Issue 60

ကမ္ဘာ့ဈေးကွက်အလယ်တွင် ယှဉ်ပြိုင်ရပ်တည်နိုင်ရန်အတွက် ဆန်းသစ်ပြောင်းလဲမှုသည် မည်မျှအရေးပါ ကြောင်း Sipso မှထုတ်ဖော်ပြောကြားထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် နှစ်စဉ် တိုးတက်မှုနှုန်း ၁၀ ရာခိုင်နှုန်း၊ သို့ မဟုတ် ယူအက်စ်ဒေါ်လာ ၂၂ ဒသမ ၈ ဘီလီယံ (ထိုင်းဘတ် ၈၀၀ ဘီလီယံ) ဖြင့် စားသောက်ကုန်တင်ပို့ ရောင်းချသည့်လုပ်ငန်း၏ ကမ္ဘာ့ဦးဆောင်သူဖြစ်စေရ မည်ဟု ဒုဝန်ကြီးချုပ် Somkid Jatusripitak မှ မေလတွင် DITP ကြီးမှူးကျင်းပခဲ့သော THAIFEX-World of Food Asia ၏ ဖွင့်ပွဲ အခမ်းအနားတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

အနာဂတ် စားသောက်ကုန်လုပ်ငန်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ထိုင်းစားသောက်ကုန် ထုတ်လုပ်သူများမှ ဆန်းသစ်ပြောင်းလဲမှုအား အဓိကအစိတ်အပိုင်းကဏ္ဍ အဖြစ်ုမှတ်ယူရန်လိုအပ်ပါ သည်။ Sipso အမှတ်တံဆိပ် အသင့်စား ထိုင်းအချိုပွဲများ နှင့် ဆန်ဖြင့်ပြုလုပ်သည့်စားသောက်ကုန်များကို ထုတ်လုပ်သူ နှင့် ပို့ ကုန်လုပ်ငန်းရှင် မှ ဆန်းသစ်ပြောင်းလဲမှု နှင့်နည်းပညာများတွင် ရင်းနှီးမြှပ်နှံပြုခြင်း၏ အကျိုးကို သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

Sipso အပူပိုင်းဖျော်ရည် ၏ မန်းနေးဂျင်းဒါရိုက်တာ နှင့် Sipso ကုန်အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်သည့် Dararat Piatanom မှ "ကျွန်မက အခြားတိုင်းပြည်တွေဆီကို မတင်ပို့ မီ ထိုင်းလယ်ယာထွက်ကုန် ပစ္စည်းတွေရဲ့ တန်ဖိုး ကို ထပ်မြင့်ပေးချင်တယ်။ နောက်ပြီး အစကတည်းက ဆန်ကလည်း Sipso စားသောက်ကုန်လုပ်ငန်းရဲ့  အဓိက ကုန်ကြမ်းပစ္စည်း ဖြစ်နေပါတယ်။ ကျွန်မတို့ အတွက် စိန်ခေါ်မှုကတော့ မူလအရသာကိုမပျက်စေပဲနဲ့  စားသောက်ကုန်စည်တွေကို ဆိုင်တွေရဲ့ စင်မြင့်ပေါ်မှာ အချိန်ဘယ်လိုကြာကြာထားနိုင်မလဲ ဆိုတာပါပဲ" ဟု ဆိုပါသည်။

၎င်းမှ "စားသောက်ကုန်လုပ်ငန်းမှာ သုတေသန နဲ့ ဖွံ့ ဖြိုးတိုးတက်ရေး (Research and Development (R&D)) လုပ်ငန်းက အရမ်းကိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် အခြားပြိုင်ဘက်တွေရဲ့ အလယ်မှာ ကျွန်မတို့ ရဲ့ ပစ္စည်းတွေကို ထူးခြားထင်ရှားနေစေပါတယ်" ဟုဖြည့်စွက်ပြောပြပါသည်။

၂၀၀၃ ခုနှစ်တွင် ကုမ္ပဏီမှ ၄င်း၏ရောင်းအားအကောင်းဆုံး ခရင်မ်အပြည့်ဆန်ပူတင်းမုန့် အား စတင်ဖြန့် ဖြူးခဲ့ သည်။ နောက်ပိုင်းတွင် ကုမ္ပဏီသည် ထိုင်းအချိုပွဲ၊ ထမင်း၊ ဆန်ဖြင့်ပြုလုပ်ထားသည့် ဖျော်ရည်နှင့် အုန်းရည် များကဲ့သို့ သော ဆန်၊ အုန်းသီးများဖြင့် ပြုလုပ်ထားသည့် စားသောက်ကုန်များစသည်ဖြင့် ၄င်း၏ထုတ်ကုန်များ ကိုတိုးချဲ့ ခဲ့ပါသည်။

"ကျွန်မတို့ ရဲ့ ထုတ်ကုန်တွေက ပတ်ဝန်းကျင်နဲ့ လေထုနဲ့ သဟဇာဖြစ်တဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ ဆိုလိုတာ က စားသုံးသူတွေအနေနဲ့  သူတို့ တွေကို အခန်းအပူချိန်မှာပဲ နှစ်နှစ်လောက်သိမ်းဆည်းထားနိုင်ပါတယ်။ ကျွန်မတို့ ရဲ့ စားသောက်ကုန်တွေကို ခွက်ရဲ့ အဖုံးကိုဖွင့်ပြီး ဘယ်အချိန်တိုင်းမှာဖြစ်ဖြစ် ဘယ်နေရာမှာမဆို စားသုံးနိုင်ပါတယ်။ ပူပူနွေးနွေးစားရတာကိုကြိုက်ရင် မိုက်ခရိုဝေ့ဖ် ထဲမှာထည့်ပြီးနွှေးနိုင်ပါတယ်" ဟု Piatanom မှဆိုပါသည်။

ဦးတည်ထားသည့်နိုင်ငံများ၏ အကြိုက်အရာသာနှင့် ကိုက်ညီမှု ရှိစေရန်အတွက် ကုမ္ပဏီသည် ၄င်း၏ စီးပွားဖက်များနှင့်အတူ အစားအစာချက်ပြုတ်ရောစပ်နည်းများကို ပြင်ဆင်ကိုက်ညှိကြောင်း Sipso အား တည်ထောင်သူမှဖြည့်စွက်ပြောပြပါသည်။

၎င်းမှ "နိုင်ငံတစ်နိုင်ငံစီမှာရှိကြတဲ့ စားသုံးသူတွေကြိုက်နှစ်သက်ကြတဲ့ အရသာနဲ့ အရည်အသွေးတွေက မတူပါ ဘူး။ ဥပမာ၊ နွားနို့ မသောက်သူတွေအတွက် အုန်းနို့ ဆန်ပူတင်းကို ကျွန်မတို့ ထုတ်လုပ်ပြီး ဂျပန်လူမျိုး စားသုံးသူတွေအတွက် ပဲနီစေ့တွေပါဝင်တဲ့ ထိုင်းအချိုပွဲမုန့် တွေကိုထုတ်လုပ်ပါတယ်" ဟုဆိုသည်။

Sipso သည် လက်ရှိတွင် အဓိကအားဖြင့် ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျ နှင့် နယူဇီလန်နိုင်ငံ များနှင့် အခြားနိုင်ငံမြောက်မြားစွာသို့ ၎င်း၏စားသောက်ကုန်များကို တင်ပို့ ရောင်းချလျက်ရှိနေပါသည်။

Piatanom မှ "ကျွန်မတို့ ရဲ့ ရှိပြီးသားဈေးကွက်တွေအပြင် မြန်မာ၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာလည်း ဈေးကွက် အခွင့်အလမ်းတွေကို လေ့လာနေပါတယ်။ ဂျပန်နဲ့ ပိုလန်နိုင်ငံတွေဆီကိုလည်း ကျွန်မတို့ ရဲ့  စားသောက်ကုန်တွေကို မကြာမီမှာ တင်ပို့ ရောင်းချတော့မှာဖြစ်ပါတယ်။ ကျွန်မတို့ ရဲ့ စားသောက်ကုန်တွေကို တင်ပို့ ရောင်းချတဲ့ ဈေးကွက်တွေရဲ့ ကွဲပြားမှုက စီးပွားရေးကျဆင်းမှုရဲ့ အလှည့်အပြောင်းတွေကို အောင်မြင် ကျော်လွှားနိုင်စေပါတယ်။ ဥပမာ၊ ယူအက်စ်ရဲ့ စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ အခြားကြီးထွားလာနေတဲ့ ဈေးကွက်တွေကနေ ၀င်ငွေရှာဖွေနိုင်ခဲ့ပါတယ်" မှပြောပြပါသည်။

အုန်းနို့ အခြေခံစားသောက်ကုန်များ၏ ၀ယ်လိုအားတိုးတက်လာသည်ကို တွေ့ မြင်သည်နှင့်အတူ ထိုင်း အစား အသောက်များ ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားလူကြိုက်များလာစေရန်အတွက် ကောက်ညှင်းပူတင်း၊ ပီလောပီနံ ပူတင်းများ အပါအ၀င် ၄င်း၏ထိုင်းအချိုပွဲမုန့် ဈေးကွက်အတွက် Sipso မှ ပိုမိုအလေးထားဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

"အုန်းနို့ နဲ့ လုပ်တဲ့ အစားအစာရဲ့ အရည်အသွေးကို ထိန်းသိမ်းဖို့ အတွက် မလွယ်လှဘူး။ ဘာဖြစ်လို့ လဲဆိုရင် အုန်းနို့ က သိုးလွယ်လို့ ပါ။ ဒါပေမဲ့၊ ခေတ်မီနည်းပညာကြောင့် Sipso က တာရှည်ခံဆေးတွေသုံးစရာမလိုပဲနဲ့  ဒီလိုမျိုးစားသောက်ကုန်တွေ နှစ်နှစ်လောက်အထားခံနိုင်အောင် လုပ်နိုင်ခဲ့ပါတယ်။ အများနဲ့ မတူ တမူကွဲစွာ တွေးတောနိုင်ရင်တော့ ဘယ်အရာမဆိုဖြစ်လာနိုင်ပါတယ်" ဟု Piatanom ကဆိုပါသည်။

ပိုမိုသိရှိလိုပါက www.sipsothai.com အားဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ သို့ မဟုတ် အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

366905