Issue 51

နှစ်များမကြာမီအချိန်က အာဆီယံစီးပွားရေးအဖွဲ့ အစည်း (ASEAN Economic Community (AEC)) အားဖွဲ့  စည်းတည်ထောင်လိုက် ခြင်းဖြင့် အာဆီယံသည် ကမ္ဘာအနှံ့ အပြားရှိ နိုင်ငံခြားသားရင်းနှီးမြှပ်နှံသူများ၏ စိတ်ဝင်စား ခြင်းကိုခံလာခဲ့ရပါသည်။

ထိုင်းနိုင်ငံဆိုင်ရာ ထိုင်ပေစီပွားရေးနှင့်ယဉ်ကျေးမှုရုံးကိုယ်စားလှယ် Kelly W. Hsieh မှ "ထိုင်းနိုင်ငံက အာဆီယံ ပြည်မကြီးအတွက် အချက်အချာကျတဲ့နေရာပါ။ သူ့ မှာ ကောင်းမွန်တဲ့အခြေခံအဆောက်အအုံတွေ၊ မြင့်မားတဲ့အရည်အသွေးရှိတဲ့လူ့ စွမ်းအားရင်းမြစ်တွေနဲ့ အစိုးရ်ရဲ့  ထက်သန်တဲ့ရင်းနှီးမြှပ်နှံမှုတွေ အပါအ၀င် အကျိုးကျေးဇူးအမြောက်အမြားရှိနေပါတယ်" ဟု ဘန်ကောက် ဒူးဆစ်ထနီ ဟိုတယ် (Dusit Thani Hotel) တွင် ဧပြီလ ၂၆ ရက်နေ့ ကပြုလုပ်ကျင်းပခဲ့သည့် Taiwan-Thailand Investment Cooperation Forum 2016 တွင်ပြောကြားလိုက်ပါသည်။

ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့ သည် နှစ်ပေါင်းများစွာကပင် အများပြည်သူနှင့် ပုဂ္ဂလိကဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပြုခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်တွင်၊ ထိုင်ဝမ်အစိုးမှ ထိုင်ဝမ်နှင့် အာဆီယံရှိ တိုင်းပြည်များ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုအား တိုးတက်ခိုင်မာစေမည်ဖြစ်ပါသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန၏ပြောကြားချက်အရ ထိုင်ဝမ်သည် ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ၁၃ ဦးမြောက် အကြီးမားဆုံးသောကုန်သွယ်ရေးမိတ်ဖက်ဖြစ်ခဲ့ပါသည်။ သွင်းကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ နှင့် ပို့ ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ဖြင့် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အားရရှိခဲ့ပါသည်။

ရင်းနှီးမြှပ်နှံမှုဆိုင်ရာငှာန၏ ညွှန်ကြားရေးမှူးချုပ် Lien Yu Ping မှ "ထိုင်းနိုင်ငံအတွက် artificial intelligence (AI)၊ မော်တော်ကား၊ သယ်ယူပို့ ဆောင်ရေးနဲ့ စွမ်းအင်ဖူလုံရေး စတဲ့ လုပ်ငန်းအတော်များများမှာ ကျွန်တော် တို့ က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟုဆိုပါသည်။

ထိုင်းနိုင်ငံ၏ရင်းနှီးမြှပ်နှံမှုဆိုင်ရာဘုတ်အဖွဲ့  (Thailand Board of Investment (BOI))အရ ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်အတွင်း ထိုင်ဝမ်၏ ရင်းနှီးမြှပ်နှံမှုဆိုင်ရာလျှောက်လွှာ ၂၇၄ စောင်၏ ပမာဏသည် အမေရိကန် ဒေါ်လာာ ၁.၃၉ ဘီလီယံရှိကြောင်းသိရှိရပါသည်။ အီလက်ထရစ်နှင့် အီလက်ထရွန်နစ်ဆိုင်ရာကဏ္ဍ၊ သတ္တု နှင့် စက်ပစ္စည်းများဆိုင်ရာကဏ္ဍ နှင့် လက်ယာထွက်ကုန်ကဏ္ဍများသည် ထိပ်ဆုံးဆင့်ရှိ ကဏ္ဍသုံးခုဖြစ်ပါသည်။

ဒဲလ်တာ အီလက်ထရွန်နစ် (ထိုင်းနိုင်ငံ) (Delta Electronics (Thailand)) ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ဆိုင်ရာ အရောင်းနှင့်ဈေးကွက်ဒါရိုက်တာဖြစ်သူ Johnny Tam မှ မည်သည့်အတွက် ကမ္ဘာ့အဆင့်ပါဝါ စီမံခန့်  ခွဲရေးဖြေရှင်းနည်းထောက်ပံ့သူမှ ဤဒေသတွင် ထိုင်းနိုင်ငံအား ၁၉၈၈ ခုနှစ်မှစတင်၍ ၄င်း၏အဓိကထုတ်လုပ် ရေး ငှာနချုပ်အဖြစ် ရွေးချယ်ရခြင်း၏အကြောင်းရင်းကိုရှင်းလင်းပြောပြခဲ့ပါသည်။

၎င်းမှ "ထိုင်းအစိုးရက တိုင်းပြည်ထဲမှာ စိတ်ဝင်စားစရာအခွင့်အရေးတွေ အများကြီးပေးပြီး နိုင်ငံရပ်ခြားက စီးပွားရေးလုပ်ငန်းတွေကို အားပေးကူညီနေပါတယ်။ စီးပွားရေးလုပ်ငန်းတွေက ထိုင်းနိုင်ငံကို တန်ဖိုးတက်တဲ့၊ နောက်ပြီးတန်ဖိုးကြီးတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ အချက်အချာနေရာတစ်ခုအဖြစ် အသုံးပြုနေ ချိန်၊ အိမ်နီးချင်းတိုင်းပြည်တွေကိုလည်း ဈေးနှုန်းသင့်တဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ ငှာနချုပ်ဖြစ်နိုင်စေဖို့ အတွက် တိုးချဲ့ နေကြပါတယ်" ဟုဆိုပါသည်။

အလျင်အမြန်ကြီးထွားလာနေသည့် အာဆီယံဒေသတွင်း တွင်ရင်းနှီးမြှပ်နှံကြမည့် ထိုင်ဝမ်လူမျိုးပိုင် ကုမ္ပဏီများ သတိပြုဆင်ခြင်သင့်သည့် အကြောင်းအရာအချို့ ကို Tam မှ အကြံပြုပြောပြထားပါသည်။ "နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာအောင်မြင်ဖို့ ဆိုရင်၊ ကိုယ့်ဆီမှာ ရေရှည်စီးပွားရေးစီမံကိန်းရှိထားရမယ်။ နိုင်ငံရဲ့ ဥပဒေနဲ့  စည်းမျဉ်းစည်းကမ်းတွေကို လေးစားရမယ်။ ဒေသခံတွေနဲ့ သူတို့ ရဲ့ ယဉ်ကျေးမှုကို နားလည်ရမယ်။ နောက်ပြီး သူတို့ တွေနဲ့ အလုပ်လုပ်နိုင်အောင် လေ့လာသင်ယူရမယ်" ဟု၎င်းမှဆိုပါသည်။

ထိုင်ပေရှိ ထိုင်းကုန်သွယ်ရေးရုံး၏ ဒါရိုက်တာဖြစ်သည့် Nannatee Wiboonchutikula မှ ထိုင်း ကုမ္ပဏီများအား ထိုင်ဝမ်ရှိ များပြားလှသည့်စီးပွားရေးအခွင့်အရေးများကို ရယူဆုပ်ကိုင်ရန်အတွက် အားပေးနေပါသည်။

၎င်းမှ "ထိုင်းစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြုပြင်ထားတဲ့စားသောက်ကုန်တွေ၊ ရာဘာထုတ်ကုန်တွေ၊ ပလောပီနံထုတ်ကုန်တွေနဲ့ အလှကုန်တွေကို ထိုင်ဝမ်ကို တင်ပို့ နိုင်တယ်။ နောက်ပြီး အကျိုးအမြတ်သေချာတဲ့ စားသောက်ဆိုင်၊ ထိုင်းအနှိပ်နဲ့ စပါ၊ ထိုင်းထုတ်ကုန်တွေကိုရောင်းချမဲ့ လက်လီဆိုင် အစရှိတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှပ်နှံနိုင်တယ်" ဟုဆိုပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

 

368391