Issue 57

ကမ္ဘာ့ဈေးကွက်အလယ်တွင် ထိုင်းဆန်ဖြင့် ပြုပြင်ထုတ်လုပ်ထားသည့် ကုန်စည်များ၏ဈေးကွက်သည် ကြီးထွား လာလျက်ရှိနေသည့်အတွက် ထိုင်းဆန်အသုံးပြုကုန်စည်များသည် နိုင်ငံ၏ အလားအလာကောင်းမွန်ဆုံး အိတ်စ်ပို့ လူသုံးကုန်စည်တစ်ခု ဖြစ်လာခဲ့ ပါသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန၏ ကုန်သွယ်ရေး မူဝါဒ နှင့် နည်းဗျူဟာရုံး (Trade Policy and Strategy Office) နှင့် ထိုင်းကုန်သည်ကြီးများ အသင်း၏ နိုင်ငံတကာကုန်သွယ်ရေး လေ့လာသင်ယူမှု တက္ကသိုလ် အတွက် စင်တာ တို့ ၏ ဖော်ပြချက်အရ ဒူးရင်းသီး၊ အုန်းသီးများ နှင့်အတူ၊ ပြုပြင်ထုတ်လုပ်ထားသည့် ဆန်သည် ကမ္ဘာ့ဈေးကွက်တွင် အလားအလာ အကောင်းမွန်ဆုံး စိုက်ပျိုးရေးထုတ်ကုန်သုံးခုတွင် တစ်ခုအပါအ၀င် ဖြစ်ကြောင်းသိရှိရပါသည်။

ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Happy Box သည် ဤကြီးထွားတိုးတက်မှုအား နှစ်အတန်ကြာ စောင့်ကြည့် လေ့လာခဲ့ပြီး၊ နိုင်ငံတကာဈေးကွက်တွင် ထိုင်းဆန်ဖြင့် ပြုလုပ်ထားသည့် စားသောက်ကုန်များကို ဖြန့် ဖြူး ရောင်းချရန်အတွက် တိုက်တွန်းအားပေးရန် စီစဉ်ဆောင်ရွက်နေပါသည်။ ကုမ္ပဏီသည် အထူးသဖြင့် ကောက်နှံစပါးဆန် ဖြစ်သည့် ထိုင်းအော်ဂဲနစ်ဆန် ၏ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိခံစား ခဲ့ရသည့် မိသားစုတစ်စုမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပါသည်။

လေ့လာသင်ယူမှုအား နှစ်ပေါင်းများစွာပြုလုပ်ခဲ့ပြီး၊ စမ်းသပ်မှုများနှင့် အမှားအယွင်းများပေါင်း များစွာအား တွေ့  ကြုံ ဖြတ်ကျော်ပြီးနောက်တွင် ထိုင်းဆန်ဖြင့်အကောင်းဆုံး ပြုလုပ်နည်းအား မိသားစုမှ ရရှိခဲ့ ပါသည်။ Happy Box အား ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကနဦးတွင် ပြည်တွင်းဈေးကွက် ကိုသာ ရည်ရွယ်၍ ထုတ်ကုန်များကို Prize အမှတ်တံဆိပ်ဖြင့် ဖြန့် ဖြူးရောင်းချခဲ့ပါသည်။

Happy Box ၏ လက်ထောက်မန်နေဂျာဖြစ်သူ Salisa Sresthaporn မှ "ကျွန်မတို့ ရဲ့ ပစ္စည်းတွေကို ပထမ ဆုံးစပြီး မိတ်ဆက်တဲ့အချိန်တုန်းက ကျန်းမာရေး ကို အလေးထားတဲ့ ၀ယ်ယူသူတွေဆီက အရမ်း ကောင်း တဲ့ တုံ့ ပြန်မှုကို ရရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ ရဲ့ ပစ္စည်းတွေကို ထိုင်းအော်ဂဲနစ်ဆန်နဲ့ အရည် အသွေး မြင့်မားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အတွက်ကြောင့်ပါ။ ကျွန်မတို့ က ဖုတ်တာ၊ ဒါမှမဟုတ် ကြော်တဲ့နည်းလမ်းတွေအစား ပေါက်ထွက်တဲ့ နည်းစနစ် (popping process) ကိုသုံးတာပါ။ ကျွန်မတို့ ရဲ့  ပစ္စည်းတွေမှာ ဆား (monosodium glutamate)၊ တာရှည်ခံပစ္စည်းတွေနဲ့ အသားဓာတ် (gluten) တွေကို သုံး မထားပါဘူး" ဟုပြောပြပါသည်။

ကုမ္ပဏီမှ ယခုအခါတွင် ထုတ်ကုန်ပစ္စည်းသစ်နှစ်မျိုးဖြစ်သည့် ပေါက်ပေါက်ဆန် (popped rice) နှင့် အော်ဂဲနစ် ဆန် ခရက်ကာများကို Prize အမှတ်တံဆိပ်ဖြင့် မိတ်ဆက်ဖြန့် ဖြူးရောင်းချနေပါသည်။ အားလုံးသော ထုတ်ကုန် ပစ္စည်းများကို ကောက်နှံဂျက်စမင်ဆန်၊ ကောက်နှံဆန်လုံးနီ၊ အော်ဂဲနစ် ဂျက်စမင်ဆန်လုံးညို နှင့် ဆန်လုံးနက် စသည့် ထိုင်းအော်ဂဲနစ်ဆန်များဖြင့် ပြုပြင်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

အာဟာဓာတ်မြင့်မားခြင်း နှင့် အရသာကောင်းမွန်ခြင်းများမှလွဲ၍ Happy Box သည် ထိုင်းနိုင်ငံ၏ အော်ဂဲနစ် စိုက်ပျိုးရေး တရားဝင်ထောက်ခံချက် (Organic Agriculture Certification Thailand (ACT)) ကို ရရှိထား သော စစ်မှန်သည့် အော်ဂဲနစ်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိနေပါသည်။ ၄င်းတို့ ၏ ထုတ်ကုန်များနှင့် ထုတ်လုပ်မှုနည်းစနစ် များအတွက် HACCP၊ GMP၊ Bureau Veritas နှင့် Halal လက်မှတ်များကို ရရှိထားသည့် အတွက် ထုတ်ကုန်အရည်အသွေးအတွက် အာမခံချက်ရှိသကဲ့သို့ ၊ ကမ္ဘာ့ ဈေးကွက်မှလည်း လက်သင့်ခံနိုင် စေပါသည်။

"ကျွန်မတို့ က ကျွန်မတို့ ရဲ့ ထုတ်ကုန်တွေကို နိုင်ငံအတော်များများကို တင်ပို့ ရောင်းချပြီး အရမ်းကောင်းမွန်တဲ့ တုံ့ ပြန်မှုတွေကို ရရှိထားပါတယ်။ ယူအက်စ်နဲ့ အီးယူဈေးကွက်တွေထဲကို ၀င်ရောက်ဖို့ အတွက်လည်း စီစဉ် ထားပါတယ်။ ဘာကြောင့်ဆိုရင် အဲဒီမှာရှိတဲ့လူတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အော်ဂဲနစ်စားသောက်ကုန် တွေကို ပိုမိုရှာဖွေလာတဲ့ အတွက်ကြောင့်ပါ။ အထူးသဖြင့် အသားဓာတ်ကင်းတဲ့ စားသောက်ကုန်တွေပေါ့" ဟု Sresthaporn မှဆိုပါသည်။ ကုမ္ပဏီ၏ အဓိကနိုင်ငံတကာ ဈေးကွက်များ မှာ စင်္ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ မလေးရှား နှင့် အင်ဒိုနီးရှား နိုင်ငံများဖြစ်ကြပါသည်။

ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ကုန်ဈေးကွက် စဉ်ဆက်မပြတ်ကြီးထွားလျက်ရှိသည်နှင့်အတူ Happy Box သည်လည်း ၀ယ်ယူစားသုံးသူများအတွက် ပိုမိုရွေးချယ်စရာများ နှင့် ယ်ယူစားသုံးသူ မျိုးဆက်သစ် များ၏ စိတ်ကျေနပ်စေရေးများအတွက် ၄င်း၏ထုတ်ကုန်ပစ္စည်းများကို ချဲ့ ထွင်ရန်ဆောင်ရွက်လျက်ရှိပါသည်။

"ကျွန်မတို့ သစ်သီးအမျိုးမျိုးအရသာ အဆာပြေစားစရာမုန့် တွေနဲ့ ကျွန်မတို့ ရဲ့ ခရက်ကာမုန့် တွေအတွက် တို့  စားစရာ စတဲ့ ကလေးငယ်အစားအစာ လိုမျိုး ထုတ်ကုန်သစ်တွေကို ထုတ်လုပ်ဖို့ ရှိပါတယ်။ ဆယ်ကျော်သက် ၀ယ်ယူစားသုံးသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ အတွက်လည်း ပိုမိုဆွဲဆောင်မှုရှိတဲ့ နှစ်သက်စဖွယ်ထုတ်ကုန် တွေဖြစ်စေဖို့ အတွက် ပြောင်းလဲဖန်တီးသွားမှာပါ" ဟု Sresthaporn မှဆိုပါသည်။

ထိုင်းဆန်ဖြင့် ပြုလုပ်ထားသည့် စားသောက်ကုန်များသည် ပြည်တွင်း ၌သာမက ပြည်ပနိုင်ငံများ၌ပါ ၀ယ်ယူ စားသုံးသူများ၏ အားပေးမှုများကို ရရှိထားသော်လည်း ရင်ဆိုင်ရမည့် အခက်အခဲရှိနေသေးကြောင်း ငယ်ရွယ် သည့် စီးပွားရေးလုပ်ငန်းရှင်မှ ယုံကြည်နေပါသည်။

၎င်းမှ "ကြီးထွားလာနေတဲ့ ဈေးကွက်ရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့ အတွက် အစိုးရနဲ့  ပုဂ္ဂလိကအဖွဲ့  အစည်းတွေကို လယ်သမားတွေကို အော်ဂဲနစ် ဆန်ပိုပြီး စိုက်ပျိုးကြဖို့ အတွက် ကျွန်မက တိုက်တွန်းစေချင်ပါ တယ်။ အကယ်၍ ဒီဟာသာ အကောင်အထည်ပေါ်လာပြီဆိုရင် ဒီလုပ်ငန်းကဏ္ဍမှာ ထိုင်းဆန်နဲ့ ပြုပြင်ထုတ် လုပ်ထားတဲ့ ကုန်စည်တွေလည်း ဒီ့ထက်ပိုပြီးတိုးတက်လာမှာ အသေအချာပါ" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု ၍ www.moc.go.th အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Happy Box Co., Ltd. ၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများကို ရိုက်ကူးဖော်ပြပါသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။

 

 

365877