Issue 59

နိုင်ငံတော်၏စီးပွားရေးအတွက် ထိုင်းဆန်များသည်လည်း ကြီးမားသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

မကြာမီအချိန်ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပြုပြင်ထုတ်လုပ်ထားသည့်လယ်ယာထုတ်ကုန်လုပ်ငန်း ကဏ္ဍအတွက် ထိုင်းဆန်ဖြင့်ပြုလုပ်ထားသည့်ထုတ်ကုန်များကိုတင်ပို့ ရောင်းချသည့် ကဏ္ဍသည် အုန်းသီး၊ ဒူးရင်းသီးများဖြင့် ပြုလုပ်ထားသည့် လုပ်ငန်းများနှင့်အတူ ထိပ်တန်း ကဏ္ဍသုံးခုတွင်အပါအ၀င်ဖြစ်သည်ဟု ဖော်ပြထားပါသည်။

ထိုင်းစီးပွားရေး တက္ကသိုလ်၏ International Trade Studies (အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်း လေ့လာမှု) ဗဟိုစင်တာမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ တွင်ထုတ်ပြန်ခဲ့သည့်ထိုအစီရင်ခံစာတွင် ပြုပြင် ထားသည့်လယ်ယာထွက်ကုန် ပစ္စည်းများမှ ၂၀၁၅ ခုနှစ်တွင် ယူအက်စ်ဒေါ်လာ ၁၁ ဘီလီယံ (သို့ မဟုတ် ထိုင်းဘတ် ၃၈၀ ဘီလီယံ) ရရှိခဲ့ပြီး ပုံမှန်ဖွံ့ ဖြိုးတိုးတက်လာလျက်ရှိသည်ဟု ဖော်ပြထားပါသည်။

Siam Organic မှ ဆန်ဖြင့်ပြုပြင်ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၏ ဈေးကွက်အလားအလာကို တွေ့ မြင်သည့် အတွက် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များအတွင်း အော်ဂဲနစ် Jasberry ဆန်ဖြင့် ပြုပြင်ထုတ်လုပ်ထား သည့်ပစ္စည်းများကို ဖြန့် ဖြူးရောင်းချရန် စတင်ဆောင်ရွက်ခဲ့ပါသည်။ အော်ဂဲနစ်ဆန်ဖြင့် ထုတ်လုပ်မည့် ထုတ်ကုန်များအတွက် ထိုင်းနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ လယ်သမားအနည်းငယ်နှင့် ငါးနှစ်ကျော်ကြာ ပူးပေါင်း ဆောင်ရွက်ပြီးနောက် အော်ဂဲနစ် Jasberry ဆန်၊ ဆန်ဖြင့်ပြုလုပ်ထားသည့်ခေါက်ဆွဲ၊ မုန့်  ဖုတ်သည့် လုပ်ငန်း များအတွက် ဆန်ဖြင့်ပြုလုပ်ထားသည့် ဂျုံမှုန့် များကို ထုတ်လုပ်နိုင်ခဲ့ကာ၊ Jasberry ဆန်လက်ဖက်ရည်ကို လည်း မကြာမီအချိန်ကထုတ်လုပ်နိုင်ခဲ့ပါသည်။

Siam Organic အားပူးတွဲတည်ထောင်သူ Pornthida Wongphatharakul မှ "ကျွန်မတို့ က Jasberry ဆန်ကို ပိုပြီးတန်ဖိုးတက်လာစေချင်တယ်။ ကျန်းမာရေးနဲ့ အော်ဂဲနစ်ထုတ်ကုန်နှစ်ခုစလုံးရဲ့ ဈေးကွက်ထဲမှာ ကျွန်မတို့  ရဲ့  ဆန်နဲ့ လုပ်ထားတဲ့ထုတ်ကုန်တွေက ဆန်စားသုံးသူတွေအတွက် ရွေးချယ်စရာအသစ်တွေဖြစ်လာ ပါလိမ့် မယ်" ဟုဆိုသည်။

Jasberry ဆန်သည် ကျန်းမာရေးအတွက် အထူးသင့်လျော်သောကြောင့် Siam Organic မှ ၄င်းကို ဈေးကွက် တင်ပို့ ခြင်းသည် အရည်အသွေးကောင်းမွန်သည့် ဆန်များအားတင်ပို့ ရောင်းချနေသည့် ထိုင်းနိုင်ငံ၏ ကြီးမား သည့် ဂုဏ်သတင်းကိုတည်ဆောက်ပေးရာရောက်သည်ဟု Wongphatharakul မှ ထင်မြင်ယူဆထားပါသည်။

၎င်းမှ "ကျွန်မတို့ ရဲ့ လက်ဖက်ရည်ကို အော်ဂဲနစ် Jasberry ဆန်နဲ့ လုပ်ထားတာပါ။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်နဲ့  သွေးဖိအားတွေကို အထူးလျော့ကျစေပါတယ်။ဒါ့အပြင် အခြားဆန် တွေထွက် အန်တီအောက်ဆီဒင့် (antioxidant) ပိုပြီးမြင့်မြင့်မားမားပါဝင်တယ်" ဟုပြောပြပါသည်။

Siam Organic ၏ Jasberry ဆန်မှာ ထူးခြားသည်ဟု Wongphatharakul မှဖြည့်စွက်ပြောပြပါသည်။ "ကျွန်မ တို့ က Jasberry ဆန်လက်ဖက်ရည်ကို ပဲလိပ်ပြာ၊ ဂျင်း နဲ့ ကုံကုမံပန်းတွေလို ထိုင်းဆေးဖက်ဝင်အပင်တွေနဲ့  ပေါင်းစပ် ထားတဲ့အတွက် အာဟာရမြင့်မားရုံသာမက ဒီလိုလက်ဖက်ရည်မျိုးတစ်ခါမှ မသောက်ဖူးသူတွေ အတွက်လည်း နှစ်သက်ဖွယ်ရနံ့ ကိုပေးစွမ်းနိုင်ပါတယ်" ဟုဆိုပါသည်။

ထိုဆန်လက်ဖက်ရည်သည် နိုင်ငံတကာဈေးကွက်များတွင် အောင်မြင်လျက်ရှိပြီး ယခုအခါတွင် USDA ၏အသိအမှတ်ပြုလက်မှတ်ကိုရရှိထားပြီဖြစ်ပါသည်။ စားသုံးသူ၏တုံ့ ပြန်မှုမှာလည်းကောင်းမွန်သည်ဟု Wongphatharakul မှဆိုပါသည်။ သို့ သော်၊ ဆန်လုပ်ငန်းရှင်မှ ထိုးဖောက်ဝင်ရောက်ရန်အတွက် ဈေးကွက် သစ်များကိုရှာဖွေလျက်ရှိသကဲ့သို့ ထုတ်ကုန်သစ်များကိုလည်း ဖန်တီးထုတ်လုပ်လျက်ရှိနေပါသည်။

"ကျွန်မတို့ ရဲ့ ဆန်ကို ဟောင်ကောင်ကိုတင်ပို့ တာအပြင် ဥရောပထဲမှာ ဈေးကွက်သစ်တွေကိုလည်း စူးစမ်းရှာ ဖွေနေပါတယ်" ဟု၎င်းမှဆိုသည်။

Wongphatharakul အတွက် ကုမ္ပဏီ၏အဓိကရည်မှန်းချက်တစ်ခုသည် အရှေ့ မြောက်ပိုင်းဒေသတွင်းရှိ ထိုင်း လယ်သမားများကို ပံ့ပိုးကူညီရန်နှင့် ၄င်းတို့ မှ အော်ဂဲနစ်ဆန်ထုတ်လုပ်ရန်အတွက် စိတ်ပါဝင်စားမှုရှိလာကြ စေရန်ပင်ဖြစ်ပါသည်။

၎င်းမှ "ကျွန်မတို့ ထိုင်းအော်ဂဲနစ်ဆန်ကို နိုင်ငံတကာဈေးကွက်တွေထဲမှာရောင်းချင်တယ်။ နောက်ပြီး ထိုင်း လယ်သမားတွေရဲ့ ဘ၀အခြေအနေကိုလည်း ပိုမိုကောင်းမွန်စေချင်တယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.facebook.com/siamorganic အားလေ့လာဖတ်ရှုနိုင်ပါသည်။

Siam Organic Co. Ltd.၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများအားဖော်ပြသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။

 

 

367660