Issue 58

အာဆီယံ၏ MICE ကဏ္ဍသည် စဉ်ဆက်မပြတ်ကြီးထွားလျက်ရှိနေသည့်အတွက် ထိုင်းနိုင်ငံမှလည်း တိုးတက်မှု များဖြစ်ပေါ်နေသည့် ဤ ဈေးကွက်အတွင်းသို့ အထူးသဖြင့် အာဆီယံ စီးပွားရေး အသိုက်အ၀န်းမှတဆင့် ထိုး ဖောက် ၀င်ရောက်နိုင်ရန်အတွက် ကောင်းမွန်စွာပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါသည်။

ကမ္ဘာ နှင့် ဒေသတွင်းဆိုင်ရာ MICE ဈေးကွက်ရှုမြင်သုံးသပ်ချက်မှာ အပြုသဘောဆောင်လျက်ရှိသကဲ့သို့  စဉ်ဆက်မပြတ် တိုးတက်အောင်မြင်မှုများလည်း ရရှိလျက်ရှိပါသည်။ တိုးပွားလာနေသည့် ဘတ်ဂျက်နှင့် ၀င်ရောက် လာသူဦးရေ များသည် လူအများ၏ယုံကြည်စိတ်ချမှုကို ပိုမို ကြီးမားစွာ ရရှိနေကြောင်း၏ သက်သေပင်ဖြစ်ကြောင်း IMPACT Exhibition Management ၏ အထွေထွေမန်နေဂျာ Loy Joon How ဆိုပါသည်။

Thailand Convention and Exhibition Bureau (TCEB) ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာအရ ထိုင်း MICE လုပ်ငန်း သည် ၀င်ငွေ ထိုင်းဘတ် ၈၀ ဘီလီယံ (ယူအက်စ် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ) အားရှာဖွေနိုင်ခဲ့ကြောင်း နှင့် နိုင်ငံ တွင်းသို့ နိုင်ငံတကာ MICE ဧည့်သည်ပေါင်း ၉၀၀,၀၀၀ အားဆွဲဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

How မှ "AEC ရဲ့ အပြုသဘောဆောင်တဲ့ အကြောင်းရင်းကြောင့် အာဆီယံရဲ့  MICE ကဏ္ဍတိုးတက်ကြီးပွားလာ ရတာဖြစ်ပါတယ်။ ဒေသတွင်းဆိုင်ရာ MICE ကဏ္ဍ အဆက်မပြတ်တိုးတက်လာတာနဲ့ အမျှ ထိုင်းနိုင်ငံကလည်း ဒီ တိုးတက်နေတဲ့ဈေးကွက်ထဲကို ၀င်ရောက်ဖို့ အတွက် ပြင်ဆင်ပြီးဖြစ်ပါတယ်။ ဒါပေမယ့်၊ AEC ထဲမှာ ထိုင်းနိုင်ငံ အပါအ၀င် အာရှတိုက်ကြီးမှာ ရှိတဲ့ နိုင်ငံတွေအကြားမှာလည်း ယှဉ်ပြိုင်မှုတွေက များလာပါတယ်" ဟုဆိုပါသည်။

How ပြောပြချက်များအရ အပြည်ပြည်ဆိုင်ရာ MICE ဧည့်သည်အများစုမှာ အာရှဖြစ်ကြောင်းသိရှိရပါသည်။ ၄င်းမှ "ထိပ်တန်း ၁၀ နိုင်ငံက တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ ယူအက်စ်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဂျပန် နဲ့ ဟောင်ကောင် နိုင်ငံတွေပဲဖြစ်ပါတယ်။ အာရှတိုင်းပြည်တွေက ဒီအပြည်ပြည်ဆိုင်ရာ အခမ်းအနားပွဲတွေမှာ အောင်မြင်မှုတွေရကြတယ်" ဟုဆိုသည်။

လက်ရှိတွင် အရှေ့ တောင်အာရှ၌ IMPACT ပြပွဲနှင့် ကွန်ဗင်းရှင်း စင်တာသည် အကြီးမားဆုံးနေရာတစ်ခု အဖြစ် တည်ရှိနေပါသည်။ စင်တာတွင်း အကျယ်အ၀န်းမှာ စတုရန်းမီတာ ၁၄၀,၀၀၀ ကျယ်ဝန်းပြီး ပြပွဲများပြုလုပ်နိုင်သည့် ခန်းမ ၁၂ ခန်း၊ အခမ်းအနားပွဲများပြုလုပ်ကျင်းပနိုင်သည့် အခန်းပေါင်း ၅၆ ခန်း၊ ကျယ်ပြောလှသည့် ကပွဲခန်းမ ၂ ခန်း၊ ရုံတွင်း အားကစားကွင်း ၁ ကွင်း နှင့် အခန်းပေါင်း ၃၈၀ ရှိသည့် ဟိုတယ် တစ်လုံးတို့ ပါဝင်ပါသည်။ အခန်းပေါင်း ၅၈၀ ရှိသည့် ဒုတိယ ဟိုတယ်အား ၂၀၁၇ ခုနှစ် မတ်လတွင် တည်ဆောက်ပြီးစီးနိုင်ရန် ရည်ရွယ်ထား ပါသည်။

နှစ်စဉ်နှစ်တိုင်း၊ ၄င်းနေရာတွင် အခမ်းအနားပေါင်း ၈၀၀ ကျော်အား ပြုလုပ်ကျင်းပကြပြီး ဧည့်ပရိသတ်ပေါင်း ၁၅ သန်း ၀န်းကျင်အား လက်ခံကြိုဆိုနိုင်ခဲ့ပါသည်။ IMPACT အဖွဲ့ ကြီးမှ အခမ်းအနားများနှင့် ပြပွဲများကို စီစဉ်ကျင်းပ ပေးသကဲ့သို နေရာတွင်းနှင့် ပြင်ပနေရာများတွင် ကျင်းပသည့် ပွဲများအတွက် ဧည့်ခံကျွေးမွေးသည့် ၀န်ဆောင်မှု ကို ပေးအပ်လျက်ရှိနေပါသည်။

How မှ "ကမ္ဘာ့စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတွေရဲ့ အထူးသဖြင့် ဆေးဝါးဆိုင်ရာ၊ မော်တော်ကားဆိုင်ရာ နှင့် ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းတွေရဲ့ အစည်းအဝေးတွေကို ကျင်းပဖို့ အတွက် နေရာတောင်းဆိုမှု က စဉ်ဆက် မပြတ်တိုးတက်လာနေပါတယ်။ ကုမ္ပဏီတွေပေါင်းစည်းဆောင်ရွက်နေတဲ့ စိတ်ဝင်စားဖွယ် ခရီးသွားလုပ်ငန်းကဏ္ဍ ကလည်း ကြီးမားလာသလို သူတို့ ရဲ့ စိတ်ဝင်စားဖွယ်ခရီးသွားလာရေးဘတ်ဂျက်ကလည်း တိုးပွားလာနေပါတယ်" ဟုဆိုပါသည်။

IMPACT သည် အခမ်းအနားများနှင့် အစည်းအဝေးညီလာခံပွဲများကျင်းပနိုင်သည့် နေရာတစ်ခုထက် ပိုမိုသည်ဟု How မှ ယူဆထားပါသည်။

၎င်းမှ "အနာဂတ်မှာရရှိလာမယ့် တိုးတက်မှုတွေက ကျွန်တော်တို့ ရဲ့ ဒီနေရာကြီးကို ပြပွဲတွေ၊ အစည်းအဝေးပွဲကြီး တွေပဲကျင်းပနိုင်တဲ့ ဗဟိုနေရာ တစ်ခုအဖြစ်ကနေ ထိုင်းနိုင်ငံရဲ့ အဓိက MICE နဲ့ ရေပန်းခြံ (water theme park)၊ ဖျော်ဖြေရေး ပန်းခြံ၊ အပျော်စီးရွက်လှေ ဆိုက်ကပ်နိုင်တဲ့ တည်းခိုခန်း၊ ဈေးဆိုင်တွေ နှင့် ပိုပြီးများပြားတဲ့ ဟိုတယ် တွေလို စိတ်ဝင်စားစရာကောင်းတဲ့ဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့ အပန်းဖြေအနားယူနိုင်တဲ့ နေရာတစ်ခု အဖြစ် ကိုလည်း ပြောင်းလဲရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟုဆိုပါသည်။

IMPACT စဉ်ဆက်မပြတ်အောင်မြင်ရခြင်း၏ အဓိကအကြောင်းရင်းများမျာ ဖောက်သည်များ၏ စကားသံများကို အလေးထားခြင်းနှင့် ၄င်းတို့  ၏လိုအင် ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ခြင်းများကြောင့်ဖြစ်ကြောင်း How မှ ဆိုပါသည်။

၎င်းမှ "ဧည့်သည်တွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာ၊ သာလွန်တဲ့ အသင်းအဖွဲ့ လုပ်ငန်းအတွက် ကောင်းမွန် တဲ့ မိတ်ဖက်တွေကို အခြေပြုပြီး ပြီးပြည့်စုံတဲ့ ၀န်းကျင်ကို ဖန်တီးတာ၊ ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်တွေကို ရောက်ရှိ အောင်မြင်နိုင်ဖို့  ဆက်နွယ်နေတဲ့ကဏ္ဍအားလုံးနဲ့ သတင်းပေးဆက်သွယ်ပြောဆိုတာ၊လှုံ့ ဆော်အားပေး တာတွေစတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို ကျွန်တော်တို့ကုမ္ပဏီရဲ့ ဓလေ့ယဉ်ကျေးမှုက ဖန်တီးပုံဖော်ပါ တယ်" ဟု ပြောပြပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.impact.co.th အားဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

368223