Issue 53

အာဆီယံနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသည့် အိန္ဒိယ နိုင်ငံသည် တောင်အာရှဈေးကွက်များသို့ ထိုးဖောက်ဝင် ရောက်လိုသည့် ထိုင်းကုမ္ပဏီများအတွက် အလားအလားရှိသည့် ၀င်ပေါက်ထွက်ပေါက်လမ်းတစ်ခုဖြစ်လာ ခဲ့ပါ သည်။

မေလ ၁၂ ရက်နေ့ က ဘန်ကောက်တွင် DFT မှကြီးမှူးကျင်းပခဲ့သော Insight into India နှီးနှောဖလှယ်ပွဲ ၌ တက်ရောက်လာသူ ဧည့်ပရိသတ်များကို နိုင်ငံခြားကုန်သွယ်ရေးငှာန (Department of Foreign Trade (DFT)) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Adul Chotinisakorn မှ "အိန္ဒိယနိုင်ငံက စားသုံးသူတွေက ထိုင်းလူမျိုး ကို နှစ်သက်ကြသလို ထိုင်းကုန်စည်တွေကိုလည်း အရမ်းကိုကြိုက်ကြတယ်။ ဘာကြောင့်ဆိုရင် အရည်အသွေး ကိုယုံကြည်လို့ ပါ။ ထိုင်းနိုင်ငံထုတ်လုပ်တဲ့ နို့ စို့ ကလေးတွေနဲ့ ကလေးတွေအတွက်၊ ဒါ့အပြင် ပန်းကန်ခွက် ယောက် စတဲ့ ထမင်းစား စားပွဲသုံးပစ္စည်း (tableware) တွေ ကို သူတို့ ရဲ့ ဘေးကင်းမှု၊ ခေတ်မီတဲ့ဒီဇိုင်းတွေနဲ့  ပထမတန်းစားအရည်အသွေးတွေကြောင့် အိန္ဒိယမှာ ကောင်းကောင်းကြီး အသိအမှတ်ပြုတာကိုခံရတယ်" ဟု ပြောပြပါသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်ပြီး၊ ခန့် မှန်းခြေအားဖြင့် သန်းပေါင်း ၃၅၀-၄၀၀ ဦးရေရှိသည့် လူများအား အလယ်အလတ်တန်းစား စားသုံးသူများအဖြစ် သတ်မှတ်နိုင်ပါသည်။ ကုန်သွယ်ရေးဝန်ကြီးငှာန၏ အချက်အလက်များအရ အိန္ဒိယ နိုင်ငံသည် ထိုင်နိုင်ငံ၏ ၁၅ ဦးမြောက် အကြီးမား ဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံထိ ရှိခဲ့ပါသည်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးကင်းလွတ်ခွင့်သဘောတူညီမှု (free trade agreement (FTA)) ထားရှိထားပြီး၊ အိန္ဒိယ-အာဆီယံ ကုန်သွယ်ရေးကင်းလွတ်ခွင့်သဘောတူညီမှု (India-ASEAN FTA) သည် ၂၀၁၀ ခုနှစ်မှ စတင် ၍ အသက်ဝင်ခဲ့ပါသည်။ ဤသဘောတူညီမှုကြောင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ စက်ပစ္စည်းများ နှင့် အထည်အလိပ်လုပ်ငန်းများ၏ ပို့ ကုန်သွင်းကုန်များအပေါ် အခွန်စည်းကြပ်ခြင်းအား ပယ်ဖျက်နိုင်ခဲ့ပြီး အိန္ဒိယ နှင့် အာဆီယံနိုင်ငံများကြား ခန့် မှန်းခြေအားဖြင့် ကုန်စည်ပေါင်း ၈၀% အား ကုန်သွယ်နိုင်ခဲ့ပါသည်။

Chotinisakorn မှထိုင်းပို့ ကုန်တင်ပို့ သူများအား လက်ဝတ်ရတနာများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ နှင့် အိမ်အလှဆင် ပစ္စည်းများအား ကြိုက်နှစ်သက်ကြသည့် အိန္ဒိယရှိလူချမ်းသာများအား ဦးတည်ကြရန်အတွက် တိုက်တွန်းအားပေးပါသည်။

၎င်းမှ "အိန္ဒိယဈေးကွက်ကို ထိုးဖောက်ဖို့ အတွက် အမှတ်တံဆိပ်သိရှိအောင်လုပ်တာက အရမ်းကို အရေးပါ ပါတယ်။ နောက်ပြီး ဈေးကွက်ထဲကို ကိုယ့်ရဲ့ ကိုယ်ပိုင်တံဆိပ်ကိုပဲရောင်းချ ပြီးဝင်တာက ပိုကောင်းပါ တယ်။ ထိုင်းအမှတ်တံဆိပ်တွေကလည်း နိုင်ငံတကာအမှတ်တံဆိပ်တွေကြားမှာ အိန္ဒိယက စားသုံးသူတွေ ယုံကြည် ကြတဲ့တံဆိပ်ဖြစ်ပြီး ၀ယ်ဖို့ အတွက်လည်းစိတ်အားထက်သန်ကြပါတယ်" ဟုပြောပြပါသည်။

အိန္ဒိယနိုင်ငံတွင် အဓိကရင်းနှီးမြှပ်နှံမှုများပြုနေကြသည့် ကုမ္ပဏီများတွင် CP Group၊ Delta Electronics၊ Ital-Thai၊ Pruksa Real Estate နှင့် Srithai Superware များပါဝင်ကြပြီး၊ ထိုင်းနိုင်ငံရှိ အဓိက အိန္ဒိယကုမ္ပဏီများ မှာ Tata Group နှင့် Indorama များဖြစ်ကြပါသည်။

အိန္ဒိယနိုင်ငံသည် ကြွယ်ဝချမ်းသာ သည့်စားသုံးသူများမှသည် အလယ်အလတ်တန်းစားနှင့် နိမ့်ပါးသော ၀င်ငွေ ရှိကြသည့် စားသုံးသူများထိ ကွဲပြား ခြားနားသောလူတန်းစားများဖြင့်ဖွဲ့ စည်းထားသော ကြီးမားကျယ်ပြန့်  သောဈေးကွက်ကြီးကို ကိုယ်စားပြုနေ သည်ဟု ချူလာလောင်ကွန်း တက္ကသိုလ်မှ ပရောက်ဖက်ဆာ Piti Srisangnam မှ ပြောဆိုပါသည်။

၎င်းမှ "အိန္ဒိယနိုင်ငံက ဖောက်သည်တွေကို ချဉ်းကပ်ချင်တယ်ဆိုရင် ဒေသခံတွေရဲ့ အကြိုက်နဲ့ လျော်ညီတဲ့ ထုတ်ကုန်ဖြစ်ဖို့ လိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြည်နယ်ပေါင်း ၂၉ ခုရှိပြီး၊ ပြည်နယ်တိုင်းမှာလည်း သူတို့  ဒေသရဲ့  ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေရှိနေတယ်။ နောက်ပြီး ကိုယ်ရဲ့ ကုန်ပစ္စည်းအတွက် အလားအလာကောင်းနိုင် မယ့် ပြည်နယ်ဒေသကို ရွေးချယ်ရပါမယ်" ဟုဆိုပါသည်။

Act East နှင့် Make in India အပါအ၀င် အိန္ဒိယအစိုးရမှချမှတ်ထားသည့် မူဝါဒများသည် အနာဂတ်တွင် တိုင်းပြည်အား ကမ္ဘာ့အဓိကထုတ်လုပ်မှုအချက်အချာနေရာများအနက်မှ တစ်ခုဖြစ်လာ စေမည်ဟု ပရော်ဖက်ဆာ Srisangnam မှယုံကြည်နေသောကြောင့် ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် မော်တော်ကား ထုတ်လုပ် သည့်လုပ်ငန်းကဲ့သို့ သော ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ အတော်များများတွင် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။

၎င်းမှ "ဒီနှစ်နှောင်းပိုင်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံသွားအမြန်လမ်းမကြီး ပြီးတဲ့အခါကျရင် သယ်ယူပို့ ဆောင် ရေးစရိတ်စကကို လျော့ချနိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ အိန္ဒိယအရှေ့ မြောက်ပိုင်းဒေသတွေအကြား ကုန် ပစ္စည်း သယ်ယူပို့ ဆောင်ရတဲ့ ကြာချိန်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်" ဟုဆိုပါသည်။ ၁,၄၀၀ ကီလိုမီတာ ရှည်လျားသည့် ထိုအမြန်လမ်းမကြီးသည် အိန္ဒိယအရှေ့ ပိုင်းရှိ မိုရေးမြို့  (Moreh) မှ မြန်မာနိုင်ငံကို ဖြတ်ကျော် ၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့ ထိ ရှည်လျားသည့်လမ်းမကြီးဖြစ်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

367004