Issue 52

 
 

ထိုင်းနိုင်ငံရှိ ပူးတွဲနိုင်ငံခြားကုန်သည်ကြီးများအသင်း (Joint Foreign Chambers of Commerce in) Thailand (JFCCT)အား ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ၌ စီးပွားရေးကို လွယ်ကူသက်သာ စွာတိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေး အဖွဲ့ အစည်း ၃၃ ဖွဲ့  တို့ မှ ပူပေါင်း အားဖြည့်တည်ထောင်ထားခြင်းဖြစ်ပါသည်။

JFCCT ၏ ဥက္ကဌ Stanley Kang မှ "ကျွန်တော်တို့ ရဲ့ မစ်ရှင်ကတော့ ထိုင်းနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံ မှုတိုးတက်လာစေဖို့ ပဲဖြစ်ပါတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ထိုင်းစီးပွားရေးလုပ်ငန်းတွေချဲ့ ထွင်တာမှာ ကူညီဖို့ အတွက် ထိုင်း ပုဂ္ဂလိက ကဏ္ဍနဲ့ လည်း နီးနီးကပ်ကပ်ဆောင်ရွက်နေပါတယ်" ဟုဆိုပါသည်။

Kang ၏ပြောကြားချက်များအရ၊ JFCCT သည် တော်ဝင်ထိုင်းအစိုးရ အပြင် ကုန်သွယ်ရေးဆိုင်ရာဘုတ်အဖွဲ့  (Board of Trade)၊ ထိုင်းစက်မှုလုပ်ငန်းဖယ်ဒရေးရှင်း၏ ရင်းနှီးမြှပ်နှံမှုဆိုင်ရာဘုတ်အဖွဲ့  (Board of Investment to the Federation of Thai Industries) စသည့်အစိုးရအဖွဲ့ အစည်းများနှင့်လည်းလက်တွဲ ၍ ထိုင်းစီးပွားရေးအကျိုးအမြတ်အတွက် နိုင်ငံခြားအစိုးရအဖွဲ့ အစည်းများအား အကြံဥာဏ်များ နှင့် ထောက်ခံ ချက်များပေးအပ်လျက်ရှိပါသည်။

"ထိုင်းရဲ့ စီးပွားရေးအကျိုးအမြတ်တိုးတက်လာတာနဲ့ အမျှ၊ အဲဒီလုပ်ငန်းစဉ်ထဲမှာပါဝင်သူတွေလည်း တိုးတက် လာမှာဖြစ်ပါတယ်" ဟု Kang မှဖြည့်စွက်ပြောကြားပါသည်။

အဖွဲ့ ဝင်ပေါင်း ၉၀,၀၀၀ ကျော်ရှိသည့် JFCCT သည် ပညာရေးနှင့်ကျွမ်းကျင်မှု (Education & Skills)၊ အလုပ် အကိုင်ခန့် အပ်ရေး (Employment)၊ ICT၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု၊ အသေးစားနှင့်အလတ်စားလုပ်ငန်း များ (SMEs) နှင့် ခရီးသွားလာရေးဆိုင်ရာ ကော်မတီများနှင့် ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်လာစေမည့် ပဏာမ ခြေလှမ်းကို အကောင်အထည်ဖော်ဆောင်ရန်အတွက် တွေ့ ဆုံဆွေးနွေးပွဲများပြုလုပ်ကျင်းပပေးပါသည်။ အကွဲကွဲ အပြားပြားသောကော်မတီများသည် ကုန်သည်ကြီးများအသင်းများ၊ သံရုံးများနှင့် လက်တွဲလျက် ကုန်သွယ်ရေးကင်းလွတ်ခွင့်သဘောတူညီမှုများနှင့် အခြားသော ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများ ပြုရန်၊ နည်းပညာ၊ ဆော့(ဖ်)၀ဲ၊ ဟာ့(ဒ်)၀ဲ နှင့် FinTech (ဘဏ္ဍာရေးဆိုင်ရာနည်းပညာ) ဖွံ့ ဖြိုးတိုး တက်လာစေ ရန်၊ ခရီးသည်များဝင်ရောက်ခြင်းနှင့်ထွက်ခွာခြင်းဆိုင်ရာမူများနှင့်သက်ဆိုင်သည့် အကြံဥာဏ်များပေးအပ်ရန် နှင့် သက်မွေးပညာဆိုင်ရာသင်တန်းများအားအကောင်အထည်ဖော်ဆောင်ရန် အစရှိသည့်လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိပါသည်။

"ကျွန်တော်တို့ ရဲ့ SME ကော်မတီ အတွက်နောက်ဆုံးချမှတ်ထားတဲ့မစ်ရှင်က ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံက လုပ်ငန်း သစ်တွေရဲ့ ကွန်ယက်ကို ချိတ်ဆက်ပေးဖို့ ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်း ၉၀% က SME တွေ ဖြစ်ပြီး၊ ကျွန်တော်တို့ ကော်မတီတွေက ထိုင်းနိုင်ငံ SME လုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်မှုကဏ္ဍကို ထိန်းသိမ်း ထားနိုင် ဖို့ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ က ထိုင်းနိုင်ငံကို ပိုမိုပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံအဖြစ်တွေ့  မြင်နိုင်ဖို့ မျှော်လင့်နေပြီး ပိုပြီးစွမ်းရည်ပြည့်ဝတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု Kang မှဆိုပါသည်။

အာဆီယံစီးပွားရေးအဖွဲ့ အစည်း (ASEAN Economic Community (AEC)) အားတည်ထောင်ဖွဲ့ စည်းခြင်း ဖြင့် နိုင်ငံပေါင်း ဆယ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာစင်မြင့်များထက်တွင် တန်ခိုးသြဇာပိုမိုရရှိလာခြင်းဖြင့် အတူ တကွ အင်အားပိုမိုခိုင်မာတောင့်တင်းလာမည်ဖြစ်ကြောင်း Kang မှဆိုပါသည်။

မဝေးလှသည့်အနာဂတ်ကာလတွင် AEC အတွင်းယှဉ်ပြိုင်မှုအားပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း Kang မှ ဖြည့်စွက်ပြောဆိုပါသည်။

၎င်းမှ "ဒီဟာက ထိုင်းနိုင်ငံအတွက် မိတ်ဆွေတွေအများကြီးရရှိနိုင်မယ့်၊ အိမ်နီးချင်းနိုင်ငံတွေကို ကူညီနိုင်မယ့်၊ နောက်ပြီး AEC အဖွဲ့ ဝင်အဖြစ် စေ့စပ်ညှိနှိုင်းတဲ့နေရာမှာ သြဇာအာဏာ ပိုမိုရရှိလာနိုင်မယ့် အခွင့်အရေး ကောင်းပဲ ဖြစ် ပါ တယ်။ ထိုင်းနိုင်ငံမှာ အရှိန်အ၀ါနဲ့ ယဉ်ကျေးမှုတို့ နှစ်ခုစလုံးအရေးပါတဲ့ ပျော့ပျောင်းတဲ့သြဇာ အာဏာလည်းရှိပါတယ်" ဟုဆိုပါသည်။

ထိုင်းကဏ္ဍများသည် တည်ငြိမ်စွာဖြင့်ဖွံ့ ဖြိုးကြီးထွားနိုင်မည့် အခွင့်အလမ်းရှိကြောင်း ၄င်းမှဆိုသည်။ "ထိုင်းနိုင်ငံ ရဲ့ ခွန်အားကတော့ စူပါစတားလုပ်ငန်း မရှိတာပါ။ အားလုံးကအရမ်းကိုဟန်ချက်ညီနေပါတယ်။ ထိုင်းနိုင်ငံ က အရမ်းကို သာယာလှပပြီး ဘယ်မှာပဲမဆိုရင်းနှီးမြှပ်နှံနိုင်ပါတယ်" ဟု၎င်းမှဆိုပါသည်။

JFCCT သည်လာမည့်နှစ်များတွင် ထိုင်းအစိုးအား ဆက်လက်၍ အကြံဥာဏ်များပေးအပ်သွားမည်ဖြစ်ပါသည်။

Kang မှ "ကျွန်တော်တို့ က ထိုင်းနိုင်ငံရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပေးအပ်မြှပ်နှံထားပြီး၊ အစိုးရအဖွဲ့ အစည်း တွေနဲ့ ဆက်ပြီး ပွင့်ပွင့်လင်လင်းပြောဆိုဆွေးနွေးမှုတွေလုပ်သွားမှာဖြစ်သလို ပိုမိုကောင်းမွန်တဲ့အနာဂတ် အတွက် အတူတကွလက်တွဲဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်" ဟုဆိုပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

368466