Issue 69

ဒွိုင်ခမ် (Doi Kham): အဓွန့် ရှည်တည်နေမည့် တော်ဝင် အမွေ

ကွယ်လွန်သွားပြီဖြစ်သော ဘုရင်မင်းမြတ်ကြီး ဘူမိဘော (King Bhumibhol) ချန်ထားရစ်ခဲ့သည့် အမွေအဖြစ် ထိုင်းလယ်သမားများနှင့် ၄င်းတို့ လူမှုအဖွဲ့ အစည်းများ၏ ဘ၀တိုးတက်မြင့်မားလာစေရေး အားဆက်လက်

ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားအဖြစ် ဒွိုင်ခမ် (Doi Kham) ၏ စိတ်ထဲ နှလုံးသားထဲမှခံယူထားပါသည်။

ထိုင်းနိုင်ငံသည် ၄င်း၏ပေါများကြွယ်ဝလှသည့် သစ်သီးများနှင့် သစ်သီးများဖြင့်ပြုလုပ်သည့် ထုတ်ကုန်များ ကြောင့် လူသိများထင်ရှားပါသည်။ တိုင်းပြည်သည် ၂၀၁၆ ခုနှစ်အတွင်း ယူအက်စ်ဒေါ်လာ ၇၄၁ ဒသမ ၇ သန်း တန်ဖိုးရှိ သစ်သီးဖျော်ရည်များကို တင်ပို့ ရောင်းချနိုင်ခဲ့ပြီး၊ ယခင်နှစ်ထက် ၁၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက် လာခဲ့ပါသည်။

ဒွိုင်ခမ် (Doi Kham) အား လွန်လေခဲ့ပြီဖြစ်သည့် တော်ဝင် ဘုရင်မင်းမြတ်ကြီး ဘူမိဘော အဒူရာဒက် (King Bhumibhol Adulyadej) ဦးစီးဦးဆောင်ခဲ့သည့် တော်ဝင်စီမံကိန်း၏ လူမှုစီးပွားရေးလုပ်ငန်းအဖြစ် ၁၉၆၉ ခုနှစ် က စတင်တည်ထောင်ခဲ့ပါသည်။ တောင်သူလယ်သမားများနှင့် ၄င်းတို့ ၏လူမှုအဖွဲ့ အစည်းများ၏ဘ၀ တိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ပြုပြင်ထားသည့် စားသောက်ကုန်များ (processed food products) ကို ရောင်း ချ ပါသည်။ ယနေ့ တွင်၊ ချန်းမိုင် (Chiang Mai)၊ ချန်းရိုင်း (Chiang Rai)၊ စာခွန်နကော် (Sakonnakon) နှင့် ဘူရီရမ် (Burriam) ခရိုင်များတွင် ဒွိုင်ခမ် (Doi Kham) စက်ရုံများမှ လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက် ရှိ ပါသည်။ ၄င်းစက်ရုံများသည် အသင့်သောက် သစ်သီးဖျော်ရည်များ၊ သစ်သီးဖျော်ရည်အဆီများ၊ သစ်သီး ခြောက်များ၊ သစ်သီးယိုများ၊ စည်သွတ်သစ်သီးများ၊ ခရမ်းချဉ်သီးအနှစ်၊ အေးခဲသစ်သီး နှင့် ပဲပိစပ်မှုန့် များကို ထုတ်လုပ်ရန်အတွက် ကျေးရွာ ရာပေါင်းများစွာရှိ တောင်သူလယ်သမားများထံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်း ရွက်များကို ၀ယ်ယူလျက်ရှိသည်။

ဒွိုင်ခမ် (Doi Kham) စားသောက်ကုန်လုပ်ငန်း၏ ဥက္ကဌ နှင့် အလုပ်အမှုဆောင်အရာရှိ (chief executive) ဖြစ်သူ မစ္စတာ Pipatpong Israsena မှ "ကျွန်တော်တို့ ရဲ့ စားသောက်ကုန်တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေက သဘာဝစစ်စစ်ပစ္စည်းတွေပါ။ စားသုံးသူတွေသောက်သုံးတဲ့ ဖျော်ရည်စက်တိုင်းကို ကျွန်တော်တို့ တောင်သူ လယ်သမားတွေရဲ့ စိတ်စေတနာတွေနဲ့ ပြုလုပ်ထားတာပါ" ဟုဆိုပါသည်။

ဒွိုင်ခမ် (Doi Kham) အတွက် ထုတ်ကုန်အရည်အသွေးကောင်းမွန်မှုမှာ ပထမဦးစားပေးဖြစ်သည်။ ထို့ အတွက် ကြောင့် အကောင်းဆုံးသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များရရှိနိုင်မှုအားသေချာစေရန်အတွက် ကုမ္ပဏီမှ တောင်သူလယ်သမားများအား အပြင်ပေါက်ဈေးထက် ဈေးအနည်းငယ်ပိုပေး၍ ၀ယ်ယူသည်ဟု မစ္စတာ Israsena မှဖြည့်စွက်ပြောပြပါသည်။ ကုမ္ပဏီသည် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက် ရေးငှာန (DITP) မှချီးမြင့်သော အထူးသဖြင့် လုပ်ငန်းခွင်ဝန်းကျင်၊ လူမှုဝန်းကျင် နှင့် သဘာဝ ၀န်းကျင်အပေါ် တာဝန်ခံယူမှု များတွင် စိတ်ချယုံကြည်ရသည့် အကောင်းဆုံး အရည်အသွေး အမှတ်သင်္ကေတ ဖြစ်သည့် Thailand Trust Mark (T Mark) ဆုအားလည်းရရှိထားပါသည်။

မစ္စတာ Israsena မှ "ဒွိုင်ခမ် (Doi Kham) က သဘာဝ ၀န်းကျင်အပေါ်မှာ အထူးအလေးထားပါတယ်။ ကျွန်တော်တို့ ရေသန့် စင်ရေးစနစ် (water treatment system) ကို တပ်ဆင်ထားပြီး၊ ရေရင်းမြစ်တွေ သန့်  ရှင်း နေစေဖို့ အတွက် စီမံကိန်းလုပ်ငန်းတစ်ခုကိုလည်း အစပျိုးဆောင်ရွက်ခဲ့ပါတယ်။ လောလောလတ်လတ်မှာ ဆိုရင်၊ ကျွန်တော်တို့ စက်ရုံတွေရဲ့ ခေါင်မိုးတွေပေါ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဆိုလာပြားတွေကို တပ် ဆင်ထားပါပြီ။ ဘန်ကောက်မှာရှိတဲ့ ကျွန်တော်တို့ ရဲ့ ရုံးအဆောက်အဦးကလည်း ရွှေအဆင့် LEED (Leadership in Energy and Environmental Design) အသိအမှတ်ပြုလက်မှတ်ကို ရရှိထားပါတယ်။ အဲဒါ က ဘာလဲဆိုရင်၊ ရင်းမြစ်ကို ကျွမ်းကျင်စွာစီမံခန့် ခွဲနိုင်တဲ့၊ ရေနဲ့ စွမ်းအင်ကို ချွေတာသုံးစွဲတဲ့၊ greenhouse (ဖန်လုံအိမ်) ဂက်စ်ထုတ်လုပ်တာကို လျှော့ချနိုင်တဲ့ အသိအမှတ်ပြုလက်မှတ်ဖြစ်ပါတယ်" ဟုပြောပြပါသည်။

ပြည်တွင်းတွင် ဈေးကွက်အခိုင်အမာရရှိထားသည့် ဒွိုင်ခမ် (Doi Kham) သည် ယခုအခါတွင် ၄င်း၏ လူ့ အဖွဲ့  အစည်းသို့ ပြန်လည်ပေးဆပ်ခြင်းဆိုသည့် အဓိကရည်မှန်းချက်ပန်းတိုင်အား ဦးထိပ်ပန်ဆင်လျက် မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဂျပန် နှင့် တရုတ်နိုင်ငံများကဲ့သို့ သော အခြားသော အာရှ တိုက် ရှိ နိုင်ငံ နယ်ပယ်ဒေသများသို့ ဈေးကွက်ချဲ့ ထွင်လျက်ရှိပါသည်။

"ကျွန်တော် နှစ်ပေါင်း တစ်ရာအတွင်းမှာ ဒွိုင်ခမ် (Doi Kham) ကို လွန်လေတဲ့ ဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက် (King Bhumibhol Adulyadej) ချန်ရစ်ခဲ့တဲ့ အမွေတွေထဲက အမွေတစ်ခုဖြစ်စေချင်ပါတယ်။ လူတွေ မကြာခဏမေးလေ့ရှိတဲ့မေးခွန်းက sustainability (ရေရှည်တည်တံ့ခိုင်မြဲရေး) ကို လက်တွေ့ အကောင် အထည်ဖော်နိုင်ပါ့မလားဆိုတာကိုပါ။ ဒွိုင်ခမ် (Doi Kham) ကသက်သေပါပဲ။ ကုမ္ပဏီက သူ့ ရဲ့ မူဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကနေတဆင့် သူတို့ အတွက် ပိုမိုကောင်းမွန်တဲ့ ဘ၀ကိုဖန်တီးနိုင်ဖို့  တောင်သူလယ်သမား တွေနဲ့ သူတို့ တွေရဲ့ လူမှု အသိုက်အ၀န်းတွေကို ကူညီစောင့်ရှောက်ပေးနေစဉ်မှာပဲ အမြတ်အစွန်းလည်း ရရှိနိုင် တယ်ဆိုတာပါပဲ" ဟု မစ္စတာ Israsena မှပြောကြားပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

366769