Issue 56

ဇိမ်ခံ resort နှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးဂေဟာနှစ်မျိုးပေါင်းစပ်ထားသည့် Vivo Bene သည် ထိုင်းနိုင်ငံတွင် အလားအလာအထူးကောင်းမွန်နေသည့် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက် ပေးမည့်ဝန်ဆောင်မှုဖြစ်ပါသည်။

အေးချမ်းဆိတ်ငြိမ်သည့် ကျေးလက်ဒေသတွင် အပူပိုင်းဒေသဆိုင်ရာသစ်ပင်များအုံ့ ဆိုင်းနေသည့် ပန်းခြံများဖြင့် ပထမတန်းစား resort နှင့် ကျွမ်းကျင်သည့်ပညာများမှစီမံအုပ်ချုပ်သည့် wellness စင်တာ ပေါင်းစပ်ပါဝင်သည့်

Vivo Bene Village ၏ အထွေထွေမန်နေဂျာ Marc H. Dumur မှ "ထိုင်းနိုင်ငံက သူ့ ရဲ့  သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့နွေးထွေးပျူငှာဧည့်ဝတ် ကျေပွန်မှုကြောင့် လူသိများထင်ရှားတယ်။ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့် ရှောက်တဲ့နေရာမှာတော့ ထိုင်းလူမျိုးတွေက အရမ်းကိုထူးခြားပါတယ်" ဟုဆိုပါသည်။

၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ပြီး၊ ၂၀၁၄ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည့် ဆွစ်လူမျိုး စီမံခန့် ခွဲအုပ်ချုပ် ပိုင်ဆိုင်သည့် Vivo Bene သည် ချင်းမိုင်ခရိုင်၊ ဒွိုင်စကက်တွင် တည်ရှိပါသည်။ ဧည့်သည်များအတွက် ကျန်းမာရေး၊ well-being၊ နှင့် အနားယူအပန်းဖြေခြင်းများနှင့် ဆိုင်သည့် ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုများပေး နေသည့် resort တစ်ခုဖြစ်ပါသည်။

Dumur မှ "အ၀တ်အစားဝတ်ပေးတာလိုမျိုး ရိုးစင်းတဲ့ သာမာန်စောင့်ရှောက်ပေးတဲ့ဝန်ဆောင်မှု ကနေ ၂၄ နာရီ စောင့်ရှောက်ကူညီပေးတဲ့ ၀န်ဆောင်မှုတွေကို ကျွန်တော်တို့ ပေးပါတယ်။ ရုပ်ခန္ဓာပိုင်းဆိုင်ရာပြုစုစောင့်ရှောက်မှု ထက်ပိုမိုလိုအပ်တဲ့ cases တွေအတွက် advance care ၀န်ဆောင်မှုတွေလည်းရှိပါတယ်။ ဒီအခြေအနေမျိုးက ဘယ်လိုမှာဖြစ်တတ်လဲဆိုရင် ဧည့်သည်တွေက သူတို့ ကို ပြုစုစောင့်ရှောက်တဲ့သူတွေကို သူတို့ ရဲ့ အခက် ပြဿနာတွေကို ပိုပြီးနက်နက်နဲနဲနားလည်ပေးစေချင်တဲ့အခါ နဲ့ ရှုပ်ထွေးတဲ့စိတ်ခံစားမှုတွေခံစားနေရတဲ့ အခါတွေမှာ ဖြစ်ပါတယ်" ဟုဆိုပါသည်။

Dumur ၏ပြောပြချက်များအရ ကျွမ်းကျင်ဝန်ထမ်းများကို စုဆောင်းရန်မှာ Vivo Bene ၏ အဓိကဦးစားပေး ဆောင်ရွက်ရန်ဖြစ်ကြောင်းသိရှိရပါသည်။ "ကျွန်တော်တို့ အခြားလူတွေရဲ့ လိုအပ်ချက်ကို သဘာဝအလျောက် နားလည်ကူညီပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ ၀န်ထမ်း ဒါမှမဟုတ် caregiver တွေကို ရွေးချယ်ခေါ်ယူပါတယ်။ ထိုင်းလူမျိုးအတော်များများမှာ ဒီအရည်အချင်းရှိတယ်။ သူတို့ တွေက ဝေမျှခံစားပေးနိုင်တယ်။ သံယောဇဉ်လည်း ထားတတ်ကြတယ်။ တတ်စွမ်းနိုင်တယ်။ တက်တက်ကြွကြွလည်းရှိတယ်။ နောက်ပြီး တိုက်တွန်းအားပေးတတ် ကြတယ်။ ကျွန်တော်တို့ ဆီမှာ စုစုပေါင်း ၀န်ထမ်း အယောက် ၇၀ ရှိတယ်။ ၅၀ % က သူနာပြုတွေနဲ့ ဆေးပညာ နဲ့ ဆိုင်တဲ့ အရည်အချင်းပြည့်မီတဲ့ဝန်ထမ်းတွေပါ" ဟု ဆိုပါသည်။ ၄င်းမှ resort တစ်ခုလုံးရှိနေရာများအား မသန်စွမ်းသူများ၊ ၀ှီးချဲဖြင့် သွားလာနေရသူများ အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားပြီး ဘေးအန္တရာယ် ကင်း ၍ လုံခြုံစိတ်ချရပါကြောင်း ဖြည့်စွက်ပြောပြပါသည်။

ဆွစ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံတွင် အရောင်းရုံးခန်းလည်းရှိသည့်အတွက် Vivo Bene ၏ အဓိက ဈေးကွက်မှာ ဥရောပ ဖြစ်နေသည့်အတွက် အံ့သြဖွယ်ကောင်းသည်တော့မဟုတ်ပေ။ ထိုင်းနိုင်ငံတွင် အခြေချ နေထိုင်ကြသည့် ဆွစ်လူမျိုးများမှာလည်း ၄င်း၏အဓိကဈေးကွက်ဖြစ်နေပါသည်။ ၄င်းမှ "ဆွစ်လူမျိုး ၂၀၀၀ ကျော်လောက် ချင်းမိုင်မှာ နေထိုင်နေကြပါတယ်။ ၈၀-၉၀% လောက်က အငြိမ်းစားတွေပါ။ ဒါပေမယ့်၊ ဆွစ်ဇာလန်နိုင်ငံကလူတွေကို ထိုင်းနိုင်ငံကိုလာဖို့ ဖိတ်ခေါ်ရတာက တကယ့်ကို စိန်ခေါ်မှုကြီးတစ်ရပ်ပါ။ ဒါ့ကြောင့် အာရှဈေးကွက်တွေထဲ ထိုးဖောက်ဝင်ရောက်ဖို့ အတွက် စီစဉ်နေပါတယ်" ဟုဆိုပါသည်။

အာရှနိုင်ငံများနှင့် အနောက်နိုင်ငံများကြား သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပုံမှာကွဲပြားသည်ဟု Dumur ဟုယုံကြည်ပါသည်။ အာရှစတိုင် ပြုစုစောင့်ရှောက်ပုံမှာ လူနာများအား အလွန်တရာဂရုစိုက် သည်ဟု၎င်းမှ ထင်မြင်သည်။ ၄င်းမှဆက်လက်၍ "တကယ်ဆိုရင် သူတို့ တွေက လူကြီးတွေလေ။ ကလေးလေးတွေ မဟုတ်ပါ ဘူး။ ဒါကြောင့်၊ သူတို့ တတ်နိုင်တဲ့အလုပ်ကို ပေးလုပ်သင့်တယ်။ မလုပ်နိုင်တဲ့အလုပ်ကိုမှ မင်းကလုပ်ပေးရမှာ။ ဥပမာ၊ သူတို့ လမ်းလျှောက်နိုင်ရင် လမ်းလျှောက်ခိုင်းလိုက်။ လမ်းလျှောက်ရတာ အရမ်းမောမှာစိုးရိမ်ပြီး သူတို့  တွေကို ၀ှီးချဲပေါ်မတင်လိုက်ပါနဲ့ " ဟုပြောပြပါသည်။

ကမ္ဘာတစ်လွှားတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများ၏ ကောင်းမွန်သည့်အနာဂတ်ကို မြင်တွေ့ ရ ကြောင်း Dumur မှပြောပြပါသည်။ ၄င်းမှ "ဒီဟာက တိုးတက်ကြီးပွားလာမှာ။ ဘာလို့ လဲဆိုရင် အနောက်နိုင်ငံ တွေမှာသာမက အာရှတိုင်းပြည်တွေမှာပါ သက်ကြီးရွယ်အိုဦးရေးက အရင်အချိန်တွေကထက် ပိုများလာတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.vivobene.co.th သို့ ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

368443