၊ Talent & Culture ၏ ဒု ဥက္ကဌ ဖြစ်သူ Accor ဟိုတယ်မှ Christophe Lejeune သည် ရာစုနှစ် နှစ်စုအတွင်း ကိုယ်တိုင်ကြုံတွေ့ ခံစားရခဲ့သည့် အာဆီယံဒေသကြီး ၏ ခရီးသွားလာ မှုလုပ်ငန်း နှင့် hospitality ကဏ္ဍတို့  ပြောင်းလဲတိုးတက်ခဲ့ပုံများကို ပြောပြပါသည်။ ၄င်းမှ ဒေသကြီးတွင်းရှိ လုပ်သားအင်အားထုကြီးသည် လုပ်ငန်းအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ကြောင်း ယုံကြည်နေပါသည်။

Lejeune မှ "ကျွန်တော် ထိုင်းနိုင်ငံကို ၁၉၈၀ ခုနှစ်တွေက လာတုန်းက ခိုင်မာတဲ့ ဟိုတယ်လုပ်ငန်းကို တွေ့ ခဲ့ တယ်။ နောက်ပြီး အရည်အသွေးကောင်းမွန်တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်တွေကြောင့်လည်း အရမ်းကိုကျေနပ်အားကျမိပါတယ်။ Novotel Rayong မှာ ၁၉၉၅ ခုနှစ်မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးတဲ့ နောက်မှာ ထိုင်းံ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာရှိတဲ့ Accor ဟိုတယ်တွေမှာ လုပ်ကိုင်ခဲ့ တာအခုထိတိုင်အောင်ပါပဲ" ဟုပြောပြပါသည်။

ထိုင်းနိုင်ငံ၏ထိပ်တန်းအားမှာ ၄င်း၏ပြည်သူပြည်သားများပင်ဖြစ်ကြောင်း Lejeune မှဆိုသည်။ "ခရီးသွား ဧည့်သည်အတော်များများက ထိုင်းနိုင်ငံကို ထပ်ခါထပ်ခါလာလည်ကြတယ်။ ထိုင်းနိုင်ငံက ခရီးသွားတွေ အတွက် ထူးခြားတဲ့ နေရာ ဖြစ်နေလို့ ပါ။ ထိုင်းလူမျိုးတွေက နွေးထွေးပျူငှာဧည့်ဝတ်ကျေပွန်ကြလို့  ခရီးသွား ဧည့်သည်တွေကလည်း ပျူငှာတဲ့ဧည့်ဝတ်ကိုအလိုလိုကို ခံစားမိကြတယ်။ ဧည့်သည်တွေကအထူးစပယ်ရှယ် ဖြစ်ကြောင်း ခံစားမိစေဖို့ အတွက်လည်း လုပ်နိုင်ကြတယ်။"

Lejeune မှ "အာဆီယံဒေသတွင်းမှာရှိတဲ့လူတွေက ၀န်ဆောင်မှုလုပ်ငန်းအပေါ် အမှန်တကယ်ပဲ အရမ်းကို စိတ်ပါဝင်စားကြတယ်။ ထိုင်း၊ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာရှိတဲ့ လုပ်သားတွေက အရမ်းကို ငယ်ရွယ် ကြပြီး အားမာန်တွေနဲ့ ပြည့်ဝနေကြတယ်။ အရှေ့ တောင်အာရှကို စီးပွားရေးအတွက်စွန့် စားစွမ်းဆောင်ရှင်တွေ လို့ မြင်မိတယ်။ သူတို့ တွေက အရမ်းကို လှုပ်ရှားတက်ကြွကြပြီး အခက်အခဲတွေကိုလည်း လိုလိုလားလား ရင်ဆိုင်ကြတယ်။ မတူညီကွဲပြားတဲ့အရာတွေကို လျင်လျင်မြန်မြန်နဲ့ ကြိုးစားစွမ်းဆောင်ဖို့ ဝန်မလေးကြဘူး" ဟု ဖြည့်စွက်ပြောပြပါသည်။

Lejeune မှ လတ်တလောတွင် ၀န်ထမ်းရွေးချယ်စုဆောင်းရာတွင် ပြောင်းလဲမှုရှိလာသည်ဟု ထင်မြင်ကြောင်း ပြောပြပါသည်။

"ကျွန်တော်တို့ လစာနဲ့ သက်မွေးမှုလမ်းကြောင်း နှစ်ခုစလုံးအတွက် ယှဉ်ပြိုင်ကြရတယ်။ "ဒီဂျစ်တယ်မျိုးဆက်" နဲ့ အတူ ၀န်ထမ်းအမှတ်တံဆိပ် ကလည်းအရေးပါလာတယ်။ ပိုမိုငယ်ရွယ်တဲ့ မျိုးဆက်က စီးပွားရေးမော်ဒယ်ပုံစံ နဲ့ လူမှုရေးတာဝန်ပေါင်းစည်းခြင်း (corporate social responsibility (CSR)) လိုမျိုး ပေါ်ပေါက်လာတဲ့ အကြောင်းအရာတွေ နဲ့ ကုမ္ပဏီ ရေရှည်သဖြင့်တည်တံ့ခိုင်မြဲမှု အပေါ်အရမ်းကို လေးလေးနက်နက်ရှိကြတယ်" ဟုဆိုပါသည်။

ပြောင်းလဲလာသည့် လုပ်သားအင်အားသဘောသဘာဝအရ အလုပ်သမားရွေးချယ်လေ့ကျင့်ရေးပုံစံသည်လည်း ၇၀:၂၀: ၁၀ မော်ဒယ်ပုံစံ: အလုပ်ရုံဆွေးနွေးပွဲများနှင့် ညီလာခံများအပါဝင် သက်တူရွယ်တူအဆင့်အတန်းတူ မှ သက်တူရွယ်တူအဆင့်အတန်းတူ လေ့ကျင့်ရေး (peer-to-peer training) ၇၀%၊ အင်တာနက်အသုံးပြု နှီးနှော ဖလှယ်ပွဲများကဲ့သို့ သော ဒီဂျစ်တယ်ပလက်ဖောင်းများမှတဆင့် အွန်လိုင်းမှ လေ့လာသင်ယူမှု ၂၀% နှင့် တစ်ဦးချင်း မျက်နှာချင်းဆိုင်လေ့ကျင့်ပေးရေး ၁၀% ပုံစံ အားအသုံးပြုနေကြောင်း ၄င်းမှဆိုသည်။

"ကုမ္ပဏီတွေ ပိုပြီးကြီးမားလာတာနဲ့ အမျှ အချိန်ကုန်တဲ့ တစ်ဦးချင်းမျက်နှာချင်းဆိုင် သင်ကြားလေ့ကျင့်ရေး အပေါ်ကိုပဲ မအားထားနိုင်တော့ဘူး" ဟု Lejeune မှဆိုပါသည်။

အာဆီယံဒေသတွင်းရှိ နိုင်ငံများအတွင်း ချိတ်ဆက်ထားရှိမှုသည် ထူးခြားသည့်ယဉ်ကျေးမှုကိုယ်စီရှိနေကြသည့် နိုင်ငံမျိုးစုံသို့  ခရီးသွားဧည့်သည်များမှ လွယ်လင့်တကူဖြင့် သွားရောက်လည်ပတ်နိုင်ခွင့်အား ပေးနေသည်ဟု ၄င်းမှဆိုပါသည်။ ၂၀၁၇ ခုနှစ်တွင် Accor မှ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံများတွင် ရှိနှင့်နေပြီးဖြစ် သော ဟိုတယ်အလုံးပေါင်း ၉၂ လုံးအပြင် နောက်ထပ် ဟိုတယ်သစ် ၁၉ လုံးအားထပ်မံဖွင့်လှစ်ရန်အတွက် စီစဉ်နေပါသည်။

"ဒီနည်းနဲ့ (အရှေ့ တောင်အာရှ) မှာပြောင်းလဲဖြစ်ပေါ်နေတဲ့ စီးပွားရေးလုပ်ငန်းက အရမ်းကို နိုးကြားသက်ဝင် နေ တာပါ။ ထိုင်းနိုင်ငံက အာရှမှာရှိတဲ့ တခြားနိုင်ငံတွေအတွက် ပြူတင်းတံခါးဖြစ်တဲ့အတွက် ကျွန်တော်တို့  အတွက် MGallery and Pullmanတို့ ရဲ့ SO Sofitel ဟိုတယ်၊ Hotel Muse Bangkok ဟိုတယ် စတဲ့ အခရာဟိုတယ်တွေ ဒီမှာရှိနေဖို့ အတွက်လိုပါတယ်။ လက်ရှိ အာရှမှာ ကျွန်တော်တို့ တွေက တစ်ပတ်ကို ဟိုတယ်တစ်လုံးလောက်ဖွင့်လှစ်နေပါတယ်" ဟု၎င်းမှဆိုပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

366610