Issue 42

ကျန်းမာရေးနှင့်ဝဲလ်နက်စ်ဝန်ဆောင်မှုလုပ်ငန်းအတော်များများသည် အနားယူအပန်းပြေရန် အတွက်ပင်ဖြစ်ပါသည်။ သို့  သော် လုပ်ငန်းအတွင်းရှိလူများအတွက် အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုအား စဉ်ဆက်မပြတ်တိုးတက်မှုရှိစေရန် ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ပါသည်။

ထိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် ၀ဲလ်နက်စ် ဆိုင်ရာကဏ္ဍသည် ၄င်း၏အရည်အသွေးကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြု ခြင်းကိုခံထားရသည်။ ရရှိထားသည့် ဂုဏ်သတင်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် လုပ်ငန်းအတွင်းရှိ ပညာရှင်များမှ မိမိတို့ ကိုယ်ကိုတိုးတက်မှုရှိစေရန် စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်သင့်သည်။ ထိုင်းစပါအဖွဲ့ အစည်း (Thai Spa Association) ၏အကြီးအကဲမှ ဤကဲ့သို့ ကြိုးပမ်းအားထုတ်ကြရန်အတွက် တိုက်တွန်းထားသည်။

ထိုင်းစပါအဖွဲ့ အစည်း (Thai Spa Association) ၏ ဥက္ကဌလည်းဖြစ်၊ Chiva-Som International Academy ၏ ဈေးကွက်ဒါရိုက်တာတစ်ဦးလည်းဖြစ်သည့် Krod Rojanastien မှ "ဒီလုပ်ငန်း ရေရှည်သဖြင့်အောင်မြင်နေဖို့ ဆိုရင် ကုသမှုအဆီအနှစ်တွေကို ပေးနိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ လူတွေအပေါ်မှာ တဖြည်းဖြည်းနဲ့ မူတည်နေပါတယ်" ဟု ဆိုပါသည်။

ဟွာဟင်း (Hua Hin) ရှိ Chiva-Som International Health Resort အား 2003 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အောင်မြင်မှုများရရှိလာပြီးနောက် (စပါ) လုပ်ငန်းကြီးအတွက် အထောက်အကူဖြစ်စေမည့် အရည်အသွေး အဆင့် အတန်းမီ သင်တန်းကျောင်းကြီးကို စတင်ခဲ့ပါသည်။ ယခုအခါတွင်လည်း British Association of Beauty Therapy and Cosmetology (BABTAC) ၏ပညာရေးဆိုင်ရာငှာနလက်အောက်ခံ အဖွဲ့ တစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ Beauty Therapy နှင့် Cosmetology မဟာမိတ် အဖွဲ့ အစည်း (Confederation of International Beauty Therapy and Cosmetology (CIBTAC)) ၏အသိအမှတ်ပြု ချီးကျူးခြင်းကို ရရှိထားပါသည်။

Rojanastien မှ "သင်တန်းကျောင်းမှာရှိတဲ့ ဘာသာရပ်တွေအားလုံးကို Chiva-Som ရဲ့ စပါနဲ့ ကျန်းမာရေးဆိုင်ရာ စီးပွား လုပ်ငန်းထဲမှာ ဖြတ်သန်းလာခဲ့တဲ့ 19 နှစ်တာကာလ အတွေ့ အကြုံတွေကနေ တဆင့် ထိုင်းစပါ ကုထုံးပညာရှင်တွေကို နိုင်ငံတကာအဆင့်အတန်းကို တက်လှမ်းနိုင်ဖို့ အတွက် တီထွင်ဖန်တီးထားတာဖြစ်ပါတယ်" ဟုဖြည့်စွက်ပြောဆိုပါသည်။

Chiva-Som အကယ်ဒမီကျောင်းသည် အခြားသောကျောင်းများကဲ့သို့ ထိုင်းအနှိပ်ပညာရပ်တစ်ခုတည်းကိုသာမက ခန္ဓာဗေဒနှင့်သက်ဆိုင်သည့် ဗဟုသုတ ကျယ်ပြန့် စွာရှိထားရန်လိုအပ်သည့် စပါကုထုံးကဲ့သို့ သော ကျန်းမာရေး ဆိုင်ရာ အခြေခံကျသည့်ဥပဒေသများကို ကျယ်ကျယ်ပြန့် ပြန့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
"အဓိကအနေနဲ့ သင်တန်းသားတွေက ခန္ဓာဗေဒ နှင့် ဇီဝကမ္မဗေဒကိုနားလည်ထားကြရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့  ပြောရမယ်ဆိုရင် ကိုယ်ခန္ဓာ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ အရိုးဖွဲ့ စည်းပုံစနစ်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ပညာရေးက အသက်ပါပဲ။ အရည်အသွေးအဆင့်အတန်းကလည်း အရေးကြီးပါတယ်။ စပါနဲ့ ကျန်းမာရေးလုပ်ငန်းအတွက် ပညာရေး၊ အရည်အသွေးအဆင့်အတန်း နဲ့ ပြောင်းလဲဆန်းသစ်တာတွေကို အထူးအလေးထားနေပါတယ်" ဟု Rojanastien မှဆိုပါသည်။

အကယ်ဒမီကျောင်းမှ ကုထုံးပညာရှင်များ၏အရည်အသွေးကို မြှင့်တင်ရန်အတွက် စပါကုထုံး၊ ရောဂါ လက္ခဏာ အားလုံးကို ခြုံငုံ သုံးသပ်ကုသသည့် ကုထုံး၊ အလှအပနှင့်ဆိုင်သည့် ကုထုံး အစရှိသည့် ထိရောက်မှုမြင့်မားသည့် ကုထုံးများဆိုင်ရာ သင်တန်းများကို သင်ကြားပို့ ချပေးလျက်ရှိသည်။

Rojanastien မှ "ကျွန်မတို့ ရဲ့ သင်တန်းမှာ အခြေခံ၊ အနှိပ်ကုထုံး၊ အလှအပရေးရာ ကုထုံး၊ ကျန်းမာရေးနဲ့ ဝဲလ်နက်စ် ဆိုင်ရာကုထုံး၊ ကာယကုထုံး၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်ချင်သူတွေအတွက် ဖွံ့ ဖြိုးမှုနဲ့ စီမံခန့် ခွဲမှု ပညာရပ် တွေကို သင်ကြားပို့ ချပေးနေပါတယ်" ဟုပြောပြပါသည်။

"အရည်အသွေးမြင့်မားတဲ့ ကုထုံးပညာရှင်တွေကို မွေးထုတ်ပေးနိုင်ဖို့ အတွက် [ကျွန်မတို့ ကလည်း] ကျွန်မတို့ သင်ကြား ပို့ ချပေးနေတဲ့ ပညာရပ်ဆိုင်ရာတွေရဲ့ သီအိုရီနဲ့ လက်တွေ့ နှစ်ပိုင်းစလုံးမှာ အရည်အသွေးရှိတဲ့ ပညာတွေကို ပေးနေပါ တယ်။ ဒါမှ ဗဟုသုတ နဲ့ ကျွမ်းကျင်မှုရှိတာတင် မဟုတ်ပဲ ဧည့်သည်တွေရဲ့ လိုအပ်ချက်ကိုလည်း ဂရုတစိုက်၊ စိတ်အား ထက်ထက်သန်သန်၊ ရိုးရိုးသားသား နဲ့ ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်" ဟု Rojanastien မှ ဆိုပါသည်။

အကယ်ဒမီကျောင်းကြီး၏အလုပ်မှာ ထိုင်းနိုင်ငံအား နောင်လာမည့်နှစ်များအတွင်း ကျန်းမာရေးနှင့်ဝဲလ်နက်စ်ဈေးကွက် အားဦးဆောင်နေသူဖြစ်ရန်အတွက် ပံ့ပိုးကူညီပေးရန်ပင်ဖြစ်ပါတော့သည်။

ပိုမိုသိရှိလိုပါက www.chivasomacademy.com အားဖတ်ရှုလေ့လာပါ။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

 

 

368510