Issue 44

57 ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီး နီးကပ်လာသည်နှင့်အမျှ၊ လုပ်ငန်း ကျွမ်းကျင်သူပညာရှင်များမှ တိုင်းပြည် ကမ္ဘာ့စင်မြင့်အလယ်တွင် မျက်နှာပန်းသာရေးအတွက် မျှော်လင့်စောင့် စားလျက်ရှိနေကြပါသည်။

ထိုင်းကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းသည် လာမည့်နှစ်အနည်းငယ်အတွင်းတွင် အာဆီယံတွင်သာမက ကမ္ဘာ၌ပင် အချက်အချာဗဟို ဖြစ်လာမည့်လမ်းကြောင်းပေါ်တွင်ရှိ နေသည်ဟု Suttipong Damrongsakul မှ ယုံကြည်နေပါသည်။ "ကျွန်တော်တို့ ထိုင်းနိုင်ငံက ကျောက်မျက်နဲ့ လက်ဝတ်ရတနာ အချက်အချာဗဟို ဖြစ်ရမယ် ဆိုတဲ့ ပန်းတိုင်ကိုရောက်ဖို့ အတွက် အကြောင်းအရာတစ်ချို့ အပေါ်မှာ ပိုပြီးအလေးထားဖို့ ပဲလိုပါတယ်" ထိုင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာ ကူးသန်း ရောင်းဝယ်ရေး အဖွဲ့  (Thai Gem and Jewelry Traders Association (TGJTA)) ဥက္ကဌ မှ ၄င်း၏ လုပ်ငန်းဆိုင်ရာစီမံကိန်းများအကြောင်းကို ပြောပြပါသည်။

"ပထမအနေနဲ့ ကျွန်တော်တို့ ကျွမ်းကျင်လုပ်သားတွေနဲ့ ဒီဇိုင်နာတွေကို ပိုပြီးမွေးထုတ်ရမယ်။ ဒုတိယအနေနဲ့ ၊ ကျောက်ရိုင်းလိုမျိုး ပစ္စည်းတွေ ပြတ်လပ်မှုမရှိအောင် နည်းလမ်းရှာကြံရမယ်။ တတိယအနေနဲ့ က ထုတ်လုပ်သူနဲ့  တင်ပို့ သူတွေအတွက် ဈေးကွက်နိုးကြားလာအောင်ဆောင်ရွက်ပေးရမယ်။ စတုတ္ထအချက်အနေနဲ့  လုပ်ငန်းကြီး အတွက် အထောက်အကူဖြစ်စေဖို့ ဥပဒေကို ပြင်ဆင်ရမယ်။ နောက်ဆုံးအချက်အနေနဲ့ က နည်းပညာတိုးတက် လာအောင်နဲ တီထွင်ဆန်းသစ်မှုတွေလုပ်နိုင်အောင် အားပေးရမယ်" ဟု ၄င်းမှ ဆိုပါသည်။

သို့ သော်၊ လက်ရှိတွင် ၄င်းအနေဖြင့် အစိုးရနှင့် လက်တွဲဆောင်ရွက်နိုင်ရန်အတွက် အလေးထားဆောင်ရွက်လျက် ရှိသည်။ ယခုနှစ်တွင် အဆိုပြုထားသည့် ဥပဒေများကို အတည်ပြုပေးရန်အတွက် မျှော်လင့်နေသည့် ၄င်းမှ "အခု ကျွန်တော်တို့ ရဲ့ ဦးစားပေးကတော့ စက်၊ ပစ္စည်းကိရိယာတန်ဆာပလာတွေ နဲ့ ရွှေကြိုးတွေအတွက် တင်သွင်းခွန် 20%၊ ဖြတ်ထားတဲ့ကျောက်တွေအတွက် VAT 7% ပယ်ဖျက်ပေးမဲ့ ဥပဒေကို အာရုံစိုက်ဖို့ အတွက်ပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းတွင် တိုင်းပြည်၏ အလွန်အရေးပါသည့် ကုန်စည်များ တင်ပို့  ရောင်းချခြင်း ကဏ္ဍ သည်လည်း ပါဝင်နေပါသည်။ Damrongsakul မှ "လက်ဝတ်ရတနာလုပ်ငန်းက မော်တော်ကား၊ အီလက်ထရွန်နစ်ပစ္စည်းတွေပြီးရင် တန်ဖိုး ဘတ် ဘီလီယံပေါင်း 35 ဘီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 98 ဘီလီယံ) နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ 2015 ခုနှစ်မှာ လုပ်ငန်းကြီး က 3% ကျော်တိုးတက်ခဲ့ပြီး 2016 ခုနှစ်မှာ 3% ကနေ 5% အထိ တိုးတက်လာဖို့ အတွက် ကျွန်တော်တို့  မျှော်လင့်နေပါတယ်" ဟုပြောဆိုပါသည်။

ထိုင်းနိုင်ငံအား ကျောက်မျက်နှင့်လက်ဝတ်ရတနာ များ၏အချက်အချာဗဟို ဖြစ်စေမည့် ထိရောက်သည့်ဆောင် ရွက်မှုများတွင် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသည့် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲကြီး (Bangkok Gems and Jewelry Fair (BGJF)) သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ၄င်းသည် အာရှတွင် ဒုတိယမြောက်အကြီးမားဆုံးလုပ်ငန်း ပြပွဲကြီးလည်းဖြစ်ပါသည်။ "BGJF က အပြည်ပြည်ဆိုင်ရာ B2B ကုန်စည် ပြပွဲ ကြီးဖြစ်ပါတယ်။ ထိုင်း လက်ဝတ်ရတနာပစ္စည်းတွေ၊ လက်မှုအနုလက်ရာတွေနဲ့  ဈေးကွက်မြင့်တင်ပေးမယ့် လက်နက် တစ်ခုလည်းဖြစ်ပါတယ်" ဟု Damrongsakul မှဆိုပါသည်။ 57 ကြိမ်မြောက် BGJF ပြပွဲကြီးအား IMPACT Exhibition နှင့် Convention Center တွင် ဖေဖော်ဝါရီလ 24 ရက်မှ 28 ရက်နေ့ များအထိ ပြုလုပ် ကျင်းပ သွားမည်ဖြစ်ပါသည်။

၎င်း၏ပြောကြားချက်များအရ ထိုင်းနိုင်ငံအား အခြားသောတိုင်းပြည်များထက် သာလွန်စေမည့် ထူးခြားသည့် အမွေအနှစ်များရှိသည်ဟု သိရပါသည်။ "ကျွန်တော်တို့ ရဲ့ ကျောက်မျက်နဲ့ လက်ဝတ်ရတနာလုပ်ငန်းကြီးရဲ့ အား ကတော့ ထိုင်းလူမျိုးတွေရဲ့ ကျွမ်းကျင်မှုအရည်အချင်းပါပဲ။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ၀ယ်သူတွေကလည်း ဒါကို အသိအမှတ်ပြုလက်ခံကြတယ်။ ထိုင်းနိုင်ငံကလည်း ဒေသတွင်းမှာ စင်္ကာပူ၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတွေနဲ့  ယှဉ်လိုက်မယ်ဆိုရင် စီးပွားရေးလုပ်လို့ ကောင်းတဲ့နိုင်ငံတစ်နိုင်ပါပဲ။ စီးပွားရေးသမားတွေအတွက် စရိတ်စက တွေက ပိုပြီးသက်သာတယ်။ ထိုင်းနိုင်ငံက AEC အတွက် ဗဟိုအချက်အချာဖြစ်ရုံမက AEC+6 အတွက်လည်း ဗဟို အချက်အချာဖြစ်ပါတယ်" ဟု၎င်းမှဆိုပါသည်။

ထိုင်းနိုင်ငံ၏ ကျောက်မျက်၊ လက်ဝတ်ရတနာနှင့် အဖိုးတန်သတ္တု များဆိုင်ရာအဖွဲ့ အစည်း (the Gems, Jewelry and Precious Metal Confederation of Thailand (GJPCT)) ဥက္ကဌ ဖြစ်သည့် Somchai Phornchindarak မှ ယခုကဲ့သို့ "အနုလက်ရာတွေပဲ မကဘူး ကျွန်တော်တို့ က Ploi Thai လို့ ခေါ်တဲ့ အရောင်ရှိတဲ့ကျောက်တွေကို အပူနဲ့  အရောင်ပိုထွက်အောင် လုပ်ပေးတဲ့ နည်းပညာတွေလို ဆန်းသစ်မှုတွေကြောင့်" ထိုင်းနိုင်ငံသည် ကမ္ဘာ့အလယ် တွင် ဂုဏ်သတင်းကောင်းဖြင့်ကျော်စောနေရသည်ဟု ဆိုပါသည်။

လုပ်ငန်းကြီးတွင် အနှစ် 40 ကျော်လုပ်သက်ကြာမြင့်ခဲ့ပြီဖြစ်သော ကျွမ်းကျင်သူ၏ ပြောဆိုချက်အရ BGJF သည် နှစ်စဉ် နှစ်တိုင်းပြောင်းလဲတိုးတက်လာနေပါသည်။ "အခု ကျွန်တော်တို့ မှာ ပြပွဲမှာ ၀င်ရောက်ပြသမဲ့သူပေါင်း 25,000 ရှိတယ်။ 65% က ပြည်တွင်းက ကုမ္ပဏီတွေဖြစ်ပြီး 35% ကနိုင်ငံရပ်ခြားကဖြစ်တယ်" ဟု ပြပွဲ ဒီဇိုင်း အပြင်အဆင် ကိုဖော်ပြရင်းဆိုပါသည်။ Ananta Samakhom Throne Hall တွင် မိဖုရားကြီး သီရိခေတ်မှ ထိုင်းလက်မှုအနုပညာလက်ရာများကို အားပေးပံ့ပိုးကြောင်းကို ပြသရန်အတွက် the Art of Kingdom မှ ထိုင်းရိုးရာစဉ်လာ အလွန်တရာလက်ရာမြောက်လှပသည့် ပစ္စည်းများ ကို ပြသထားမည်ဖြစ်ပါသည်။ ကျောက်မျက် မြို့ တော် လေလံပွဲ (Gemopolis Auction) နှင့် ပတ္တမြားညီလာခံ များသည်လည်း ယခုနှစ်အတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်ရပ်များအဖြစ် ပါဝင်မည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက www.bangkokgemsfair.com အား လေ့လာဖတ်ရှုနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

 


 

 

368424