Issue 45

Rocky Dolly စတူဒီယိုမှ ကာတွန်းဇာတ်လမ်းဆုရနောက်ကွယ်အသင်းအဖွဲ့မှ သူတို့၏ကာတွန်းစာအုပ်များကို ကလေးသူငယ်များအား ဖျော်ဖြေ သွားသည်ကို ဖော်ပြခဲ့ပါသည်။

"ကာတွန်းစာအုပ်တွေဟာ အမြဲတမ်းအဓိပ္ဗါယ်မရှိဖြစ်နေတာမဟုတ်ပါဘူး။ ဒီစာစောင်တွေဟာ အသိပညာကိုလည်းပေးနိုင်တယ်" လို့ Rocky Dolly စတူဒီယို၏မန်နေးဂျင်းဒါရိုက်တာ Poe Sriwatanathamma ကပြောပြခဲ့ပါတယ်။ ၂၀၁၅ခုနှစ် အာစီယံကာတွန်း ဇာတ်လမ်း အစည်းအရုံးမှ နောက်ဆုံးထွက် ထိုင်းနိုင်ငံ၏ရွေးချယ်ထားသည့်လုပ်ငန်းစီမံကိန်းအပါအဝင် ဆုတွေအများကြီးရရှိပြီးနောက်၊ ကာတွန်း ဇာတ်လမ်းရေးဆွဲသူမှာလည်း ထိုင်းနိုင်ငံရဲ့ ပုံဆွဲခြင်းဆိုင်ရာလုပ်ငန်းက လက်ရှိဘယ်နေရာမှာတည်ရှိနေသည်ကို အနည်းငယ်သိရှိခဲ့ပြီ ဖြစ်ပါသည်။

"ကျတော်ကတော့ ထိုင်းကာတွန်းရေးဆွဲခြင်းလုပ်ငန်းမှာ ပိုပြီးတီထွင်ဖန်တီးနိုင်သည့်အလုပ်အင်အားကို ပိုပြီးမြင်ချင်တယ်၊"လို့ ထိုင်း နိုင်ငံမှာ ကောင်းမွန်သောထုတ်လုပ်မှုနည်းစနစ်များရှိသော်လည်း၊ ကာတွန်းတစ်ပုဒ်၏ပုံပြင်ဇာတ်လမ်း နှင့် ဇာတ်ကောင်တိုးတက်မှုမှာ အားနည်းနေသေးကြောင်း၊ သူကပြောကြားခဲ့ပါသည်။

အမေရိကန်စတူဒီယို The Little Airplane Production နှင့် The Studio NYC တွင် အလုပ်သင်ဝင်ပြီးနောက်၊ Poe Sriwatanathamma နှင့် Rocky Dolly စတူဒီယိုဒါရိုက်တာ Chaiyalap Chanyam တို့က ၂၀၁၃ ခုနှစ်တွင် ကိုယ်ပိုင်တီထွင်နိုင်စွမ်းရှိသော အိမ်ပုံစံဒီဇိုင်းကို ဖန်တီးရန် စိတ်ပါလာခဲ့ပြီး၊ ၎င်း၏အမည်မှာ သူတို့၏ပထမဆုံးသောလုပ်ငန်းစီမံကိန်းမှ ယူခဲ့ခြင်းဖြစ်ပါသည်။
Rocky Dolly သို့မဟုတ် ထိုင်းဘာသာဖြင့် Lomlook ဇာတ်ကားသည် ကလေးသူငယ်များအတွက် 2D ကာတွန်းဇာတ်လမ်းတိုသာ ဖြစ်သည်။ ၎င်းသည် ၂၀၁၃ခုနှစ် Digimedia ပြိုင်ပွဲတွင် ပထမဆုကိုဆွတ်ခူးခဲ့သည်။
ကာတွန်းဇာတ်လမ်းလေး၏ပုံပြင်မှာ သူငယ်ချင်း၊ မိသားစု၊ ရပ်ရွာအသိုင်းအဝိုင်းအကြောင်းနှင့်၊ ကျောင်းမနေခင်ဘဝ ကောင်းမွန်သောခံစားချက်အနေအထားနှင့်အတူ ပရိသတ်တို့ကို ရှင်းလင်းစွာ အာရုံစိုက်ထားပါသည်။
"ကျတော်တို့တတွေ ကာတွန်းတွေကိုပဲထုတ်လုပ်တာမဟုတ်ပါဘူး၊ ဇာတ်ကောင်တို့၏ထူးခြားချက်ကိုဖော်ပြခြင်းကိုသာ ပြုလုပ်တာပါ။
ဇာတ်ကောင်တွေအတွက်ကိုလည်း တန်ဖိုးထားဖန်တီးရေးဆွဲထားပါတယ်၊" "ကျတော်တို့ရဲ့ ပရိသတ်ပစ်မှတ်ကတော့ ကျောင်းမနေရ သေးတဲ့ကလေးသူငယ်တွေ၊ အသက် လေးနှစ် နှင့် ၆ နှစ်ကြားအတွက်ဖြစ်တယ်။ ဤအဖွဲ့မျိုးမှာဆိုရင် ယှဉ်ပြိုင်မှုကလည်း နည်းတာကို တွေ့ရတယ်၊ ပြီးတော့ ကျတော်တို့တတ်ကျွမ်းတဲ့သတင်းအချက်အလက်ပေးနိုင်ပြီး၊ အသုံးဝင်သောအကြောင်းအရာနှင့်အတူ ရိုးရှင်းသော ဒီဇိုင်းနဲ့လည်း ရေးဆွဲအသုံးပြုနိုင်တယ်၊"လို့ Chanyam က ပြောပြထားပါတယ်။

Lomlook ကိုဖန်တီးတုန်းကဆိုရင်၊ အဖွဲ့လိုက် ဓလေ့ရိုးရာထိုင်းကာတွန်းဇာတ်လမ်းထုတ်လုပ်ရေးနည်းပညာများမှ လမ်းကြောင်း ပြောင်းခဲ့ရသည်။ "နိုင်ငံခြားကာတွန်းဇာတ်ကောင်တွေဆိုရင် ကလေးတွေရဲ့စိတ်ပညာလေ့လာမှုကိုရည်ညွှန်းထားတာတွေ့ရတယ်။ ထိုင်းနိုင်ငံကနဲ့တော့ ကွာတာပေါ့၊ ကျတော်တို့ကအများဆုံး ကာတွန်းရေးဆွဲသူတို့ရဲ့ စိတ်ကူးဖန်တီးမှုကိုပဲဦးစားပေးတာကိုး" လို့ Chanyam က သူ၏အမြင်မှာ ကလေးတွေကို ပုံပြင်လေးတွေကဘယ်လိုအကျိုးသွားသက်ရောက်တတ်တယ်ကို ပြည်တွင်းက ကာတွန်း ရေးဆွဲသူတို့က ဦးစားမပေးကြသည့်အကြောင်းတွေကိုလည်း ပြောပြခဲ့ပါသေးသည်။
"ကျတော်တို့အတွေးအခေါ်တွေနှင့်ဥာဏ်ကွန့်မြူးမှုကိုဘယ်လိုရှာကြသလဲဆိုတာတော့ ကာတွန်းဇာတ်လမ်းမျိုးစုံကိုကြည့်ပြီး နည်းပညာ တွေကိုသင်ယူဖို့ကြည့်ဖြစ်တယ်၊ကလေးတစ်ယောက်ရဲ့စိတ်ပညာပိုင်းဆိုင်ရာသုတေသနကိုလည်းလေ့လာပြီး၊ကာတွန်းဇာတ်လမ်းတစ်ပုဒ် ကိုဖန်တီးဖို့အတွက် ကျောင်းမတက်ခင်ကလေးသူငယ်များ၏အရွယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့အမူအကျင့်တွေကို လေ့လာခြင်းဖြင့် ရှာကြရတာဖြစ်တယ်၊"လို့ သူကဆိုခဲ့ပါတယ်။ စတူဒီယိုမှာလည်း ကလေးသူငယ်၏စိတ်ပညာရှင်တစ်ဦးကို တီထွင်ဖန်တီး လုပ်ဆောင်မှု အတွက် တိုင်ပင်ခံအဖြစ်အလုပ်ခန့်အပ်ထားပါသည်။
Sriwatanathamma ကတော့ အသစ်အဆန်းလုပ်ဆောင်မှုချဉ်းကပ်နည်းလမ်းတစ်ခုကိုဖန်တီးရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသန အပေါ်အာရုံသာထားရှိနေကြစဉ်၊ ပုံပြင်ဇာတ်လမ်း၏အခြေခံသဘောတရားများအမြင်ကိုဘယ်တော့မှမပျောက်ပျက်သင့်ပါဘူးဆိုတာကို ယုံကြည်ထားပါတယ်။

သူကတော့ "အရေးကြီးဆုံးကတော့ ပုံပြင်တစ်ပုဒ်ကိုဆွဲဆောင်နိုင်မှုတစ်ခုကို ဘယ်လိုဖန်တီးရမယ်ဆိုတာပါပဲ။ တစ်မူထူးခြားသော ဒီဇိုင်းများ နဲ့ အထူးပြင်လှည့်ကွက်များက အကြီးအကျယ်ဖြစ်လာမယ့်အနေအထားကိုခေါ်ဆောင်လာတာမဟုတ်ဘူး။ ပုံပြင်တစ်ပုဒ်ရဲ့ ဆိုလိုရင်းအကြောင်းအရာကိုနားလည်လျှင်၊ ၎င်းတန်ဖိုးကိုလည်း နားလည်လာလိမ့်မှာဖြစ်တယ်။" လို့ ပြောဆိုခဲ့ပါသေးတယ်။

အချက်အလက်ပိုအတွက် www.rockydolly.co.th ကိုသွားလည်ကြည့်ပါ။

ဆောင်းပါး - Natthinee Ratanaprasidhi

 

368975