Issue 52

 
 

နှစ်စဉ် ၂၀ % တိုးတက်နှုန်းနှင့်အတူ၊ ထိုင်းနိုင်ငံ၏ franchise လုပ်ငန်းသည် ဖူးပွင့်စလုပ်ငန်းများအတွက် ကြီးမားသည့်အခွင့်အလမ်းများကို ကမ်းလင့်လျက်ရှိနေပါသည်။

Franchise နှင့်လိုင်စင်အဖွဲ့ အစည်း (Franchise & License Association) ၏ ဥက္ကဌ နှင့် စမာ့တ်ဘရိန်း (Smart Brain) အားတည်ထောင်သူ Saward Mitaree မှ "မိမိရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ချင်တဲ့ လူ တိုင်းအတွက် franchise (လုပ်ငန်းလိုင်စင်ရယူဆောင်ရွက်ခြင်း) ကကောင်းမွန်တဲ့ရွေးချယ်မှုပါ။ အထူးသဖြင့် ရုံးတွေမှာ မလုပ်ချင်တဲ့ ဘွဲ့ ရခါစလူ အတွက်ပေါ့။ Franchisee စီးပွားရေးလုပ်ငန်းက သူတို့ တွေကို စီးပွားရေး ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ကြားပေးနိုင်ပြီး၊ နောက်ပိုင်းမှာ သူတို့ တွေက သူတို့ ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို လုပ်တတ်သွားစေတယ်" ဟုဆိုပါသည်။

လွန်ခဲ့သည့်ရာစုနှစ်မှစတင်၍ franchise လုပ်ငန်းသည်လျင်မြန်စွာတိုးတက်လာခဲ့ပြီး၊ ဈေးကွက်တွင်းသို့  franchise လုပ်ငန်းသစ်များဝင်ရောက်လာခြင်း နှင့် လူအများမှ မိမိတို့ ၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအား ရယူတည်ထောင်လိုစိတ်ထက်သန်လာခြင်းများကြောင့် အနာဂတ်တွင် franchise လုပ်ငန်းသည် ပိုမိုကြီး ထွားလာမည်ဖြစ်သလို ယှဉ်ပြိုင်မှုများလည်းပိုမိုပြင်းထန်လာမည်ဖြစ်သည်ဟု Mitaree မှဆိုပါသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန (Ministry of Commerce) ၏ စီးပွားဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာငှာန (Business Development Department) မှအချက်အလက်များအရ ၂၀၁၅ ခုနှစ်တွင် franchise ဈေးကွက်၏တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ (ထိုင်းဘတ် ၂၅၀ ဘီလီယံ) ရှိကြောင်းသိရှိရပါသည်။ ဤသည်မှာ ထိုင်းနိုင်ငံရှိ လက်လီရောင်းချခြင်းဆိုင်ရာစီးပွားရေးလုပ်ငန်းပေါင်း၏ ရာခိုင်နှုန်း ၉ % ဖြစ်သည်။

Thaifranchisecenter.com မှဖော်ပြချက်များအရ ၂၀၁၆ ခုနှစ်၌ ထိုင်းနိုင်ငံတွင် franchise ကုန်အမှတ် တံဆိပ်ပေါင်း ၅၀၅ ခုရှိပြီး၊ လုပ်ငန်းစုစုပေါင်း၏ ၄၅.၁၅ % (အမှတ်တံဆိပ် ၂၂၈ မျိုး) မှာစားသောက်ကုန်၊ အဖျော် ယမကာ နှင့် ရေခဲမုန့် များဖြစ်၍ နောက်ထပ် ၁၇.၄၃% (အမှတ်တံဆိပ် ၈၈ မျိုး) မှာ ပညာရေးဆိုင်ရာ franchise လုပ်ငန်းများဖြစ်ကြပါသည်။ အမှတ်တံဆိပ်များ၏အရေအတွက်အရ၊ လွန်ခဲ့သော ၁၀ နှစ်စတင်၍ လုပ်ငန်းကြီးသည် နှစ်စဉ် ၂၀ % တိုးတက်လာသည်ဟု သိရှိရပါသည်။

Mitaree မှ "ဒီလုပ်ငန်းမှာအောင်မြင်ချင်တယ်ဆိုရင်၊ ကောင်းမွန်တဲ့ အစီအစဉ်ကို ရေးဆွဲထားရမယ်။ Franchise ရဲ့  သဘော သဘာဝ စနစ်ကို သေသေချာချာလေ့လာရမယ်။ နောက်ပြီး ကိုယ်ချထားတဲ့အစီအစဉ် အတိုင်းဆောင်ရွက်ရမယ်။ ထိုင်းအစားအသောက်က ကမ္ဘာဈေးကွက်မှာ လူသိများတယ်။ ပြီး ကျွန်တော်တို့ မှာ တတ်ကျွမ်းတဲ့ စားဖိုမှူးတွေလည်းအများကြီးရှိတယ်။ အခု၊ Chokdee Dimsum၊ Black Canyon နဲ့  Chai See Bamee Giaw တို့ လိုမျိုး နာမည်ကြီးထိုင်းစားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေကလည်း CLMV နိုင်ငံတွေမှာ ဈေးကွက်ချဲ့ ထွင်နေကြတယ်။ ထိုင်းလူမျိုးတွေက သူတို့ ရဲ့ မြင့်မားသာလွန်တဲ့ဝန်ဆောင်မှုစိတ်ထားတွေကြောင့် လူသိများထင်ရှားကြတယ်။ ဒါက ကျွန်တော်တို့ ဝန်ဆောင်မှုကဏ္ဍအတွက် အကျိုးစီးပွားဖြစ်ထွန်းစေပါတယ်" ဟု ရှင်းလင်းပြောပြပါသည်။

စမာ့တ်ဘရိန်း (Smart Brain) အား ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာ ကိန်းဂဏန်းသင်္ချာများနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည်။ အချက်အပြုတ်ဆိုင်ရာကျောင်း၊ စပါ အကယ်ဒမီ နှင့် သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်ခြင်းဆိုင်ရာဝန်ဆောင်မှုများ ကဲ့သို့ သော ပညာရေး ဆိုင်ရာ franchise လုပ်ငန်းများသည် ပိုမို ၍ အလားအလာကောင်းသည်ဟု Mitaree မှဆိုပါသည်။

စမာ့တ်ဘရိန်း (Smart Brain) franchise အနေဖြင့် Mitaree မှ အထူးဒေသများတွင် စီးပွားရေးဗဟိုငှာနများ တည်ထောင် ရန်အတွက် စီစဉ်ထားရှိပါသည်။ ဥပမာအားဖြင့် ကူဝိတ်နိုင်ငံအား အရှေ့ အလယ်ဒေသဒ ဗဟို၊ နှင့် ယူကေနိုင်ငံအား ဥရောပဈေးကွက်ဗဟိုအဖြစ် ထားရှိခြင်းဖြစ်ပါသည်။

၎င်းမှ "ကျွန်တော်တို့ ရဲ့ ထိရောက်တဲ့သင်တန်းသင်ခန်းစားတွေနဲ့ ဆောင်ရွက်မှုတွေ၊ အရည်အသွေးထိန်းချုပ်မှု တွေ၊ R&D နဲ့ ကောင်းကောင်းလေ့ကျင့်သင်ကြားထားတဲ့ သင်တန်းနည်းပြတွေရဲ့ အားတွေနဲ့  စမာ့တ်ဘရိန်း (Smart Brain) က ကလေးတွေရဲ့ စူးစိုက်မှုအား၊ တွေးခေါ်မြော်မြင်မှုအား၊ မှတ်ဥာဏ်၊ စာရေး စာဖတ် skills တွေကို ဖွံ့ ဖြိုးတိုးတက်စေပါတယ်" ဟု ၄င်းမှဖြည့်စွက်ပြောပြပါသည်။

Currently, Smart Brain has 421 centres in Thailand as well as franchisees in Tunisia, Pakistan, Saudi Arabia, the UK and India. It plans to open new centres in Qatar and UAE in July 2016.

ယခုအခါတွင် ထိုင်းနိုင်ငံ၌ စမာ့တ်ဘရိန်း (Smart Brain) စင်တာပေါင်း ၄၂၁ ခုပြီး တူနီးရှား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ယူကေ နှင့် အိန္ဒိယ နိုင်ငံများတွင်လည်း franchise လုပ်ငန်းများရှိနေပြီဖြစ်ပါသည်။ ၄င်းသည် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ကာတာနှင့် ယူအေအီးနိုင်ငံ၌ စင်တာသစ်များဖွင့်လှစ်ရန်အတွက် စီစဉ်ထားရှိပါ သည်။

ပိုမိုနားလည်သိရှိလိုပါက၊ ကျေးဇူးပြု ၍ www.smartbrain.com နှင့် www.fla.or.th အားလေ့လာဖတ်ရှု နိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

368734