Issue 53

ထိုင်းနိုင်ငံရှိစူပါမားကက်များ၏ကောင်းမွန်သည့် အလားအလာအပေါ် မလေးရှား စားသောက်ကုန် ကုမ္ပဏီများ မှ စိတ်ဝင်စားလျက်ရှိပါသည်။

ထိုင်းလက်လီလုပ်ငန်းသည် ၁၀ % ၀န်းကျင်တိုးတက်လာခဲ့ပါသည်။ ထို့ ကြောင့် လုပ်ငန်းအား အလွန်ကြီးမား သည့်ဈေးကွက်ကြီးတစ်ခုပြောင်းလဲလိုက်သည်သာမက အာဆီယံအတွက် အရေးပါသော အစိတ်အပိုင်း တစ်ခု လည်းဖြစ်လာခဲ့ပါသည်။

မလေးရှားသံရုံးမှ ကုန်သွယ်ရေးတာဝန်ခံနှင့် ကောင်စစ်ဝန် (Trade Commissioner and Counsellor of the Embassy of Malaysia) တစ်ဦးဖြစ်သူ Niqman Rafaee M. Sahar မှ "စူပါမားကက်တွေ၊ ကွန်ဗီးနီးယန့် စတိုး (အချိန်မရွေးဝယ်ယူနိုင်သောစတိုးဆိုင်) တစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်လာကြတာကို တွေ့ မိမှာပါ။ ဒါကြောင့် ကုန် ပစ္စည်းမျိုးစုံးကိုလည်း ပိုပြီးလိုလာမှာပါ။ မလေးရှာက ကျယ်ပြန့် တဲ့ကုန်စည်မျိုးစုံကို ပံ့ပိုးကူညီပေးနိုင်ပါတယ်" ဟုဆိုပါသည်။

Sahar မှ THAIFEX အား ဒေသတွင်းဈေးကွက်များရှိ ကုန်စည်များအား ပြသနိုင်မည့် အရေးပါသည့် ပြပွဲကြီး အဖြစ် ယူဆပါသည်။ "မလေးရှားရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ကြော်ငြာဖို့ အတွက် THAIFEX မှာ မလေးရှားက ကုမ္ပဏီ ၇၀ ကျော်လောက်ပါဝင်ပြသကြမှာပါ" ဟု မလေးရှားအစိုးရမှ Matrade အားဖြင့် ဤကုန်စည်များကို လူသိများလာအောင်ကြိုးပမ်းခဲ့ကြောင်း ဖြည့်စွက်ပြောပြခဲ့သည့် ၄င်းမှဆိုပါသည်။

ထိုင်းနိုင်ငံ၏အဓိကကုမ္ပဏီကြီးများဖြစ်ကြသည့် CP၊ Makro၊ BigC နှင့် Berli Jucker များသည် မလေးရှား ထုတ်ကုန်များတင်ဆက်သည့် အခွင့်အလမ်းများအကြောင်းကို တွေ့ မြင်ခဲ့ဖူးပြီးဖြစ်ပါသည်။

၎င်းမှ "ထိုင်းနိုင်ငံက ဒေသခံ ၀ယ်ယူသူတွေအတွက်ပဲ စိတ်ဝင်စားစရာဈေးကွက်မဟုတ်ပါဘူး။ ထိုင်းနိုင်ငံကို ဈေးဝယ်ထွက်လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက်လည်း စိတ်ဝင်စားစရာကောင်းတဲ့ဈေးကွက်ပါ" ဟုဆိုသည်။ ထိုင်းနိုင်ငံအား ကိုယ်စားပြုသည့် ကုန်စည်များထဲတွင် မုန့် ပဲသရေစာ၊ ချော့ကလက်၊ သကြားလုံး၊ ပြုပြင်ထုတ်လုပ် ထားသော စားသောက်ကုန်များနှင့် အဖျော်ယမကာများပါဝင်ပါသည်။ "ဒီကုန် ပစ္စည်းတွေက စားသုံးသူတွေ အလိုရှိတဲ့ ပစ္စည်းတွေပါ" ဟု၎င်းမှပြောပြပါသည်။

Sohar ၏ပြောကြားချက်အရ ထိုင်းနိုင်ငံ၏ စားသောက်ကုန်နှင့် အဖျော်ယမကာ ဈေးကွက်သည် ၃.၅% နှင့် အသင့်စားထုတ်ကုန်ပစ္စည်းများ၏ဈေးကွက်သည် ၂၀% မှ ၂၅ % တိုးတက်လျက်ရှိကြောင်းသိရှိရသည်။ ၄င်းမှ "အထူးသဖြင့် ဘန်ကောက်ကလူတွေက အရမ်းကို အလုပ်ရှုပ်ကြတဲ့အတွက် အသင့်စား စားသောက်ကုန်တွေ ကို ၀ယ်ဖို့  ဆန္ဒရှိကြတယ်။ နောက်ပြီး အထူးသဖြင့် အလယ်အလတ်တန်းစားလူတွေကလည်း ကျန်းမာရေး နဲ့  ကိုက်ညီတဲ့ထုတ်ကုန်တွေကို အလိုရှိကြတယ်။ မလေးရှားက နိုင်ငံတကာအဆင့်မီ ကျန်းမာရေးသင့်လျော်တဲ့ စားသောက်ကုန်၊ အသင့်စား စားသောက်ကုန်တွေ၊ မုန့် ပဲသရေစာတွေနဲ့ သကြားလုံး အချိုတွေကို ပေးနိုင်ပါ တယ်။ အစိုးရနဲ့  Matrade ကဒီကုန်စည်တွေ လူသိများထင်ရှားလာစေဖို့ အတွက် အရေးပါတဲ့အခန်းကဏ္ဍ ကနေပါဝင်နေပါတယ်" ဟုဆိုပါသည်။

ထိုင်းနှင့် မလေးရှားထုတ်ကုန်များ၏ဈေးကွက်များသည် ကွဲပြားသည်ဟု Sohar မှဆိုပါသည်။ "ထိုင်းဒေသခံ ထုတ်လုပ်သူတွေက နိမ့်ပါးဝင်ငွေ နဲ့ အလယ်အလတ်ဝင်ငွေရှိကြတဲ့လူတွေကို ဦးတည်တယ်။ ဒါပေမယ့် မလေးရှားကနေ ထိုင်းနိုင်ငံကို တင်ပို့ တဲ့ထုတ်ကုန်တွေကတော့ ထိပ်တန်းတွေပါ" ဟု၎င်းမှဆိုသည်။

ထိုင်း ကုမ္ပဏီများ မက်မောလောက်သည့်ရင်းနှီးမြှပ်နှံမှုများကိုလည်း မလေးရှားအစိုးရမှ ကမ်းလင့်ပေးနေပါ သည်။ ၄င်းမှ "မလေးရှားမှာ ရင်းနှီးမြှပ်နှံထားတဲ့ ထိုင်းကုမ္ပဏီတွေရှိနေပါပြီ။ ဥပမာ CP၊ Central နဲ့ Tops Supermarket တွေပေါ့။ ဒါကြောင့် သူတို့ တွေက မလေးရှားဈေးကွက်တွေမှာ ထိုင်းထုတ်ကုန်တွေကိုလည်း ဈေးကွက်တင်ရောင်းချနေနိုင်ပြီဖြစ်ပါတယ်" ဟု၎င်းမှပြောပြပါသည်။

Sohar မှထိုင်းနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်လျင် မှန်ကန်သင့်လျော်သည့် မိတ်ဖက်ကို ရှာဖွေရန် အရေးကြီး ကြောင်းဆိုပါသည်။ "ထိုင်းနိုင်ငံကို ၀င်လာချင်တဲ့ မလေးရှားကုမ္ပဏီအနေနဲ့ သူတို့ တွေကို ပံ့ပိုးကူညီနိုင်တဲ့၊ ဒါမှမဟုတ် နိုင်ငံဒေသရဲ့ စည်းမျဉ်းဥပဒေတွေကို လမ်းညွှန်ပေးနိုင်တဲ့ ကောင်းမွန်တဲ့ဒေသခံမိတ်ဖက်တွေရှိဖို့  လိုပါတယ်။ ဒါမှ ဈေးကွက်ထဲကို ကုန်တွေ ဈေးသက်သက်သာသာနဲ့ မြန်မြန်ဆန်ဆန်ဝင်ရောက်နိုင်မှာဖြစ်ပါ တယ်"ဟု၎င်းမှဆိုသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.matrade.gov.my အား ၀င်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

366046