Issue 54

နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုများအားဖြင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေး အားရှေ့  ဆက်တည်ထောင်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ မှမျှော်လင့်လျက်ရှိ ပါသည်။

၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀၃ မီလီယံတန်ဖိုးရှိသည့် နှစ်နိုင်ငံကြားအပြန်အလှန် ကုန်သွယ်ရေး ကဏ္ဍနှင့်အတူ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ အခွင့် အလမ်း မြောက်မြားစွာရှိနေကြောင်းနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍ အမျိုးမျိုး၌ စူးစမ်းလေ့လာရှာဖွေ မှုများပြုလုပ်ရန် လိုအပ်နေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Saida Muna Tasneem မှပြောကြားပါသည်။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးရှိခဲ့တာ နှစ်ပေါင်း ၄၄ နှစ်ရှိပြီဖြစ်ပါ တယ်။ ကျွန်မတို့ ကုန်သွယ်မှုအခန်းကဏ္ဍကို ပိုပြီးတိုးမြင့်လုပ်ဆောင်နိုင်မယ်ဆိုရင် နှစ်နိုင်ငံလုံး အတွက် win-win အခြေအနေပဲဖြစ်ပါလိမ့်မယ်" ဟု Tasneem မှပြောကြားပါသည်။

ဘန်ကောက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာသံရုံးသည် Export Promotion Bureau (ပို့ ကုန် ဖွံ့ ဖြိုးတိုး တက်ရေးဆိုင်ရာရုံး)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးငှာန နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာပြပွဲ ၂၀၁၆ ခုနှစ် (Bangladesh Trade and Investment Expo 2016) အား ဘန်ကောက်ရှိ မိဖုရားကြီးသီရိခေတ် အမျိုးသားကွန်ဗင်းရှင်းစင်တာ တွင် မေလ ၃၀ ရက် နေ့ မှ ဇွန်လ ၁ ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့ပါသည်။ ပြပွဲကြီးအား ကျင်းပရသည့်ရည်ရွယ်ချက်မှာ ဘင်္ဂလားဒေ့ရှ်ထုတ်ကုန်၊ ၀န်ဆောင်မှုများ နှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများအား ထိုင်းဈေးကွက်၊ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လိုရင်းဖြစ်ပါသည်။

ပြပွဲကြီး၏အောင်မြင်မှုအား နှစ်နိုင်ငံရှိ စီးပွားရေးသမားများ၊ အစိုးရ အဆင့်မြင့် မူဝါဒရေးဆွဲအတည်ပြု သူများမှ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုဆက်ဆံရေးအား မည်ကဲ့သို့ တိုးမြင့်နိုင်မည် နှင့် စပ်ဆိုင်သည့် အကဲဖြတ်ဆွေးနွေးပွဲများ၌ အတူတကွပါဝင်ဆွေးနွေးကြသည်ကို ထောက်ရှုခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၆၀ ကျော်တို့ သည် ၄င်းတို့ ၏ ကုန်စည်များနှင့် ၀န်ဆောင်မှုများကို ပြပွဲကြီးတွင် ပါဝင်ပြသခဲ့ကြပြီး Bangladesh-Thailand Threads of Heritage ပိုး ဖက်ရှင်ရှိုးတွင် နှစ်နိုင်ငံလုံး ၏ ပိုးထည်အမွေအနှစ်များကို ပြသခဲ့ပါသည်။

Tasneem မှ "ပြပွဲကြီးမှာ အဓိကပြသတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပိုးထည်တွေ၊ သားရေ ပစ္စည်းတွေ၊ ကြွေထည်မြေထည် ပစ္စည်းတွေ၊ သန့် စင်ထားတဲ့တရုတ်ကြွေထည်တွေနဲ့ ဆေးဝါးထုတ်ကုန်တွေ ပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထုတ်လုပ်တဲ့ဆေးဝါးပစ္စည်းတွေကို မြောက်အမေရိက၊ လက်တင် အမေရိက၊ ဥရောပ နဲ့  မြန်မာလို အာဆီယံနိုင်ငံတွေ စတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ကို တင်ပို့ ရောင်းချ နေပါတယ်။ နောက်ထပ် ထိုင်းဈေးကွက်ကိုဝင်ရောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘာလို့ ဆိုရင် ထိုင်း နိုင်ငံမှာကြီးမားတဲ့ ဆေးဝါးကုသ ရေးဆိုင်ရာခရီးသွားလုပ်ငန်းရှိနေပြီး၊ ယေဘုယျအားဖြင့် ကျန်းမာရေး စောင့်ရှောက်တဲ့ ၀န်ဆောင်မှုတွေက ဆေးဝါးပစ္စည်းတွေ တင်သွင်းဝယ်ယူဖို့ လိုအပ်လို့ ပါ" ဟုဆိုပါ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိတွင် ဂုန်လျှော်နှင့် ဂုန်လျှော်ထုတ်ကုန်များကြောင့် ထိုင်းနိုင်ငံသို့  ခြင်းတောင်းအနည်းငယ်၊ အသင့်ဝတ် အ၀တ်အထည်များ (RMG) နှင့် ဆေးဝါးပစ္စည်းအနည်းငယ် တို့  ကို တင်ပို့ ရောင်းချလျက်ရှိပါသည်။ ထိုင်းနိုင်ငံအဓိကတင်ပို့ ရောင်းချသည့်ပစ္စည်းများတွင် တကိုယ်ရေ သန့် ရှင်း ရေးသုံးပစ္စည်းများ၊ စားသောက်ကုန် နှင့် ဟင်းသီးဟင်းရွက်ထုတ်ကုန်များ၊ (လူသွား) လမ်းခင်းကျောက်များ၊ သတ္တုနှင့် ဓာတုပစ္စည်းများ၊ နှင့် စက်ပစ္စည်းများပါဝင်သည်။ ထိုင်းကုမ္ပဏီများ သည်လည်း ထိပ်တန်းထိုင်း ကုမ္ပဏီများဖြစ်ကြသည့် CP Group၊ Ital-Thai နှင့် SCG တို့ ၏ဦးဆောင်မှု ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စီမံကိန်းလုပ်ငန်း ၉၆ ခုမှတဆင့် အမေရိကန်ဒေါ်လာ ၆၀၅ မီလီယံတန်ဖိုး ရှိ င်းနှီးမြှပ်နှံမှုများပြုထားကြပါသည်။

အခြားရင်းနှီးမြှပ်နှံမှုပြုရန် ကောင်းမွန်သည့်ကဏ္ဍများသည် စိုက်ပျိုးမွေးမြူရေးနှင့် စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြပါသည်။

Tasneem "ထိုင်းနိုင်ငံက စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပစ္စည်းနဲ့ ပတ်သက်ရင် ချံပီယံပဲ။ ဘင်္ဂလားဒေ့ရှ် ကတော့ သရက်သီး၊ ပိန္နဲသီး၊ လိုင်ချီး နဲ့ နာနတ်သီး တို့ လို အပူပိုင်းဒေသသီးနှံတွေကြောင့် အရမ်းကို လူသိများတယ်။ ထိုင်းကုမ္ပဏီတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သစ်သီးခြောက်ပြုပြင်ထုတ်လုပ်ပြီး၊ ဒေသတွင်းမှာပဲရောင်းရောင်း ဒါမှမဟုတ် နိုင်ငံရပ်ခြားတိုင်းပြည်တွေကိုလည်း တင်ပို့ ရောင်းချနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အီးယူကပေးထားတဲ့ ၁၀၀% duty-free ဈေးကွက်အခွင့်အရေးကို ရရှိခံစားနေရပါတယ်" ဟုဆိုပါသည်။

နှစ်နိုင်ငံလုံးသည် ထိုင်းကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn နှင့် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေး ၀န်ကြီး Tofail Ahmed တို့ ၏ဦးဆောင်မှုဖြင့် ဖက်စပ်ကုန်သွယ်ရေးကော်မတီ (Joint Trade Committee (JTC)) အားဖြင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအား အရှိန်မြင့်ဆောင်ရွက်ရန်အတွက် ဦးတည်ဆောင်ရွက် လျက်ရှိပါသည်။

"၀န်ကြီးငှာနတွေက ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ စတုတ္ထ အကြိမ်မြောက် JTC အစည်းအဝေးအတွက် ဒါကာမှာတွေ့ ဆုံဖို့ သဘောတူထားတယ်။ ကျွန်မတို့  ကုန်သွယ်ရေးနဲ့  ဆိုင်တဲ့အကောင်အထည် ဖော်ဆောင်တာတွေအပေါ်မှာ နှစ်ဦးနှစ်ဖက်ဒီထက်ပိုပြီးနားလည်မှုတွေတည်ဆောက်နိုင်မယ်လို့  မျှော်လင့်နေပါတယ်။ အခုလက်ရှိ နှစ်နိုင်ငံကြားမှာ FTA တွေမရှိပါဘူး။ ဒါပေမယ့်၊ လာမယ့် JTC အစည်းအဝေးမှာ ဒီအကြောင်းကိုပြောဆိုဆွေးနွေးကြမှာပါ" ဟု Tasneem မှထုတ်ဖော်ပြောဆိုပါသည်။

မဝေးလှသည့်အနာဂတ်တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုတိုးမြင့်နိုင်ရေးအား သေချာစေရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ သံအမတ်ကြီးမှ လုပ်ငန်းစီးမံကိန်းအမြောက်အမြားတွင် ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

၎င်းမှ "ကျွန်မတို့ ထိုင်းနိုင်ငံကအထည်အလိပ်လုပ်ငန်းနဲ့ ဘင်္ဂလားဒေ့ရှ်က RMG လုပ်ငန်းတွေ အကြား မှာ ဖြစ်နိုင်မယ့် duty-free အခွင့်အရေး၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ပစ္စည်းတွေတင်ပို့ မယ်ဆိုရင် အချိန် သုံး ရက်ပဲကြာစေမယ့် လတ်တလောရထားတဲ့ coastal shipping သဘောတူညီမှုကတဆင့် ကုန်ပစ္စည်း ပေးပို့  တဲ့စနစ်ကို ကောင်းမွန်စေတာ၊ နောက်ပြီး နှစ်နိုင်ငံလုံး စီးပွားရေးသမားတွေအတွက် BIMSTEC (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) စီးပွားရေးခရီး သွားလာခွင့်ကတ် (Business Travel Card) ကိုစတင်ကျင့်သုံးတာတွေ စတဲ့ အကြောင်းအရာအတော် များများအတွက် ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကို ဖော်ဆောင်နိုင်ဖို့  ကြိုးစားနေပါတယ်" ဆိုပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

366651