Issue 54

၎င်း၏ ကြီးမားကျယ်ပြန့် သည့် စီးပွားရေးဆိုင်ရာကျွမ်းကျင်မှုဗဟုသုတနှင့် ဒေသတွင်းခိုင်မာသည့် ကွန်ယက်ချိတ်ဆက် ထားနိုင်မှုများကြောင့် V-Serve သည် ထောက်ပံ့ပို့ ဆောင်ရေးဈေးကွက်အား ဦးဆောင်သူ ဖြစ်လာစေရန်ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ခုတည်းသောဈေးကွက်အဖြစ်အာဆီယံစီးပွားရေးအသိုက်အ၀န်း (ASEAN Economic Community (AEC)) ကို ဖွဲ့ စည်းတည်ထောင်လိုက်ခြင်းသည် ဒေသတွင်းရှိ ကုမ္ပဏီ အတော်များ များ အတွက်အကျိုးအမြတ်ဖြစ်ထွန်းစေခဲ့ပါသည်။ အထူးသဖြင့် ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ကုမ္ပဏီများဖြစ်သည်။ V-Serve သည် ဤပြောင်းလဲတိုးတက်မှုမှတဆင့် အကျိုးကျေးဇူးရရှိ ခံစား ရန်အတွက်တည်ရှိနေသည်ဟု Tanit Sorat မှယုံကြည်နေပါသည်။

V-Serve အဖွဲ့ ၏ ဥက္ကဌမှ "V-Serve က အာဆီယံဒေသကြီးအတွင်းမှာ နယ်စည်းမခြား ထောက်ပံ့ပို့ ဆောင် ရေးကဏ္ဍအတွက် ရှေ့ ဆောင်ရှေ့ ရွက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်" ဟုဆိုပါသည်။

ကုန် ပစ္စည်းများချောပို့ ပေးသည့် shipping ကုမ္ပဏီလေးမှ ကုန်လှောင်ရုံမှ ကုန်ပစ္စည်းများဖြန့် ဖြူးပေးဝေခြင်း၊ အကောက်ခွန်ရှင်းလင်းပေးခြင်း နှင့် သယ်ယူ ပို့ ဆောင်ပေးခြင်း စသည့်ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်း ကြီးတစ်ခုအား ဆောင်ရွက်နေသည့် V-Serve အား ၁၉၈၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ ပါသည်။

Sorat ၏ပြောကြားချက်အရ ကုမ္ပဏီတွင် ဖောက်သည်ပေါင်း ၇၀၀ လောက်ရှိနေပြီး၊ အဓိကအားဖြင့် မော်တော်ကား၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ဓာတုပစ္စည်း နှင့် စတီးလုပ်ငန်းကဏ္ဍများမှဖြစ်ကာ၊ အများစုမှာ ဂျပန်လူမျိုးများဖြစ်ကြပါသည်။ ကုမ္ပဏီတွင် ဂျပန်နှင့် မြန်မာဖောက်သည်များအတွက် လုပ်ငန်းကောင်တာများ ဖွင့်လှစ်ထားပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု နှင့် ထောက်ပံ့ပို့  ဆောင်ရေးကဏ္ဍများအတွက် ဒေသခံလူမျိုးများ ထံမှ အကြံဥာဏ်များရယူနိုင်ပါသည်။

၎င်းမှ "ကျွန်တော်တို့ ဆီမှာ နိုင်ငံခြားသားတွေကိုဝန်ဆောင်မှုပေးဖို့ အတွက် ဒေသခံလူမျိုးတွေကို ထားရှိရတာ က ဂျပန်လူမျိုးတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အကောင်ဆုံးဝန်ဆောင်မှုကို ပေးအပ်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့်ပါ" ဟုဆိုပါသည်။ ကုမ္ပဏီတွင် ၂၄ နာရီ ထိုင်းနှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် ၀န်ဆောင်မှု ပေး မည့် call centre ကိုလည်းထားရှိထားသောကြောင့် ဖောက်သည်များမှ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ကိုလည်း ဖြည့်စွက်ပြောပြသွားပါသည်။

Sorat မှ AEC သည် ထောက်ပံ့ပို့ ဆောင်ရေးကုမ္ပဏီများအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှု နှစ်ရပ်ကို ဖန်တီး ပေးကြောင်း၊ သို့ သော် V-Serve သည် ဤကြီးမားကျယ်ပြန့် နေသည့်ဈေးကွက်အတွင်း ယှဉ်ပြိုင်အနိုင်ယူရန် အသင့်ရှိနေပါကြောင်း ဆိုပါသည်။

အကြံဥာဏ်များအားဆွေးနွေးပေးအပ်နေသည့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းဖြစ်သည့် Frost & Sullivan မှ ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းသည် ၇.၅% ကြီးထွားလာမည်ဖြစ်ပြီး တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၈၅.၉ ဘီလီယံ တန်ဖိုးရှိသည်ဟု ခန့် မှန်းထားပါသည်။ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် အတွင်း အာရှပစိဖိတ်ဒေသကြီးတစ်ခုလုံးတွင် ယေဘုယျအားဖြင့် ၇.၆%တိုးတက်လာပြီး တန်ဖိုးအား ဖြင့် ၂၀၁၆ ခုနှစ် အတွင်း တွင် အမေရိကန်ဒေါ်လာ ၄ ထြီလျံကျော် ရှိပါသည်။

"ကျွန်တော်ရဲ့ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ယှဉ်ပြိုင်မှုပိုပြီးပြင်းထန်လာမယ်လို့ ထင်ပါတယ်။ ဘာကြောင့်ဆိုရင် လျင်လျင်မြန်မြန်ကြီးထွားလာနေတဲ့ ဒီဈေးကွက်ထဲကို နိုင်ငံခြားက ထောက်ပံ့ပို့ ဆောင်လုပ်ငန်းမှာ ကျွမ်းကျင် ပိုင်နိုင်တဲ့လူတွေကလည်း ထိုးဖောက်ဝင်ရောက်လာနေတဲ့အတွက်ကြောင့်ပါ" ဟု Sorat မှပြောပြပါ သည်။

သို့ သော်၊ V-Serve ၏အားသာချက်များဖြစ်သည့် ဆန်းသစ်တီထွင်မှု၊ လိုက်လျောညီထွေရှိမှု နှင့် ဖောက်သည် စိတ်တိုင်းကျ အရည်အသွေးအဆင့်မီ သည့် ၀န်ဆောင်မှုများ အား ၀န်ထမ်းများ၏ကျွမ်းကျင်မှုနှင့် ပေါင်းစပ် လိုက်ခြင်းဖြင့် ဖောက်သည်များနှစ်သက်စွာရွေးချယ်အသုံးပြုမည့် ၀န်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်လာလိမ့်မည် ဟု ၄င်းမှအခိုင်အမာပြောဆိုပါသည်။

၎င်းမှ "ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်းအရည်အသွေးကို ထိုင်းဈေးနှုန်းနဲ့ ပဲ ပေးအပ်ပါတယ်။ အာဆီယံတိုင်းပြည်တွေမှာ V-Serve ရဲ့ အမာခံ ဒေသခံမိတ်ဖက်တွေရှိနေပါတယ်။ မြန်မာ၊ ပီနန်၊ မလေးရှား၊ နောက်ပြီး စောင်ခလာ့ (Songkhla) မှာရှိတဲ့ စာဒေါင် (Sadao) လို နယ်စပ်ဒေသတွေမှာ ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြားဝန်ဆောင်မှုတွေပေးဖို့ အတွက် ရုံးခန်းတွေဖွင့်လှစ်ထားပါတယ်" ဟု ပြောပြ ပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.v-servelogistics.com အားဝင်ရောက်လေ့လာဖတ်ရှုပါ။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

369122