Issue 55

ထိုင်းကုမ္ပဏီတစ်ခုမှ သဘာ၀၀န်းကျင်ကိုထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေသည့် ကုန်ပစ္စည်းအား ရာဘာပင်မှရရှိ သည့် သစ်ဖြင့်ထုတ်လုပ်ခဲ့ပြီး၊ ယခုအခါတွင် ကမ္ဘာအနှံ့ သို့ တင်ပို့ ရောင်းချနေပြီဖြစ်ပါသည်။

ဆန်းသစ်သည့် ဒီဇိုင်းနှင့် သစ်သားကစားစရာလေးများကို Plan Toys မှ အသုံးမလိုတော့သည့် ရာဘာသစ်မှ တဆင့် အကောင်းဆုံး ကြိုးပမ်းအားထုတ်လေ့လာသင်ယူ၍ ပြောင်းလဲဖန်တီးထုတ်လုပ်နိုင် ခဲ့ပြီဖြစ်ပါသည်။ ၄င်းပြင် "အလေအလွင့်လုံးဝပပျောက်ရေး" (zero waste) ဆိုသည့် ပန်းတိုင်နှင့်အညီ သဘာ၀၀န်းကျင်းအား ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေနိုင်သော ထုတ်ကုန်ကို ဖန်တီးထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။

Plan Toys အားထုတ်လုပ်သူ၊ Plans Creations ၏ မန်းနေးဂျင်း ဒါရိုက်တာဖြစ်သည့် ကိုစင် ၀ီရာပွန်စ၀မ် (Kosin Virapornsawan) မှ "လူ့ အဖွဲ့ အစည်းအတွက် ကောင်းတဲ့အရာပြုလုပ်ဖို့  Plan Toys က ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဖို့ အတွက်လေးလေးနက်နက် အလေးထားပြီး သူ့ ရဲ့ စီးပွားလုပ်ငန်းကိုဆောင်ရွက်နေပါတယ်" ဟုပြောပြပါသည်။

ဗိသုကာပညာရပ်ဆိုင်ရာ နောက်ခံရှိကြသည့် အလုပ်အမှုဆောင်များဖြင့် ကုမ္ပဏီအား ၁၉၈၁ ခုနှစ်တွင် စတင်ဖွဲ့  စည်းတည်ထောင်ခဲ့ပြီး၊ ရေရှည်တည်တံ့သည့် ကမ္ဘာအားဖန်တီးရေးဆိုသည့် ခိုင်မာသော မစ်ရှင်ကို ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါတွင် သစ်သားကစားစရာ ၉၅% အား ယူအက်စ်၊ ယူကေ နှင့် ဂျပန်နိုင်ငံများသို့  တင်ပို့ ရောင်းချလျက်ရှိနေပါပြီ။

ယေဘုယျအားဖြင့် ရာဘာပင်များမှ ရာဘာစေး ကို ၂၅ နှစ်မှ နှစ် ၃၀ အထိထုတ်ယူရရှိနိုင်ပါသည်။ ထို့ နောက် တွင်မူ၊ ရာဘာပင်အများစုကို မီးသွေးပြုလုပ်ရန်အတွက် မီးဖုတ်လိုက်ပြီး၊ ရရှိသည့်တန်ဖိုးမှာလည်း နည်းပါးလှပါ သည်။ ထို့ ကြောင့် Plan Toys သည် သစ်သားကစားစရာလေးများကို ဖန်တီးရန်အတွက် ရာဘာသစ်ကို အသုံး ပြုလိုက်ပါသည်။ ဤသည်မှာ ရေရှည်တည့်တံ့မည် အနာဂတ်ကို ဖန်တီးနိုင်မည့် ကုမ္ပဏီ၏ တမူထူးသည့် လက္ခဏာပင်ဖြစ်ပါသည်။

ဝီရာပွန်စ၀မ် (Virapornsawan) မှ "ကျွန်တော်တို့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ လူ့ အဖွဲ့ အစည်းကို တစ်နည်း တစ်ဖုံနဲ့ တည်ထောင်နိုင်ဖို့ အတွက် ကလေးရဲ့ ဖွံ့ ဖြိုးကြီးထွားမှုအတွက်လည်း အလေးထား ဆောင်ရွက်ပါတယ်။ ကလေးတစ်ယောက်ဖွံ ဖြိုး ကြီးထွားဖို့ အတွက် အဓိကနယ်ပယ်တွေ ကိုယ်ကာယ၊ ပေါင်းသင်းဆက်ဆံရေး နှင့် စိတ်ခံစားမှု၊ အသိဥာဏ်ပညာနဲ့  ဘာသာစကားတွေ ဖြစ်ပါတယ်" ဟုဆိုပါသည်။

မှန်ကန်ကောင်းမွန် သည့် စိတ်ထားရှိခဲ့ပါလျှင် SME (အသေးစားနှင့် အလတ်စားလုပ်ငန်း) များမှ ရေရှည် တည်တံ့ခိုင်မြဲသည့်နည်းဟန်ဖြင့် စီးပွားရေးလုပ်ဆောင်နိုင်ကြောင်း ၀ီရာပွန်စ၀မ် (Virapornsawan) မှဆိုသည်။

၎င်းမှ "အမြတ်အစွန်း၊ လူတွေ၊ ကမ္ဘာ ဂြိုလ်က ရေရှည်တည်တံ့တဲ့ စီးပွားရေးကိုဆောင်ရွက်မယ့် စိတ်ကူးကို အကောင်အထည်ဖော်ဆောင်ဖို့ အတွက် အသုံးပြုရမယ့် အဓိကအခြေခံအကြောင်းရင်းသုံးရပ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ စွမ်းအင်သုံးစွဲမှု နဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို စစ်ဆေးဖို့ အတွက် မဟီဒေါ တက္ကသိုလ် နဲ့  ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အပြင်ကကြည့်မယ်ဆိုရင်၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့စီးပွားလုပ်ငန်းကို လုပ်တာ ကြောင့် ထုတ်ကုန်တန်ဖိုးမြင့်တက်နိုင်မယ်လို့ လုပ်ငန်းရှင်တွေက ထင်မြင်ကြလိမ့်မယ်။ ရေရှည် ရင်းနှီး မြှပ်နှံပြီး လုပ်ကိုင်ရတာကြောင့် တကယ်တမ်းမှာစွမ်းအင် အမြောက်အမြားချွေတာနိုင်ပါတယ်" ဟုဆိုပါသည်။

၎င်း၏ပြောကြားချက်အရ၊ လုပ်ငန်းရှင်များသည် ၄င်းတို့ ၏စီးပွားလုပ်ငန်းအောင်မြင်ကြီးပွားနိုင်ရန်အတွက် ဆန်းသစ်ပြောင်းလဲသည့် စိတ်ကူးအကြံဥာဏ်များ ထုတ်ရန်လိုအပ်ကြောင်း သိရှိရပါသည်။

"ကျွန်တော်တို့  သစ်သားကစားစရာတွေလုပ်ရာကနေထွက်လာတဲ့ လွှစာမှုန့် တွေကို အော်ဂဲနစ်အရောင်တွေ နဲ့  ပေါင်းစပ်ပြီး ကွဲပြားတဲ့မျက်ပြင်သားရှိပြီး ရေဒဏ်ခံနိုင်တဲ့ ကစားစရာသစ်တွေကို ဖန်တီးထုတ်လုပ်ပါတယ်။ အဲဒါ က ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဒီဇိုင်းပါ" ဟုဆိုပါသည်။

SME (အသေးစားနှင့် အလတ်စားလုပ်ငန်း) များမှ ကမ္ဘာဈေးကွက်တွင်းသို့ ထိုးဖောက်ဝင်ရောက်လိုလျှင် ထည့်သွင်းစဉ်စားရမည့် အကြောင်းချင်းရာ သုံးရပ်မှာ မှန်ကန်သော မဟာဗျူဟာကျသည့် မိတ်ဖက်ရှာဖွေခြင်း၊ ဆန်းသစ်ပြောင်းလဲမှု နှင့် ကုန်အမှတ်တံဆိပ် စသည့်အကြောင်းရင်းသုံးရပ်ပင်ဖြစ်ပါသည်။

၎င်းမှ "ကျွန်တော်တို့ နယ်ပယ်တစ်ခုခုမှာ သိပ်ပြီးမကောင်းမွန်နေသည့်တိုင် ကျွန်တော်တို့ ရဲ စီးပွာ့းမိတ်ဖက်ကို ဖောက်သည်တွေနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အောက်ခြေထိလဲကျသွားအောင် မထိုးနှက်သင့်ပါဘူး။ ကျွန်တော်တို့ အတူတကွကြီးထွားသင့်ပါတယ်။ ဈေးကွက်ထဲမှာ ဆန်းသစ်ပြောင်းလဲမှုနဲ့  ကုန်အမှတ်တံဆိပ်က ကိုယ်ရဲ့ ကိုယ်ပိုင် လက္ခဏာကို ထင်ရှားမြင်သာစေနိုင်ပြီး ကိုယ့်ရဲ့ ကုန် ပစ္စည်းနဲ့  ၀န်ဆောင်မှုတွေအတွက် တန်ဖိုးတက်စေနိုင်ပါတယ်" ဟုဆိုပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

368282